Monday, August 17, 2026

မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်မည်ဟု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းနည်းပြချုပ်...

ရန်ကုန်၊ ဩဂုတ် ၁၇ AFC Women's Champions League 2026/27 Preliminary Stage Group (F) ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန်...

လေးမျက်နှာမြို့နယ်၌ ရေဘေးသင့်နှင့် ရေဘေးရှောင်စခန်းဖွင့်ထားသည့် ဘုန်းတော်ကြီးကျောင်း၊...

လေးမျက်နှာ၊ ဩဂုတ် ၁၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား...

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉...
HomeMoviesနှစ် ၁၀၀ မျှော်မှန်းချက်ပါဝင်သည့်...

နှစ် ၁၀၀ မျှော်မှန်းချက်ပါဝင်သည့် မာစတာပလန်မူဘောင်ကို ဟိုချီမင်းစီးတီး အတည်ပြု

ဟနွိုင်း၊ မေလ ၁၈ ရက်

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟိုချီမင်းစီးတီးသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းရေရှည်တည်တံ့ပြီး ဆန်းသစ်တီထွင်မှုရှိကာ နေချင်စဖွယ်ကောင်းသော မဟာမြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲရန် နှစ် ၁၀၀ မျှော်မှန်းချက် ထည့်သွင်းထားသည့် ၂၀၂၅-၂၀၅၀ မာစတာပလန် မူဘောင်ကို အတည်ပြုလိုက်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် VnEconomy က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

မြို့တော်ပြည်သူ့ကော်မတီက အတည်ပြုခဲ့သည့် အဆိုပါမူဘောင်အရ ဟိုချီမင်းစီးတီးသည် ၂၀၂၅ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း ဒေသတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန် (GRDP) ကို တစ်နှစ်လျှင် အနည်းဆုံး ၁၀ ရာခိုင်နှုန်း နှုန်းဖြင့် တိုးတက်ရန် ရည်မှန်းထားသည်။ အခြေအနေများ ကောင်းမွန်ပါက ၂၀၅၀ ပြည့်နှစ်တွင် စုစုပေါင်း GRDP သည် အမေရိကန်ဒေါ်လာ ၁.၂ ထရီလျံခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါမူဘောင်သည် ဟိုချီမင်းစီးတီးကို ခိုင်မာသောစီးပွားရေးတိုးတက်မှုနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး မျှတမှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဟန်ချက်ညီညီ ထိန်းညှိရင်း စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့အတွက် ဒေသတွင်း အဓိကဗဟိုချက်ကြီးတစ်ခု ဖြစ်လာစေရန် မျှော်မှန်းထားသည်။

ထို့ပြင် ခေတ်မီအခြေခံအဆောက်အဦ၊ စမတ်ကျသော စီမံအုပ်ချုပ်မှုစနစ်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည် မြင့်မားမှုတို့ ပါဝင်သော ဗဟိုချက်ပေါင်းစုံ မြို့ပြပုံစံကြီးတစ်ခု ဖော်ဆောင်ရန် ရည်ရွယ်ထားပြီး ပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းကို အရှေ့တောင်အာရှတွင် အမြင့်မားဆုံးစာရင်းဝင် ဖြစ်လာစေရန် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံသားများ၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ရန်လည်း ရည်မှန်းထားသည်။

အဆိုပါ မူဘောင်စီမံကိန်းသည် စတုရန်းကီလိုမီတာ ၆,၇၀၀ ကျော်ရှိသော မြို့ပြအုပ်ချုပ်ရေးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အနာဂတ်တွင် ပင်လယ်ပြင်ကို မြေဖို့၍ နယ်မြေချဲ့ထွင်မည့် နေရာများကိုပါ လျာထားသည်။ အစီရင်ခံစာအရ ၂၀၅၀ ပြည့်နှစ်တွင် ထိုမြို့၏ လူဦးရေသည် ၂၀ သန်းမှ ၂၂ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်မည်ဟု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းနည်းပြချုပ် ပြော

ရန်ကုန်၊ ဩဂုတ် ၁၇ AFC Women's Champions League 2026/27 Preliminary Stage Group (F) ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းနည်းပြချုပ် Kumiko Tashiro က ပြောသည်။ ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏအားကစားကွင်း၌ ပြုလုပ်သည့် ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် Kumiko Tashiro က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီပွဲမှာ အနိုင်ရဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ အသင်းတိုင်းကလည်း အနိုင်ရဖို့ ပြင်ဆင်လာကြတာဖြစ်တဲ့အတွက် လွယ်ကူတဲ့ပွဲတော့ မဟုတ်ပါဘူး။...

လေးမျက်နှာမြို့နယ်၌ ရေဘေးသင့်နှင့် ရေဘေးရှောင်စခန်းဖွင့်ထားသည့် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း ၁၀၂ ကျောင်းရှိ၊ အလှူငွေကျပ် ၈၁၈ သိန်း လှူဒါန်း

လေးမျက်နှာ၊ ဩဂုတ် ၁၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း ၁၀၂ ကျောင်း ရှိကြောင်း သိရသည်။ အဆိုပါကျောင်းများအတွက် ပုသိမ်မြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ အလှူငွေကျပ် ၈၁၈ သိန်းကို ဩဂုတ် ၁၅ ရက်က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ လှူဒါန်းရရှိသည့် အလှူငွေကျပ် ၈၁၈ သိန်းကို ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071