Monday, July 20, 2026

မော်လိုက်မြို့ရှိ ဝန်ထမ်းများနှင့် ဒေသခံများကို သက်...

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဒေသခံများအား ဇူလိုင် ၁၈ ရက်မှစတင်၍ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကိုရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်ထွေအုပ်ရုံး၌ အိမ်ထောင်စုတစ်စုလျှင် စားအုန်း...

ပွင့်ဖြူမြို့နယ်တွင် စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးထက်မြှင့်တင်ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ် ဆေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချမှုရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ...

အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှ...

ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ် မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှပေးဝေခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့်...

ထရမ့်ပ်ဖိတ်ကြားချက်အရကမ္ဘာ့ဖလားဗိုလ်လုပွဲမက္ကဆီကိုသမ္မတ တက်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို သူ တက်ရောက်မည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘွမ်းက ပြောကြားခဲ့သည်။       ရှိန်းဘွမ်းသည်...
HomeNewsLocal Newsယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက်...

ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက် လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ထား

မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)က တောင်သူများအနေဖြင့် မိုးစပါး၊ ဝါနှင့် မိုးသီးနှံများ စိုက်ပျိုးရာတွင် အဓိကအသုံးပြုလျက်ရှိသော ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများကို ဒေသအလိုက် လုံလောက်စွာ၊ လွတ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ပေးထားကြောင်း အသိပေးထားသည်။

MFSPEA ၏ ထုတ်ပြန်ချက်အရ တောင်သူများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဒေသအသီးသီးတွင် လုံလောက်စွာ ရရှိနိုင်စေရန် စီစဉ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာဒေသများ၌ အဆင်ပြေစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ဝယ်ယူရေးနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသော တောင်သူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၆၆၅၄၀၇၈၉၀ သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း MFSPEA က အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လိုက်မြို့ရှိ ဝန်ထမ်းများနှင့် ဒေသခံများကို သက် သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဒေသခံများအား ဇူလိုင် ၁၈ ရက်မှစတင်၍ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကိုရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်ထွေအုပ်ရုံး၌ အိမ်ထောင်စုတစ်စုလျှင် စားအုန်း ဆီ(၂)ပိဿာနှုန်းဖြင့် ပြင်ပပေါက်ဈေးထက်ဈေးနှုန်းသက်သာစွာ ဇူလိုင် ၂၀ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးထက်မြှင့်တင်ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ် ဆေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချမှုရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီအရောင်းဆိုင်များအားစစ်ဘဆေးခဲ့ကြပြီးနောက် လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ စားအုန်းဆီများကိုရောင်းချရာ၌ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း စနစ်တကျရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှ ပေးဝေ

ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ် မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှပေးဝေခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကာ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအ နားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်လကြီးဦးမောင်မြင့်၊ ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်တို့တက်ရောက်ကြည်ညိုပူဇော်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီးလှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာယူပြီး ကျဆုံးလေပြီးသော ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071