Home Movies ဒီရေမြင့်တက်မှုနှင့် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေတိုးလာ

ဒီရေမြင့်တက်မှုနှင့် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေတိုးလာ

0
110

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်၌ ဒီရေမြင့်တက်နေခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းတို့ကြောင့် ငမိုးရိပ်ချောင်းအတွင်း ရေမြင့်တက်လာကြောင်း ငမိုးရိပ်တမံထိန်းသိမ်းရေးဌာနထံမှ သိရသည်။

သို့သော် ငမိုးရိပ်တမံအထက်ပိုင်းရှိ ရေလှောင်တမံများတွင် မိုးရေများကို သို လှောင်ထိန်းသိမ်းထားနိုင်သဖြင့် လက်ရှိအခြေအနေအရ ရေကြီးမှုဆိုးဆိုးရွားရွား ဖြစ်ပေါ်နိုင်ခြေ မရှိသေးကြောင်း ဆို သည်။

ယနေ့ ဇူလိုင် ၁၃ ရက် တိုင်းတာချက်များအရ ငမိုးရိပ်ရေလှောင်တမံ၏ ရေပြည့်မှတ်မှာ ၁၀၇ ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၉၆ ဒသမ ၉၀ ပေရှိကာ မိုးရေချိန် ၀ ဒသမ ၄၉ လက်မ ရွာသွန်းခဲ့ကြောင်း အသ်ပေးထားသည်။

အခြားရေလှောင်တမံများအနေဖြင့်  မဟူရာတမံ၏ ရေမှတ် ၁၉၈ ဒသမ ၈၀ ပေ၊ ပေါင်းလင်းတမံ၏ ရေမှတ် ၁၆၈ ဒသမ ၉၀ ပေ၊ လဂွမ်းပြင်တမံ၏ ရေ မှတ် ၇၁ ဒသမ ၉၀ ပေ၊ ကလီထော်တမံ ၏ ရေမှတ် ၁၂၅ ဒသမ ၆၀ ပေနှင့် တောင်လုံးမြောင်တမံ၏ ရေမှတ် ၆၉ ဒသမ ၂၀ ပေ အသီးသီးရှိကြောင်း သိရသည်။

ရေလှောင်ပမာဏအနေဖြင့် ငမိုးရိပ်တမံတွင် ဧကပေ ၁၈၀,၀၀၀ ဆံ့ပြီး လက်ရှိ ဧကပေ ၈၇,၃၇၅၊ မဟူရာတမံတွင် ဧကပေ ၂၆,၄၇၀၊ ပေါင်းလင်းတမံတွင် ဧကပေ ၄၅,၉၀၂၊ လဂွမ်းပြင်တမံတွင် ဧကပေ ၈၆,၀၁၅၊ ကလီထော်တမံတွင် ဧကပေ ၁၄,၅၄၀ နှင့် တောင်လုံးမြောင်တမံတွင် ဧကပေ ၂၂၇ သိုလှောင်ထားကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရေကြီးမှုအန္တရာယ် မပြင်း ထန်နိုင်သေးသော်လည်း ငမိုးရိပ်ချောင်းကမ်းဘေးတွင် နေထိုင်သူများနှင့် သွား လာသူများအနေဖြင့် ရေအခြေအနေကို စောင့်ကြည့်ကာ လိုအပ်သောသတိပြုမှုများ ပြုလုပ်ထားရန် နှိုးဆော်တိုက်တွန်းထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here