တိုကျို၊ စက်တင်ဘာ ၂၂
အင်အားပြင်း တိုင်ဖုန်းဒူဂျွမ်း ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ဖြတ်သန်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးေ-သဆုံးပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုအန္တရာယ်များ ဖြစ်ပေါ်ခဲ့သည့်အပြင် လေကြောင်းနှင့် ရထားခရီးစဉ် ရာနှင့်ချီ ဖျ-က်သိမ်း၊ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
မုန်တိုင်းကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး တိုကျိုမြို့အနီးရှိ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နေအိမ်သောင်းနှင့်ချီ လျှပ်စစ်မီးပြ-တ်တေ-ာက်ခဲ့သည်။
ဒူဂျွမ်းသည် တနင်္လာနေ့က တိုကျိုမြို့အနီးရှိ ခဆွတ်အူရမြို့၏ တောင်ဘက် ကီလိုမီတာ ၁၃၀ ခန့်အကွာမှ ဖြတ်သန်းစဉ် တစ်နာရီလျှင် ၁၄၄ ကီလိုမီတာအထိ လေပြင်းတို-က်ခတ်ခဲ့ကြောင်း သိရသည်။
မုန်တိုင်းအရှိန်ကြောင့် Japan Airlines က လေကြောင်းခရီးစဉ် ၁၃၅ ခုနှင့် All Nippon Airways က ခရီးစဉ် ၁၄၀ ကို ဖျ-က်သိမ်းခဲ့ရပြီး တိုကျိုနှင့် အိုဆာကာကို ဆက်သွယ်ထားသည့် ကျည်ဆန်ရထားအပါအဝင် ရထားဝန်ဆောင်မှုအချို့ကိုလည်း ရပ်ဆိုင်းခဲ့ရသည်။
ကမာကူရာနှင့် တိုကျိုမြို့အရှေ့ဘက် အိချိခါဝါမြို့တို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ကမာကူရာမြို့အာဏာပိုင်များက မော်တော်ယာဉ်ဖြင့် သွားလာခြင်းကို သတိထားရန် အသိပေးထားသည်။
ထို့ပြင် မုန်တိုင်းကြောင့် Tokyo Game Show ၏ နောက်ဆုံးနေ့အစီအစဉ်များကို စောစီးစွာရပ်နားခဲ့ရပြီး ချိဘဒေသ၌ ကျင်းပရန်စီစဉ်ထားသည့် ဂီတပွဲတော်နှင့် ဘေ့စ်ဘောပွဲတစ်ပွဲကိုလည်း ဖျ-က်သိမ်းခဲ့ရသည်။
အင်္ဂါနေ့နံနက်ပိုင်းတွင် မုန်တိုင်းသည် ဂျပန်ကမ်းရိုးတန်းမှ အရှေ့မြောက်ဘက် ပင်လယ်ပြင်သို့ ရွေ့လျားသွားသော်လည်း ဒေသအချို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ်များ ရှိနေဆဲဖြစ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးထားသည်။
Ref: Al Jazeera
