Saturday, September 12, 2026

နာဂျစ်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှု ဆုံးဖြတ်ချက် မလေးရှားဘုရင်...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ သောကြာနေ့က ကျင်းပသည့်...

အိန္ဒိယ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန်...

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက်...

ပင်လောင်းမြို့နယ်၌ ဘိန်းအစားထိုး ပဲပုပ်သီးနှံ ဧက...

ပင်လောင်း၊ စက်တင်ဘာ ၁၂ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့တို့တွင် ယခု ၂၀၂၆ ခုနှစ်အတွင်း ဘိန်းအစားထိုးသီးနှံအဖြစ် ပဲပုပ်သီးနှံ လျာထားဧက...

မြန်မာ–အိန္ဒိယ လမ်းပန်းဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အကောင်အထည်ဖော်ရန်...

နေပြည်တော်၊ စက်တင်ဘာ ၁၂ မြန်မာ–အိန္ဒိယ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် နယ်စပ်ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ...
HomeNewsLocal Newsဓာတ်ဆီဈေးတက်လာပြီး ဒီဇယ်တစ်လီတာ ကျပ်...

ဓာတ်ဆီဈေးတက်လာပြီး ဒီဇယ်တစ်လီတာ ကျပ် ၉၀ ကျဆင်း

ရန်ကုန်၊ စက်တင်ဘာ ၁၁

ကမ္ဘာ့ရေနံဈေးမှာ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၃ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင် ဓာတ်ဆီဈေး မြင့်တက်လာသော်လည်း ဒီဇယ်ဈေးမှာ တစ်လီတာလျှင် ကျပ် ၉၀ ကျဆင်းခဲ့ကြောင်း သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့၌ တစ်လီတာလျှင် 92 Ron ဓာတ်ဆီ ၃,၈၂၅ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ ကျပ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းများမှာ စက်တင်ဘာ ၁၇ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။

ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်းများကို ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၁၁၅ ကျပ်နှင့် 95 Ron ဓာတ်ဆီ တစ်လီတာလျှင် ၁၃၅ ကျပ် မြင့်တက်လာပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ကျပ် ၉၀ စီ ကျဆင်းခဲ့သည်။

စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်၍ ထုတ်ပြန်ပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ် ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နာဂျစ်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှု ဆုံးဖြတ်ချက် မလေးရှားဘုရင် ရွှေ့ဆိုင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ သောကြာနေ့က ကျင်းပသည့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဘုတ်အဖွဲ့အစည်းအဝေးကို ဦးဆောင်ခဲ့သည့် ဘုရင် ဆူလ်တန် အီဘရာဟင်မ်က အကျဉ်းသား ၆၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နာဂျစ်၏ လျှောက်ထားမှုကို နောက်တစ်ကြိမ် အစည်းအဝေးအထိ ရွှေ့ဆိုင်းဆွေးနွေးရန် ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနခွဲက ထုတ်ပြန်သည်။ ယခုလျှောက်ထားမှုမှာ နာဂျစ်အတွက် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခြင်းဖြစ်သည်။ နာဂျစ်သည် ၎င်းဝန်ကြီးချုပ်တာဝန်ယူစဉ် ပူးတွဲတည်ထောင်ခဲ့သည့်...

အိန္ဒိယ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် မိုဒီနှင့် ပူတင် သဘောတူ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် သဘောတူခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည်။ ခေါင်းဆောင်နှစ်ဦးသည် သီတင်းနှစ်ပတ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နယူးဒေလီမြို့၌ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် အနောက်အာရှနှင့် ပင်လယ်နက်ဒေသတို့၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရေကြောင်းကုန်သွယ်မှုနှင့် အိန္ဒိယသင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးအပေါ် သက်ရောက်နေမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ပဋိပက္ခများကို...

ပင်လောင်းမြို့နယ်၌ ဘိန်းအစားထိုး ပဲပုပ်သီးနှံ ဧက ၂,၆၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့

ပင်လောင်း၊ စက်တင်ဘာ ၁၂ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့တို့တွင် ယခု ၂၀၂၆ ခုနှစ်အတွင်း ဘိန်းအစားထိုးသီးနှံအဖြစ် ပဲပုပ်သီးနှံ လျာထားဧက ၂,၆၂၉ ဧကကို ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ပဲပုပ်သီးနှံသည် ဒေသရာသီဥတုနှင့် ကိုက်ညီပြီး တောင်သူများအတွက် ဈေးကွက်နှင့် အကျိုးအမြတ်ရှိသည့်အပြင် စားသုံးဆီနှင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် ဘိန်းအစားထိုးသီးနှံအဖြစ် အဓိကထား စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက ပြောသည်။ ယခုနှစ် ပဲပုပ်သီးနှံအထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ ၁၇ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071