Sunday, July 19, 2026

ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက် လွတ်လပ်စွာ...

မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)က တောင်သူများအနေဖြင့် မိုးစပါး၊ ဝါနှင့် မိုးသီးနှံများ စိုက်ပျိုးရာတွင် အဓိကအသုံးပြုလျက်ရှိသော ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများကို...

ထရမ့်ပ်ဖိတ်ကြားချက်အရကမ္ဘာ့ဖလားဗိုလ်လုပွဲမက္ကဆီကိုသမ္မတ တက်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို သူ တက်ရောက်မည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘွမ်းက ပြောကြားခဲ့သည်။       ရှိန်းဘွမ်းသည်...

နယ်စပ်အငြင်းပွားမှုဖြေရှင်းရန်ထိုင်းနှင့်ကမ္ဘောဒီးယားကို ရှီ တို-က်တွန်း

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များကို တစ်ရက်တည်းတွင် တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့၏ နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်နိုင်ငံစလုံးကို တို-က်တွန်းခဲ့သည်။       ယမန်နှစ်က အငြင်းပွားမှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း...

စုစည်းညီညွတ်သည့်တိုင်းပြည်တစ်ခုဖြစ်ရန် အားလုံးညီညွတ်ဖို့လိုဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

စုစည်းညီညွတ်မှုရှိသည့်တိုင်းပြည်တစ်ခုဖြစ်စေရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်ဂါရဝပြုပြီးနောက် မီဒီယာများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများသည်...
HomeNewsLocal Newsနီပေါက ဒေသတွင်းချိတ်ဆက်မှု၊ ရာသီဥတုပြောင်းလဲမှု...

နီပေါက ဒေသတွင်းချိတ်ဆက်မှု၊ ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးနှင့် နီပေါ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

ရှီးဇန်း၊ ဇူလိုင် ၁၇

တရုတ်နိုင်ငံ၊ ရှီးဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Nyingchi) မြို့တွင် ဇူလိုင်လ ၁၇ ရက် နေ့က ကျင်းပသည့် (၁၅) ကြိမ်မြောက် တရုတ်-ရှီးဇန်း Trans-Himalaya အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ နီပေါနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ် ရူဘီ ကူမာရီ (Rubi Kumari) က မိန့်ခွန်းပြောကြားခဲ့ပြီး ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းတုံ့ပြန်ရေးနှင့် နီပေါ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ဆက်လက်တိုးမြှင့်ရေးတို့ကို အလေးထား ပြောကြားခဲ့သည်။

အဖွဲ့ဝင် (၅) ဦးပါ နီပေါလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်လာသည့် ဒုတိယဥက္ကဋ္ဌ ရူဘီ ကူမာရီက Trans-Himalaya ဒေသသည် ရှေးဟောင်းယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူချင်းချိတ်ဆက်မှုများ အစဉ်အလာကြီးမားသည့် ဒေသတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဟိမဝန္တာတောင်တန်းများသည် နိုင်ငံများကို ခွဲခြားထားခြင်းမဟုတ်ဘဲ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူယှဉ်တွဲနေထိုင်ရေးကို ချိတ်ဆက်ပေးသည့် တံတားတစ်စင်းအဖြစ် ရပ်တည်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ရာသီဥတုပြောင်းလဲမှုသည် ဟိမဝန္တာဒေသအတွက် အရေးပေါ်ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်ကြောင်း၊ ရေခဲတောင်များ အလျင်အမြန် အရည်ပျော်လာခြင်း၊ ရေခဲကန်ပေါက်ကွဲရေလွှမ်းမိုးမှုများ၊ ဇီဝမျိုးစုံကွဲပြားမှု လျော့နည်းလာခြင်းနှင့် ရေအရင်းအမြစ်ဆိုင်ရာ ပြဿနာများကို ဒေသတွင်းနိုင်ငံများ ပူးပေါင်းဖြေရှင်းရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယင်းအပြင် ဟိမဝန္တာဒေသ၏ သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ်များနှင့် ရိုးရာအသိပညာများ၊ အထူးသဖြင့် Amchi ရိုးရာတိုင်းရင်းဆေးပညာစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် ပညာရေးနှင့် သုတေသနအဖွဲ့အစည်းများအကြား ပူးပေါင်းသုတေသနများ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ရထားလမ်း၊ လေကြောင်း၊ စွမ်းအင်ကွန်ရက်နှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ အပါအဝင် ဘက်စုံချိတ်ဆက်မှုသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ နီပေါနိုင်ငံသည် တောင်အာရှ၊ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် အလယ်အာရှတို့ကို ဆက်သွယ်ပေးသည့် သဘာဝတံတားတစ်စင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံသည် ရပ်ဝန်းနှင့်လမ်းမ (BRI) စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အခြေခံအဆောက်အဦ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်းဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် နီပေါနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ဆက်လက်ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံ သမိုင်းဝင်ယဉ်ကျေးမှုဆက်ဆံရေးတွင် မင်းသမီး ဘရိကူတီ (Bhrikuti) နှင့် ပညာရှင် အာနီကို (Arniko) တို့၏ အခန်းကဏ္ဍကိုလည်း အမှတ်တရ ပြောကြားခဲ့သည်။

“လူနှင့်သဘာဝ သဟဇာတအတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို မျှဝေရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၆ ရက် နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် အဆိုပါဖိုရမ်တွင် စိမ်းလန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ဖိုရမ်ကာလအတွင်း ဒုတိယဥက္ကဋ္ဌ ရူဘီ ကူမာရီသည် ရှီးဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီအတွင်းရေးမှူး ဝမ်ကျွင်းကျန့် (Wang Junzheng) နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပြီး နီပေါကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကတ်မန်ဒူးမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက် လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ထား

မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)က တောင်သူများအနေဖြင့် မိုးစပါး၊ ဝါနှင့် မိုးသီးနှံများ စိုက်ပျိုးရာတွင် အဓိကအသုံးပြုလျက်ရှိသော ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများကို ဒေသအလိုက် လုံလောက်စွာ၊ လွတ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ပေးထားကြောင်း အသိပေးထားသည်။ MFSPEA ၏ ထုတ်ပြန်ချက်အရ တောင်သူများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဒေသအသီးသီးတွင် လုံလောက်စွာ ရရှိနိုင်စေရန် စီစဉ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာဒေသများ၌ အဆင်ပြေစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ဝယ်ယူရေးနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသော...

ထရမ့်ပ်ဖိတ်ကြားချက်အရကမ္ဘာ့ဖလားဗိုလ်လုပွဲမက္ကဆီကိုသမ္မတ တက်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို သူ တက်ရောက်မည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘွမ်းက ပြောကြားခဲ့သည်။       ရှိန်းဘွမ်းသည် မက္ကဆီကိုစီးတီးတွင် သူ့နိုင်ငံအသင်းက တောင်အာဖရိအသင်းကို ၂-၀ ဖြင့်အနိုင်ရခဲ့သော ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကိုမူ တက်ရောက်ခဲ့ခြင်းမရှိဘဲ သူ၏ လက်မှတ်ကို ဌာနေတိုင်းရင်းသား အမျိုးသမီးတစ်ဦးကို ပေးအပ်ခဲ့သည်။          “ဒါက အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတက တိုက်ရိုက်ဖိတ်ကြားတာဖြစ်လို့ ကျွန်မသွားဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ရှိန်းဘွမ်းက မက္ကဆီကို မီဒီယာကို ပြောဆိုသည်။ “ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေးလည်း အဲဒီမှာရှိနေမှာဖြစ်ပြီး...

နယ်စပ်အငြင်းပွားမှုဖြေရှင်းရန်ထိုင်းနှင့်ကမ္ဘောဒီးယားကို ရှီ တို-က်တွန်း

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များကို တစ်ရက်တည်းတွင် တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့၏ နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်နိုင်ငံစလုံးကို တို-က်တွန်းခဲ့သည်။       ယမန်နှစ်က အငြင်းပွားမှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား အ‌ေ-သအပျေ-ာက်အများဆုံး တို-က်ပွဲအဖြစ်သို့ အရှိန်မြင့်သွားခဲ့ရာ၌ စစ်သားနှင့် အရပ်သား ၁၀၀ ကျော် သေဆုံးကာ ရာနှင့်ချီ၍ ဒ-ဏ်ရာရရှိခဲ့သည်။      ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရရှိခဲ့သော အပ-စ်အခတ်ရပ်စဲရေးသည် အများအားဖြင့် တည်တံ့နေသော်လည်း သဘောတူညီချက်ကို ချိုးဖေ-ာက်သည်ဟု နှစ်ဖက် အပြန်အလှန်စွပ်စွဲနေကြဆဲဖြစ်သည်။        သောကြာနေ့က ရှန်ဟိုင်းတွင် ကျင်းပသော ကမ္ဘာ့ AI ညီလာခံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071