Thursday, May 14, 2026

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက်...

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို...

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...
HomeArticlesထမင်းစေ့ကလေး

ထမင်းစေ့ကလေး

ထမင်းစေ့ကလေးတစ်စေ့။ စားပွဲ မင်းစေ့ကလေးတစ်စေ့။ စားပွဲ  ပေါ်မှာ။ ရှုပါမိတ်ဆွေ။ ထမင်း စေ့ကလေးများကို ကျွန်ုပ်တို့ မြင်ခဲ့ ဖူးပေါင်း များလှပေပြီ။ ကျွန်ုပ်တို့ သည် နေ့စဉ်လိုလိုပင် ထမင်းစေ့ ကလေးများကို မြင်တွေ့ခဲ့ကြလေ့ရှိ သည်။ သို့ရာတွင် တစ်ခုတည်းသော ထမင်းစေ့ကလေးကိုမူ မြင်ကြဖူးပါ စ။ မြို့ကြီးတစ်မြို့တွင် လူသားတစ် ဦးတည်း ကျန်ရှိနေသလို ထမင်းစေ့ ကလေးတစ်စေ့ကို တွေ့နိုင်သည်။  ထမင်းစေ့ကလေးကအဖြူရောင် ဖြစ်သည်။ ထမင်းစေ့ကလေးက ရှည် မျောမျောပုံသဏ္ဌာန်ရှိပြီး အဖျား နှစ်ဖက်တွင် သေးသွယ်ချွန်မြနေ သယောင်ရှိသည်။ ထမင်းစေ့ကလေး သည် အေးစက်စပြုနေပါပြီ။ ထမင်း စေ့ကလေးတစ်စေ့သည် အလေး ချိန် မည်မျှရှိမည်ကို ကျွန်ုပ်တို့မသိကြပါ။ ထမင်းစေ့ကလေးတစ်စေ့၌ ချိန်းဆို မှုတစ်ခုရှိကောင်းရှိနိုင်ပါသည်။  ထမင်းစေ့ကလေးသည် လေသလပ် သဖြင့် တင်းမာခြောက်သွေ့စပြုနေ ပါပြီ။

ပြတင်းဝမှ ဖြတ်ဝင်လာသော နေရောင်ခြည်တစ်ခြမ်းက စားပွဲပေါ် မှာ ကန့်လန့်ဖြတ်ကျနေသည်။  ယနေ့သည်ပြာသိုလ၏နေ့ တစ်နေ့ ဖြစ်သည်။ သင်သည်ထမင်းစေ့ကလေး တစ်စေ့ကိုတွေ့လျှင် မည်သို့ပြုမူပါ မည်နည်း။ ကျွန်ုပ်တို့သည် ထိုကဲ့သို့ သော ကိစ္စများ၌ ဤသို့စိတ်ဝင်စား ရကောင်းမှန်း သိပ်မသိကြချေ။ သို့ ရာတွင် ကျီးကန်းများကမူ ဤကဲ့သို့ မဟုတ်ကြပါချေ။ ပြတင်းပေါက် အပြင်တစ်ဖက်၌ ကျီးကန်းတစ် ကောင် တအားအားအော်မြည်နေ သည်။ ကျီးကန်းသည် သူ၏မည်း နက်သော အတောင်ပံများကိုခတ်ကာ ဝဲပျံနေသည်။ ထမင်းစေ့ကလေးက စားပွဲပေါ်မှာ။ ကျွန်ုပ်၏မိခင်က လူ ကလေးအိပ်တော့နော် ဟောဟို သစ်ပင်ပေါ်မှာ ကျီးကန်းရောက်လာ ပြီ။ အိပ်တော့ဟူ၍ ချော့သိပ်ခဲ့ပုံကို အမှတ်ရမိပါ၏။

သစ်ပင်ပေါ်မှာ ကျီး ကန်းမည်းမည်းကြီးတစ်ကောင်က ပျံ ဝဲနေပေလိမ့်မည်။ ထိုစဉ်က ကျွန်ုပ် မှာ ငယ်ရွယ်လွန်းသော ကလေးတစ် ယောက်ဖြစ်သည်။ ယခုစားပွဲပေါ်မှ ထမင်းစေ့ကလေးကို တအားအား အော်မြည်ပျံဝဲနေသော ကျီးကန်းကြီး က မြင်တွေ့သွားခဲ့သည်။ လူသူမရှိ သော အခန်းထဲက စားပွဲပေါ်မှာ။ ကျီးကန်းသည် ပျံဝဲဝင်ရောက်လာကာ ထမင်းစေ့ကလေးကို မည်းနက်သော နှုတ်သီးဖြင့် ကိုက်ချီသွားသည်။  ကျီးကန်းများသည် မြင့်မြင့် မားမားပျံသန်းနိုင်ကြသည်။ ကျီး ကန်းများသည် မိမိတို့ရှင်သန်မှု အတွက် အမြဲနိုးကြားနေကြသည်။ ကျီးကန်းများသည် ကျွန်ုပ်တို့ရှိရာသို့ ရောက်ရှိလာတတ်ကြပါသည်။ ကျီး ကန်းများသည် လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝဝ ခန့်ကပင် မိုးကောင်းကင် အောက်၌ရှိနေခဲ့ကြပါသည်။

 နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071