Friday, June 12, 2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မက္ကဆီကိုတွင် တခမ်းတနား...

ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို ဇွန်လ (၁၁)...

ဟားခါးမြို့တွင်ရောက်ရှိနေသည့် ဖလမ်းမြို့ခံစစ်ဘေးရှောင်(၁၀၀)ဦးကျော် နေရပ်သို့ပြန်လည်ရောက်ရှိလာ

စစ်ရေးပဋိပက္ခများကြောင့် ဖလမ်းဒေသခံအများစုသည် ဟားခါးမြို့အပါအဝင် တည်ငြိမ်အေးချမ်းမှုရှိသည့်နေရာများသို့စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေလျက်ရှိရာမှ တပ်မတော်က ဖလမ်းမြို့အားအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ တစ်ဖွဲဖွဲပြန်လည်ဝင်ရောက်လာကြကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်လာလျက်ရှိရာ ဇွန် ၁၁ ရက်ကလည်း...

ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို ရန်ကုန်ကလေးဆေးရုံကြီး၌ခွဲစိတ်

ရန်ကုန်ကလေးဆေးရုံကြီး ပင်မဆောင်ပထမထပ်ရှိ ခွဲစိတ်ခန်းမကြီးတွင် ဇွန် ၁၁ ရက်နံနက် ၇ နာရီ ၁၅ မိနစ်မှစတင်၍ ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို သီးခြားစီခွဲထုတ်နိုင်ရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း...

ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင် ကျဆင်း

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းအခေါက်ရွှေဈေးများလည်း လိုက်ပါကျဆင်းနေပြီး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်းလည်း အခေါက်ရွှေဈေးသည် ဇွန်လဆန်းပိုင်းမှစတင်ကာ ကျပ်သိန်း ၁၀၀...
HomeMoviesဓါတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့်...

ဓါတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် နေပြည်တော်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသရှိ နေရာများ ယာယီဓါတ်အားပိတ်မည်

နေပြည်တော်တွင် ဓါတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ဓါတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် ဇွန် ၁၃ ရက်နေ့တွင် ၃၃ ကေဗွီ Project M/O ဓါတ်အားလိုင်းကို နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် ဇွန် ၁၄ ရက်နေ့ တွင် MRTV-1 ဓာတ်အားလိုင်းကိုလည်း နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပိတ်ထားမည်ဖြစ်ခြင်းကြောင့် အဆိုပါ ဓါတ်အားလိုင်းများ ယာယီပြ-တ်တေ-ာက်နေမည်ဖြစ်ကြောင်း အသိပေးထားသည်။

နေပြည်တော် အေလာမြို့ ရန်ကုန်-မန္တလေး မီးရထားသံလမ်းဘေး ခုံကျော်တံတားတည်ဆောက်ခြင်းနှင့် မလွတ်ကင်းသည့် ပျဉ်းမနား-အေလာ ဓာတ်အားလိုင်းကိုလည်း ဇွန်၁၃ ရက်နေ့ ပြောင်းရွှေ့သွယ်တန်းဆောင်ရွက်မည်ဖြစ်ပြီး နံနက် ၈ နာရီကနေ ညနေ ၅ နာရီထိ ဓာတ်အားပိတ်မည်ဖြစ်ပြီး အေလာမြို့နှင့် သာဝတ္တိမြို့တွင် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

အလားထူ တောင်ကြီး-ဟိုပုံး ဓာတ်အားလိုင်း၊ ဟိုပုံးနှင့် မိုင်းပွန် ဖီဒါ ဓာတ်အားလိုင်းများကိုလည်း သစ်ပင်သစ်ကိုင်း ရှင်းလင်းခြင်းများ ဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် ဇွန် ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ထိ ဓာတ်အားပိတ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပအိုဝိုင်းကိုယ်ပိုင်အုပ်ချုင်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကျောက်တန်းမြို့၊ မိုင်ပွန်းမြို့များရှိ ရပ်ကွက် ၁၁ ကွက်နှင့် ကျေးရွာ ၁၀၆ ရွာသည် ယာယီဓာတ်အားပြ-တ်တေ-ာက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မက္ကဆီကိုတွင် တခမ်းတနား ဖွင့်လှစ်၊ သမိုင်းတစ်လျှောက် အကြီးမားဆုံးအဖြစ် အသင်း (၄၈) သင်းအထိ ပါဝင်

ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို ဇွန်လ (၁၁) ရက်နေ့က မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့ရှိ နာမည်ကျော် Estadio Azteca အားကစားကွင်းကြီးတွင် ပရိသတ် (၈) သောင်းကျော်ရှေ့မှောက်၌ တခမ်းတနား စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို (၃) နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်းကိုလည်း (၄၈) သင်းအထိ...

ဟားခါးမြို့တွင်ရောက်ရှိနေသည့် ဖလမ်းမြို့ခံစစ်ဘေးရှောင်(၁၀၀)ဦးကျော် နေရပ်သို့ပြန်လည်ရောက်ရှိလာ

စစ်ရေးပဋိပက္ခများကြောင့် ဖလမ်းဒေသခံအများစုသည် ဟားခါးမြို့အပါအဝင် တည်ငြိမ်အေးချမ်းမှုရှိသည့်နေရာများသို့စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေလျက်ရှိရာမှ တပ်မတော်က ဖလမ်းမြို့အားအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ တစ်ဖွဲဖွဲပြန်လည်ဝင်ရောက်လာကြကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်လာလျက်ရှိရာ ဇွန် ၁၁ ရက်ကလည်း ဟားခါးမြို့ရောက်ရှိနေသည့် စစ်ဘေးရှောင် ဖလမ်းဒေသခံ(၁၀၀)ဦးကျော်သည် ပြန်လည်ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်က ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန် လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကာ စစ်ဘေးရှောင်နေရသည့် ဖလမ်းဒေသခံများနေရပ်ပြန်နိုင်ရေးအတွက်လည်း လို အပ်သည့်အကူအညီများဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို ရန်ကုန်ကလေးဆေးရုံကြီး၌ခွဲစိတ်

ရန်ကုန်ကလေးဆေးရုံကြီး ပင်မဆောင်ပထမထပ်ရှိ ခွဲစိတ်ခန်းမကြီးတွင် ဇွန် ၁၁ ရက်နံနက် ၇ နာရီ ၁၅ မိနစ်မှစတင်၍ ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို သီးခြားစီခွဲထုတ်နိုင်ရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦးက အနီးကပ်ကြီးကြပ်၍ ခွဲစိတ်ဆရာဝန်ကြီးဒေါက် တာဒေါ်ညိုညိုဝင်းဦးဆောင်သော ဆေးဘက်ဆိုင်ရာအဖွဲ့ကခွဲစိတ်ကုသခြင်းဖြစ်ကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရင်ချင်းဆက်အမွှာကလေးငယ်များဖြစ်သည့် မကြာညိုသင်း(အကြီး)နှင့် မကြာညိုသိမ့်(အငယ်) အ သက်(၂)နှစ်(၅)လတို့သည် ပခုက္ကူမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ဦးထွန်းလင်းအောင်နှင့် ဒေါ်ယဉ်နုခိုင်တို့၏ သမီးနှစ်ဦးဖြစ်ကာ ရန်ကုန်ကလေးဆေးရုံကြီး၌ ဇန်နဝါရီ ၆ ရက်မှစတင်ကာ တက်ရောက်ကုသမှုခံယူနေကြခြင်းဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071