နိုင်ငံတော် ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H. E. Ms. Ma Jia တို့ မေ ၂၀ ရက်ကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းပိုမိုခိုင်မြဲစေရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးကဏ္ဍပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
