Friday, June 12, 2026

ဗဟန်းမြို့နယ် စုပေါင်းရုံး တည်ဆောက်ရေး မြေနေရာအခက်အခဲကြောင့်...

ဗဟန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား တနေရာတည်းတွင် စုစည်းဖွင့်လှစ်နိုင်ရန် မြို့နယ်စုပေါင်းရုံး တည်ဆောက်ပေးရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုံလောက်သော မြေနေရာရှာဖွေရန် အခက်အခဲရှိနေသဖြင့် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း...

မူကြိုကလေးငယ်များ၏ အာဟာရဖြည့်စွက်ငွေ ၅၀၀ ကျပ်နှုန်း...

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် ကလေးတစ်ဦးလျှင် တစ်ရက်တာ အာဟာရဖြည့်စွက်စရိတ်အဖြစ် သတ်မှတ်ထားသည့် ၅၀၀ ကျပ်နှုန်းကို လက်ရှိကုန်ဈေးနှုန်းနှင့်အညီ တိုးမြှင့်ပေးရန် သို့မဟုတ် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့်...

ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် အိမ်ရှင်မက္ကဆီကိုက တောင်အာဖရိကကို (၂)...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ အဖွင့်ပွဲစဉ်အဖြစ် ကျင်းပခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ အုပ်စု (A)အတွက်အဖွင့်နိုင်ပွဲနှင့် အမှတ်(၃)မှတ်ကို...

သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သမ္မတဦးမင်းအောင်လှိုင် တရုတ်သို့...

ဇွန်လ (၁၅) ရက်မှ (၁၉) ရက်အထိ မြန်မာ-တရုတ် ဆက်ဆံရေး အရှိန်မြှင့်မည့် ခရီးစဉ် နေပြည်တော်၊ ဇွန်လ (၁၂) ရက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏...
HomeInternational၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မက္ကဆီကိုတွင်...

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မက္ကဆီကိုတွင် တခမ်းတနား ဖွင့်လှစ်၊ သမိုင်းတစ်လျှောက် အကြီးမားဆုံးအဖြစ် အသင်း (၄၈) သင်းအထိ ပါဝင်

ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို ဇွန်လ (၁၁) ရက်နေ့က မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့ရှိ နာမည်ကျော် Estadio Azteca အားကစားကွင်းကြီးတွင် ပရိသတ် (၈) သောင်းကျော်ရှေ့မှောက်၌ တခမ်းတနား စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို (၃) နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်းကိုလည်း (၄၈) သင်းအထိ တိုးချဲ့ကျင်းပသည့် ထူးခြားသော နှစ်တစ်နှစ် ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာကျော်အဆိုတော်များဖြစ်ကြသည့် Shakira နှင့် Burna Boy တို့က ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်းဖြစ်သော “Dai Dai” ဖြင့် အားပါးတရ သီဆိုဖျော်ဖြေခဲ့ကြသလို မက္ကဆီကိုနိုင်ငံ၏ စွဲမက်ဖွယ် ရိုးရာယဉ်ကျေးမှု အကအလှများ၊ ရောင်စုံအစီအစဉ်များဖြင့် ကမ္ဘာ့ဘောလုံးပရိသတ်များကို ဆွဲဆောင်ခဲ့သည်။

ပြိုင်ပွဲ၌ အသင်း (၄၈) သင်းကို အုပ်စု (၁၂ )စု ခွဲခြားထားကာ ပြိုင်ပွဲတစ်ခုလုံးတွင် ပွဲစဉ်ပေါင်း (၁၀၄) ပွဲအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အုပ်စုတစ်ခုစီမှ ထိပ်ဆုံး (၂)သင်းနှင့် တတိယနေရာရအသင်းများထဲမှ အကောင်းဆုံး (၈) သင်းတို့သည် (၃၂) သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ဖီဖာ (FIFA) ၏ ပြောကြားချက်အရ ယခုပုံစံသစ်သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ အသင်းများကို ကမ္ဘာ့ဖလားစင်မြင့်ထက်တွင် ပိုမိုပါဝင်ယှဉ်ပြိုင်ခွင့်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုတွင် ပထမဆုံးဖွင့်ပွဲကို စတင်ခဲ့သော်လည်း ကျန်အိမ်ရှင်နိုင်ငံများတွင်လည်း သီးခြားဖွင့်ပွဲအခမ်းအနားများ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီးဇွန်လ (၁၂) ရက်နေ့တွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့နှင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တို့၌ ဖွင့်ပွဲအခမ်းအနားများကို အသီးသီး ထပ်မံကျင်းပရန် စီစဉ်ထား သည်။

ယခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဇွန်လ (၁၁) ရက်နေ့မှ ဇူလိုင်လ (၁၉)ရက်နေ့အထိ အိမ်ရှင် (၃) နိုင်ငံရှိ မြို့ကြီး (၁၆) မြို့တွင် တစ်လကျော်ကြာ ကျင်းပသွားမည်ဖြစ်ကာ၊ အောင်ပွဲခံမည့် ကမ္ဘာ့ချန်ပီယံအသစ်ကိုရွေးချယ်မည့် ဗိုလ်လုပွဲကြီးကိုမူ ဇူလိုင်လ (၁၉) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အနီးရှိ MetLife Stadium ကွင်းကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟန်းမြို့နယ် စုပေါင်းရုံး တည်ဆောက်ရေး မြေနေရာအခက်အခဲကြောင့် လတ်တလော မဆောင်ရွက်နိုင်သေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဖြေကြား

ဗဟန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား တနေရာတည်းတွင် စုစည်းဖွင့်လှစ်နိုင်ရန် မြို့နယ်စုပေါင်းရုံး တည်ဆောက်ပေးရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုံလောက်သော မြေနေရာရှာဖွေရန် အခက်အခဲရှိနေသဖြင့် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဖြေကြားခဲ့သည်။ ယင်းမေးခွန်းကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။ ဒေါ်ရီရီတင်က မြို့နယ်စုပေါင်းရုံးတည်ဆောက်ပေးခြင်းသည် အဆောက်အဦတစ်ခု တည်ဆောက်ခြင်းထက် ပိုမိုအရေးပါပြီး အစိုးရဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်ချိရေးကို အထောက်အကူပြုနိုင်သကဲ့သို့ ပြည်သူများ၏ အချိန်နှင့် ငွေကြေးကုန်ကျမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် ဌာနဆိုင်ရာရုံးများ...

မူကြိုကလေးငယ်များ၏ အာဟာရဖြည့်စွက်ငွေ ၅၀၀ ကျပ်နှုန်း တိုးမြှင့်ပေးရေး အစီအစဉ်မရှိသေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဖြေကြား

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် ကလေးတစ်ဦးလျှင် တစ်ရက်တာ အာဟာရဖြည့်စွက်စရိတ်အဖြစ် သတ်မှတ်ထားသည့် ၅၀၀ ကျပ်နှုန်းကို လက်ရှိကုန်ဈေးနှုန်းနှင့်အညီ တိုးမြှင့်ပေးရန် သို့မဟုတ် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေကြားခဲ့သည်။ ယင်းမေးခွန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းက တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။ ဒေါ်ဇာခြည်လင်းက ၂၀၁၀ ခုနှစ်ဝန်းကျင်ကာလများတွင် မူလတန်းကြိုကျောင်းများရှိ ကလေးငယ်များအတွက် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် သင့်တင့်မျှတသည့် နေ့လယ်စာနှင့် အာဟာရဖြည့်စွက်စာများ စီစဉ်ပေးနိုင်ခဲ့သော်လည်း လက်ရှိကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့်...

ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် အိမ်ရှင်မက္ကဆီကိုက တောင်အာဖရိကကို (၂) ဂိုးပြတ်ဖြင့် အနိုင်ရ၊ ပွဲကြမ်းခဲ့သဖြင့် အနီကတ် ၃ ကတ်အထိ ထွက်ပေါ်

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ အဖွင့်ပွဲစဉ်အဖြစ် ကျင်းပခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ အုပ်စု (A)အတွက်အဖွင့်နိုင်ပွဲနှင့် အမှတ်(၃)မှတ်ကို စတင်ရယူသွားခဲ့ပြီ ဖြစ်သည်။ မက္ကဆီကိုစီးတီးမြို့ရှိ Azteca Stadium တွင် ကျင်းပခဲ့သည့် အဆိုပါပွဲစဉ်တွင် အိမ်ရှင်မက္ကဆီကိုအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် (၉) မိနစ်တွင် ဂျူလီယန် ကွီနိုနက်စ် (Julián Quiñones)ပွဲချိန်(၆၇) မိနစ်တွင် ရာအူးလ် ဂျီမီနက်ဇ် (Raúl Jim énez) တို့ကအသီးသီးသွင်းယူပေးခဲ့ကြသည်။ အဖွင့်ပွဲစဉ်ဖြစ်သည်နှင့်အညီ နှစ်သင်းစလုံးသည် တစ်ဖက်နှင့်တစ်ဖက် အပြန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071