မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM နှင့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်(၂)စီးတို့သည် ယနေ့ မေ ၆ ရက်က မြန်မာနိုင် ငံမှသီးခြားစီပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
အိန္ဒိယရေတပ်ဦးစီးချုပ်သည် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာရာ တပ်မ တော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိ ယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna(P-57)တို့သည်လည်း ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။
အိန္ဒိယရေတပ်ဦးစီးချုပ်သည် သန်လျင်တပ်နယ်ရှိနယ် မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်တွင် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ Small Arm Simulator အားဖွင့်လှစ်ပေးခြင်း၊ သမိုင်း ဝင်စစ်ရေယာဉ်(မေယု)ကိုကြည့်ရှုလေ့လာကာ အမှတ် တရသစ်ပင်စိုက်ပျိုးခြင်း၊ အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားကိုဖူးမြော်လေ့လာခြင်း၊ ရိုးရာယက်ကန်း ရက်လုပ်နေမှုများအားလေ့လာခြင်း၊ အင်းလေးကန်၌ လှည့်လည်ကြည့်ရှုလေ့လာခြင်း၊ မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးကိုဖူးမြော်ကြည်ညိုခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် နိုင်ငံ တော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြသည့် တပ်မတော်သားများအတွက်ဂုဏ်ပြုပန်းခြင်းချအလေးပြုခြင်း ဘုရင့်နောင်ရိပ်သာ၌ ကာကွယ် ရေးဦးစီးချုပ်(ရေ)နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တပ်မ တော်စစ်သမိုင်းပြတိုက်ကိုလေ့လာခြင်းကာကွယ်ရေး ဦးစီးချုပ်(ရေ)ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ အိန္ဒိယရေတပ်မှ စစ်ရေယာဥ်(၂)စီးနှင့်အတူလိုက်ပါလာသည့် အရာရှိ၊ စစ်သည်များသည်လည်း ရန်ကုန်မြို့ရှိအထင်ကရနေရာများကိုလေ့လာရေးခရီး လည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားက စားပြိုင်ပွဲယှဉ်ပြိုင်ကစားခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
