ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။
ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက် ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန်(၂) ရာခိုင်နှုန်းတို့ကို မေ ၃၁ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကာ ယင်း အခွန်ကင်းလွတ်ခွင့်သည် မေ ၃၁ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသော ဒီဇယ်ဆီ HSD (500 ppm)များသာအကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ် ကောက် ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကိုလည်း မေ ၃၁ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကာ ယင်း အခွန်ကင်း လွတ်ခွင့်သည် မေ ၃၁ ရက်အထိ အကောက်ခွန်ဦးစီး ဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့် ဓာတ်မြေဩဇာများသာအကျုံးဝင်မည်ဖြစ် ကြောင်း သိရသည်။
ထို့အတူ သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်းများမြင့်တက်လျက်ရှိရာ သဘာဝဓာတ်ငွေ့အသုံးပြုသည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုစ ရိတ်လျော့ကျစေရေးနှင့် အများပြည်သူဓာတ်အားခဈေးနှုန်းသက်သာစေရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်တို့အတွက် သဘာဝ ဓာတ်ငွေ့ရည်တင်သွင်းမှုအပေါ်ကောက်ခံသော အ ကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို မေ ၃၁ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယင်း အခွန်ကင်းလွတ်ခွင့်သည် အကောက်ခွန်ဦးစီးဌာ န၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့် သဘာဝဓာတ်ငွေ့ရည်အတွက်သာ အကျုံးဝင်ကြောင်း သိရသည်။
