Monday, July 13, 2026

ဧရာဝတီတိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်/ချောင်းရေများ မြင့်တက်လာကာ...

အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွားနေသည့်အပြင် မြန်မာနိုင်ငံ ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌လည်း မိုးဆက် တိုက်ရွာသွန်းမှုများကြောင့် မြစ်ရေနှင့် ချောင်းရေများ မြင့်တက်လာကာ...

ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်  FIFA Rank...

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီး၏ ကွာတားဖိုင်နယ်ပွဲစဉ်များ...

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လထဲမှာ...

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားဖို့ရှိတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေက တနင်္လာနေ့မှာ ပြောကြားကြကြောင်း Bangkok Post...

စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်း ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးစစ်ဆေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးအတွက် ခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၃ ရက်နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ မော်တော်ဘုတ်များဖြင့်...
HomeMoviesဒီရေမြင့်တက်မှုနှင့် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့်...

ဒီရေမြင့်တက်မှုနှင့် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေတိုးလာ

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်၌ ဒီရေမြင့်တက်နေခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းတို့ကြောင့် ငမိုးရိပ်ချောင်းအတွင်း ရေမြင့်တက်လာကြောင်း ငမိုးရိပ်တမံထိန်းသိမ်းရေးဌာနထံမှ သိရသည်။

သို့သော် ငမိုးရိပ်တမံအထက်ပိုင်းရှိ ရေလှောင်တမံများတွင် မိုးရေများကို သို လှောင်ထိန်းသိမ်းထားနိုင်သဖြင့် လက်ရှိအခြေအနေအရ ရေကြီးမှုဆိုးဆိုးရွားရွား ဖြစ်ပေါ်နိုင်ခြေ မရှိသေးကြောင်း ဆို သည်။

ယနေ့ ဇူလိုင် ၁၃ ရက် တိုင်းတာချက်များအရ ငမိုးရိပ်ရေလှောင်တမံ၏ ရေပြည့်မှတ်မှာ ၁၀၇ ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၉၆ ဒသမ ၉၀ ပေရှိကာ မိုးရေချိန် ၀ ဒသမ ၄၉ လက်မ ရွာသွန်းခဲ့ကြောင်း အသ်ပေးထားသည်။

အခြားရေလှောင်တမံများအနေဖြင့်  မဟူရာတမံ၏ ရေမှတ် ၁၉၈ ဒသမ ၈၀ ပေ၊ ပေါင်းလင်းတမံ၏ ရေမှတ် ၁၆၈ ဒသမ ၉၀ ပေ၊ လဂွမ်းပြင်တမံ၏ ရေ မှတ် ၇၁ ဒသမ ၉၀ ပေ၊ ကလီထော်တမံ ၏ ရေမှတ် ၁၂၅ ဒသမ ၆၀ ပေနှင့် တောင်လုံးမြောင်တမံ၏ ရေမှတ် ၆၉ ဒသမ ၂၀ ပေ အသီးသီးရှိကြောင်း သိရသည်။

ရေလှောင်ပမာဏအနေဖြင့် ငမိုးရိပ်တမံတွင် ဧကပေ ၁၈၀,၀၀၀ ဆံ့ပြီး လက်ရှိ ဧကပေ ၈၇,၃၇၅၊ မဟူရာတမံတွင် ဧကပေ ၂၆,၄၇၀၊ ပေါင်းလင်းတမံတွင် ဧကပေ ၄၅,၉၀၂၊ လဂွမ်းပြင်တမံတွင် ဧကပေ ၈၆,၀၁၅၊ ကလီထော်တမံတွင် ဧကပေ ၁၄,၅၄၀ နှင့် တောင်လုံးမြောင်တမံတွင် ဧကပေ ၂၂၇ သိုလှောင်ထားကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရေကြီးမှုအန္တရာယ် မပြင်း ထန်နိုင်သေးသော်လည်း ငမိုးရိပ်ချောင်းကမ်းဘေးတွင် နေထိုင်သူများနှင့် သွား လာသူများအနေဖြင့် ရေအခြေအနေကို စောင့်ကြည့်ကာ လိုအပ်သောသတိပြုမှုများ ပြုလုပ်ထားရန် နှိုးဆော်တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်/ချောင်းရေများ မြင့်တက်လာကာ ရေကြီးနိုင်ခြေမြင့်တက်နေ၍ အများပြည်သူအား အရေးပေါ်သတိပေးနှိုးဆော်

အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွားနေသည့်အပြင် မြန်မာနိုင်ငံ ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌လည်း မိုးဆက် တိုက်ရွာသွန်းမှုများကြောင့် မြစ်ရေနှင့် ချောင်းရေများ မြင့်တက်လာကာ ရေကြီးနိုင်သည့် အန္တရာယ်ဇုန်သို့ ရောက်ရှိလာနေကြောင်း ယနေ့ ဇူလိုင် ၁၃ ရက်တွင် တိုင်းဒေသကြီးအစိုးရကအရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။ သက်ဆိုင်ရာက မိဘပြည်သူများ၊ လယ် သမားများနှင့် လုပ်ငန်းရှင်များအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး  စီးဌာနမှ ထုတ်ပြန်သည့် နေ့စဉ်မိုးလေ ဝသနှင့် မြစ်ရေခန့်မှန်းချက်များကို အမြဲစောင့်ကြည့်ကြရန် တိုက်တွန်းထား သည်။ ထို့ပြင် ရေနစ်မြုပ်နိုင်ခြေရှိသည့် အနိမ့်ပိုင်းဒေသများမှ လယ်ယာသုံးပစ္စည်းများ၊...

ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်  FIFA Rank ထိပ်ဆုံး ၄ သင်း ဆီမီးဖိုင်နယ်သို့ ပြိုင်တူတက်ရောက်နိုင်ခဲ့

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီး၏ ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီးနောက်၊  FIFA World Rankings (ကမ္ဘာအဆင့်သတ်မှတ်ချက်) ၏ ထိပ်ဆုံးလေးသင်းစလုံး ပထမဆုံးအကြိမ်  ထိပ်ဆုံးလေးသင်းစလုံး ဆီမီးဖိုင်နယ် (Semi-finals) သို့ အသီးသီး တက်ရောက်လာနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ဖီဖာကမ္ဘာ့အဆင့် (၁) မှ (၄) အတွင်းရှိသော ကမ္ဘာ့အင်အားကြီးအသင်းများ ဆီမီးဖိုင်နယ်အဆင့်သို့ တစ်ပြိုင်နက်တည်း အတူတကွ တက်လှမ်းနိုင်ခဲ့ခြင်းမှာ...

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လထဲမှာ ထိုင်းနိုင်ငံကို သွားမယ်

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားဖို့ရှိတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေက တနင်္လာနေ့မှာ ပြောကြားကြကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြထားပါတယ်။ ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ မြန်မာနိုင်ငံ သမ္မတအဖြစ် တာဝန်ယူပြီးတဲ့နောက်ပိုင်း၊ ဦးမင်းအောင်လှိုင် အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဆီ ဒုတိယအကြိမ်မြောက် သွားတဲ့ ခရီးစဉ် ဖြစ်လာမှာပါ။ သူဟာ သမ္မတအဖြစ် တာဝန်ယူပြီးတဲ့နောက် အာဆီယံအဖွဲ့ဝင် မဟာမိတ်နိုင်ငံတစ်ခုဆီ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ဒီလအစောပိုင်းတုန်းက လာအိုနိုင်ငံကို သွားခဲ့ပါသေးတယ်။ သတင်းရင်းမြစ်တွေဘက်ကတော့ မြန်မာနိုင်ငံ သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071