တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များကို တစ်ရက်တည်းတွင် တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့၏ နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်နိုင်ငံစလုံးကို တို-က်တွန်းခဲ့သည်။
ယမန်နှစ်က အငြင်းပွားမှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား အေ-သအပျေ-ာက်အများဆုံး တို-က်ပွဲအဖြစ်သို့ အရှိန်မြင့်သွားခဲ့ရာ၌ စစ်သားနှင့် အရပ်သား ၁၀၀ ကျော် သေဆုံးကာ ရာနှင့်ချီ၍ ဒ-ဏ်ရာရရှိခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရရှိခဲ့သော အပ-စ်အခတ်ရပ်စဲရေးသည် အများအားဖြင့် တည်တံ့နေသော်လည်း သဘောတူညီချက်ကို ချိုးဖေ-ာက်သည်ဟု နှစ်ဖက် အပြန်အလှန်စွပ်စွဲနေကြဆဲဖြစ်သည်။
သောကြာနေ့က ရှန်ဟိုင်းတွင် ကျင်းပသော ကမ္ဘာ့ AI ညီလာခံ၏ ပြင်ပတွင် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်နှင့် တွေ့ဆုံရာ၌ မစ္စတာရှီက နှစ်နိုင်ငံစလုံး၏ ရေရှည် ဘုံအကျိုးစီးပွားအလို့ငှာ ပဋိပက္ခကို ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်ဆွေးနွေးမှုများလုပ်ရန် ၎င်းက တောင်းဆိုခဲ့ပြီး တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ထို့အတူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် သီးခြားတွေ့ဆုံခဲ့မှုတွင်လည်း ၎င်းက အလားတူ သတင်းစကားကို ပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ညှိနှိုင်းဖြေရှင်းချက်ကို ထောက်ခံကြောင်း ထပ်လေ-ာင်းပြောကြားခဲ့သည်။
မစ္စတာရှီ၏ တောင်းဆိုချက်ကို မစ္စတာ အနူတင်က တုန့်ပြန်ခဲ့ရာ၌ ထိုင်းနိုင်ငံသည် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ မျှတပြီး ဘက်မလိုက်သော ရပ်တည်ချက်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆွေးနွေးညှိနှိုင်းမှုကို အားပေးအားမြှောက်ပြုခြင်းနှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် ကူညီပေးသည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း မစ္စတာ ဟွန်မာနက်က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဆွေးနွေးမှုနှင့် တင်းမာမှုလျှော့ချရေးတွင် ဆက်လက်ကတိကဝတ်ပြုထားမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
