နေပြည်တော်၊စက်တင်ဘာ ၃
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက အမျိုးသမီးပြိုင်ပွဲ၌ ရွှေတံ ဆိပ် ၂ ခုရရှိကာ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု ရရှိကာ အမျိုးသားတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့ပြီး အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်း၊ စုစုပေါင်း အားကစားသမား ၃၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အမျိုးသမီး ၄ ယောက်တွဲ ဗိုလ်လုပွဲတွင် မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင် ရခဲ့ပြီး အမျိုးသား ၄ ယောက်တွဲ ဗိုလ်လု ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြ တ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
