တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
