စစ်ရေးပဋိပက္ခများကြောင့် ဖလမ်းဒေသခံအများစုသည် ဟားခါးမြို့အပါအဝင် တည်ငြိမ်အေးချမ်းမှုရှိသည့်နေရာများသို့စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေလျက်ရှိရာမှ တပ်မတော်က ဖလမ်းမြို့အားအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ တစ်ဖွဲဖွဲပြန်လည်ဝင်ရောက်လာကြကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာလျက်ရှိရာ ဇွန် ၁၁ ရက်ကလည်း ဟားခါးမြို့ရောက်ရှိနေသည့် စစ်ဘေးရှောင် ဖလမ်းဒေသခံ(၁၀၀)ဦးကျော်သည် ပြန်လည်ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်က ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန် လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကာ စစ်ဘေးရှောင်နေရသည့် ဖလမ်းဒေသခံများနေရပ်ပြန်နိုင်ရေးအတွက်လည်း လို အပ်သည့်အကူအညီများဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။
