Saturday, August 1, 2026

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...

မုတ်သုန်လေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက် ဖြန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက်ဖြန် သြဂုတ် ၂ ရက်မွန်းတည့်ချိန်အထိ နေရာကွက်ပြီးမိုးကြီးနိုင်သည်ဟု မိုးဇလ၏ ယနေ့ သြဂုတ် ၁...

ဂူဂယ်လ်ကဂြိုဟ်တုဓာတ်ပုံ AI နည်းပညာသစ်ကို ပြန်လည်ရုပ်သိမ်း

ဩဂုတ်လ ၁ ရက် Google Earth အသုံးပြုသူများအနေဖြင့် ဂြိုဟ်တုဓာတ်ပုံများပေါ်တွင် AI နည်းပညာဖြင့် ပုံရိပ်များကို စိတ်ကြိုက် ဖန်တီးပုံဖော်နိုင်သည့် လုပ်ဆောင်ချက်သစ်တစ်ရပ်ကို သတင်းအမှားများ...

ကန့်ဘလူမြို့နယ်တွင် မိုးရာသီ အစေ့ထုတ်ပြောင်း ၉၁,၄၁၄...

ကန့်ဘလူ၊ ဩဂုတ် ၁ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧကနှင့် ဖူးစားပြောင်း ၄၈၅ ဧက...
HomeNewsLocal Newsနိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာအားကစားသမားများကိုဂုဏ်ပြုချီးမြှင့်

နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာအားကစားသမားများကိုဂုဏ်ပြုချီးမြှင့်

   
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံ၌ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတို့တွင်ဆုရရှိခဲ့ကြသော နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာအားကစားသမားများကို ယနေ့ သြဂုတ် ၁ ရက်နံနက်ပိုင်းကဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
   
၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁) ခုနှင့်ကြေးတံဆိပ် (၃) ခုရရှိခဲ့သော ဘိလိယက်နှင့် စနူကာအားကစားသမားများ၊ အုပ်ချုပ်၊နည်းပြအဖွဲ့ဝင်များနှင့်၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လအတွင်းက တရုတ်နိုင်ငံ၌ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတွင် 1st Runner -up (ဒုတိယဆု) ရရှိခဲ့သည့်မောင်ဘုန်းမြင့်ကျော် (ခ) အားတီတို့အားဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။
   
ရန်ကုန်တိုင်း၀န်ကြီးချုပ်ဦးအောင်နိုင်သူက (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်အသင်းလိုက် ရွှေတံဆိပ်ဆုရ ဦးပေါက်စ၊ ကိုအောင်ဌေးနှင့် ကိုနေသွေးဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၃၀၀)၊ တရုတ်နိုင်ငံ၌ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတွင် 1st Runner-up ဆုရ မောင်ဘုန်းမြင့်ကျော်အား ဂုဏ်ပြုချီးမြှင့်‌ငွေကျပ်သိန်း (၁၀၀) ချီးမြင့်ခဲ့ကြောင်း သိရသည်။
   
ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦး‌‌ကျော်ကျော်စိုး၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်တို့ကလည်း ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေး စီစဉ်နေ

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS News က ဖော်ပြထားပါတယ်။ သတင်းရင်းမြစ်တွေ ပြောပြချက်အရ "အမေရိကန်နဲ့ အစ္စရေးဟာ အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အခုချိန်ထိ အပြင်းထန်ဆုံးဖြစ်လာမယ့် ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဖို့ စီစဉ်နေပါတယ်။ဒီတိုက်ခိုက်မှုတွေကို ပိတ်ရက်တစ်လျှောက်လုံးမှာ လုပ်လာနိုင်တယ်" လို့ ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရေနံချက်စက်ရုံတွေ အပါအဝင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အဓိကထားပြီး ပစ်မှတ်ထားလာနိုင်တယ်လို့လည်း သတင်းရင်းမြစ် နှစ်ခုက...

မုတ်သုန်လေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက် ဖြန် သြဂုတ် ၂ ရက်မွန်းတည့်ချိန်အထိ နေရာကွက်ပြီးမိုးကြီးမည် 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက်ဖြန် သြဂုတ် ၂ ရက်မွန်းတည့်ချိန်အထိ နေရာကွက်ပြီးမိုးကြီးနိုင်သည်ဟု မိုးဇလ၏ ယနေ့ သြဂုတ် ၁ ရက်ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင်လည်း မနက်ဖြန် မွန်းတည့်ချိန်အထိ နေရာကွက်၍မိုးကြီးနိုင်ကာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ် ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင်...

ဂူဂယ်လ်ကဂြိုဟ်တုဓာတ်ပုံ AI နည်းပညာသစ်ကို ပြန်လည်ရုပ်သိမ်း

ဩဂုတ်လ ၁ ရက် Google Earth အသုံးပြုသူများအနေဖြင့် ဂြိုဟ်တုဓာတ်ပုံများပေါ်တွင် AI နည်းပညာဖြင့် ပုံရိပ်များကို စိတ်ကြိုက် ဖန်တီးပုံဖော်နိုင်သည့် လုပ်ဆောင်ချက်သစ်တစ်ရပ်ကို သတင်းအမှားများ ပျံ့နှံ့လာနိုင်ခြေ သုတေသီများနှင့် အိုးပင်းဆို့ဇ် သတင်းအချက်အလက် (OSINT) ကျွမ်းကျင်သူများ၏ ပြင်းထန်သော စိစစ်ဝေဖန်မှုများ အပြီးတွင် ဂူဂယ်လ်က သောကြာနေ့၌ ပြန်လည်ရုပ်သိမ်းလိုက်သည်။ “ဂျီအိုစပေရှယ် နည်းပညာရှင်တွေက ဒီလုပ်ဆောင်ချက်ကို အသုံးဝင်တဲ့ အကြောင်းအရာများစွာမှာ အသုံးပြုနေတာကို ကျွန်ုပ်တို့ တွေ့ရှိရပေမဲ့ ကျွန်ုပ်တို့ရဲ့ မူဝါဒတွေကို ချိုးဖောက်နေပုံရတဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေကို မျှဝေနေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071