Monday, June 22, 2026

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား ရာထူးက နုတ်ထွက်

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) ဟာ တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ ရာထူးကနေ...

​အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်း အမှတ် ကျွမ်းဘားပြိုင်ပွဲနှင့်...

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်း ညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ (၂၁)...

​MFF-Royal-D U-15 League မန္တလေးဇုန်...

ဒုတိယအဆင့်ကို အသင်း (၈)သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည် ​MFF-Royal-D U-15 League 2026 ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ (၁၉)...

မဟာမုနိဘုရားကြီးအား အွန်လိုင်းမှ ၂၄ နာရီပတ်လုံး...

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube Channel ဖြစ်သော Mahamuni Pagoda မှ ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ပြီ...
HomeArticlesတိုက်ချီဒို ရဲ့ နှုတ်ဆက်လွှာ

တိုက်ချီဒို ရဲ့ နှုတ်ဆက်လွှာ

တိုက်ချီဒို ရဲ့ နှုတ်ဆက်လွှာ

တစ်ချို့သောသူတွေဟာ သစ္စာတရားကို ခွေးတွေဆီကပြန်လည်သင်ကြားကြရတယ်။ခင်ဗျားတို့လည်း ကြားဘူးမှာပေါ့။ကျေးဇူးမကန်းဘူး။သခင်ကိုသိတယ်။ကျွေးသောလက်ကို မကိုက်ဘူး စသဖြင့်ပေါ့လေ။ခွေးတစ်ကောင်ရဲ့ ဂုဏ်ဒြပ်တွေဟာ ဖွဲ့ရင် ဖွဲ့သလောက် ရှိနေနိုင်တာမျိုးပါ။

ကျွန်တော်ဟာလည်း ခွေးတစ်ကောင်ထဲက ခွေးတစ်ကောင်ပါပဲ။ခွေးပီပီသသ သစ္စာရှိခဲ့တယ်။ခွေးပီသစွာ ကျွန်တော့်သခင်ကို မြတ်နိုးချစ်ခင်ခဲ့တယ်။ကျွန်တော် ဘဝရဲ့သက်တမ်းမှာ သားတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ထုံကူးပြီး အမေတစ်ယောက်ကို အဖော်ပြုရှင်သန်ခဲ့တာပါ။ဒါဟာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးတာဝန်ဖြစ်သလို အကျေနပ်ရဆုံးပျော်ရွှင်မှုပါပဲ။

ခင်ဗျားအရိုက်ခံဖူးသလား။ကျွန်တော်ထင်သလာက်ပြောကြည့်ရရင် ခင်ဗျားကျိမ်းသေအရိုက်ခံဖူးလာက်တယ်။ခင်ဗျားငယ်ငယ်က အမေကသော်လည်းကောင်း ။ အဖေကသော်လည်းကောင်းခင်ဗျားကို ပြောစကားနားမထောင်တဲ့အခါ ။ အဆော့လွန်တဲ့အခါ ။ခင်ဗျားကို စတိသဘောလောက်တော့ ရိုက်ခဲ့မှာပါ။ဒါပေမယ့် ကျွန်တော်ဆိုတဲ့ကောင်က အမေ့ရင်ခွင်အောက်ရောက်ကတည်းက အရိုက်မခံခဲ့ရဖူးဘူး။

ကဲ နိဒါန်းလည်းရှည်သွားပြီ။လိုတိုရှင်းပြောရရင် တိုက်ချီဒိုဆိုတာ ကျွန်တော်ပဲ။တစ်နေကုန် ခင်ဗျားတို့အားလုံးကို အဖော်ပြုနေတဲ့အမေအိုကို ပြန်အဖော်ပြုပေးနေတာ ကျွန်တော်ပေါ့။
တစ်နေကုန် သူတော်ကောင်းတွေနဲ့သူယုတ်မာတွေကြား ခဏခဏ ဗျာများနေရတဲ့အမေအိုကို အပြေးကြိုဖို့ တစ်နေကုန်စောင့်နေရတာကိုက ကျွန်တော့်မေတ္တာတရားပါပဲ။

အမေက ကျွန်တော့်နာမည်နဲ့ရေကစားမဏ္ဍပ်ဖွင့်ပေးဖူးတယ်။တိုက်ချီဒိုမဏ္ဍပ်တဲ့။ခင်ဗျားတို့ကြားဖူးမှာပေါ့။နာမည်ကြီးပဲဗျ။အဲဒီမဏ္ဍပ်ကြီးဆောက်ပြီးတော့ ခင်ဗျားတို့စကားနဲ့ပြောရရင် ကျွန်တော်ဆယ်လီဖြစ်ပြီဗျာ။ကျွန်တော်လိုကောင်ကိုတောင် ဒီလိုတရေးတယူချစ်တဲ့အမေ သူ့နှုတ်ဖျားက တဖွဖွပြောနေတဲ့ပြည်သူတွေဆိုတဲ့ဟာတွေအပေါ်တော့ ဘယ်လောက်စေတနာကြီးမလည်း ခင်ဗျားတွေးကြည့်ပေါ့လေ။

ဒီလိုကျုပ်အပေါ်စိတ်ရှည်ခဲ့တဲ့အမေ။မြတ်နိုးခဲ့တဲ့အမေကို ကျုပ်ဟာအဆုံးစွန်သစ္စာမရှိနိုင်ခဲ့ဘူး။ အမေ့ကိုအပြည့်အဝ ကျုပ်ကာကွယ်မပေးနိုင်ခဲ့ဘူး။ကျုပ် ရင်နာရတယ်ဗျာ။ခွေးမှာလည်း အသဲနဲ့ပဲမို့လား။ခွေးတစ်ကောင်ရဲ့ ခံစားချက်တွေပေါ့ဗျာ။လူတွေတော့ ဘယ်လိုတွေးလည်းကျုပ်မသိဘူး။

အခုတော့ ကျုပ်သွားရတော့မယ်။မမြဲတဲ့သင်္ခါရလောကမှာ ချစ်ခြင်းတွေသစ္စာရှိခြင်းတွေကို စွန့်ခွါရတော့မယ်။ကျေးဇူးကန်းခြင်း၊ ယုတ်မာခြင်းဆိုတာတွေကိုလည်း စွန့်ခွါရတာ အမြတ်ပေါ့။ထားပါတော့ သွားရမယ့်ခရီးဆီသွားပြီအမေရေ။အမေ့ကို ကျွန်တော်ဆက်အဖော်ပြုမပေးနိုင်တော့ဘူးပေါ့။ဒါပေမယ့် အမေအားမငယ်ပါနဲ့ ။ဝမ်းမနည်းပါနဲ့။အမေကို အဖော်ပြုပေးမယ့် အမေ့နှုတ်ဖျားက တသသပြောခဲ့တဲ့သူတွေကျန်သေးတယ်လေ။ကျွန်တော်ကတော့ နှုတ်ဆက်ခဲ့ပြီအမေရေ။

တကယ်လို့များ သံသရာဟာလူတွေပြောသလိုရှည်လျားတယ်ဆိုရင် အမေ့အနားမှာအဖော်ပြုဖို့တစ်ချိန်ပြန်လာခဲ့ပါဦးမယ်။အဲဒီအခါကျ အမေကျွန်တော့်အနားမှာပဲနေနော်။

​​ဆောင်းပါးရှင် _ မင်းဝဿန်

Zaw Gyi

တိုက္ခ်ီဒို ရဲ႕ ႏႈတ္ဆက္လႊာ

တစ္ခ်ိဳ႕ေသာသူေတြဟာ သစၥာတရားကို ေခြးေတြဆီကျပန္လည္သင္ၾကားၾကရတယ္။ခင္ဗ်ားတို႔လည္း ၾကားဘူးမွာေပါ့။ေက်းဇူးမကန္းဘူး။သခင္ကိုသိတယ္။ေကြၽးေသာလက္ကို မကိုက္ဘူး စသျဖင့္ေပါ့ေလ။ေခြးတစ္ေကာင္ရဲ႕ ဂုဏ္ျဒပ္ေတြဟာ ဖြဲ႕ရင္ ဖြဲ႕သေလာက္ ရွိေနႏိုင္တာမ်ိဳးပါ။

ကြၽန္ေတာ္ဟာလည္း ေခြးတစ္ေကာင္ထဲက ေခြးတစ္ေကာင္ပါပဲ။ေခြးပီပီသသ သစၥာရွိခဲ့တယ္။ေခြးပီသစြာ ကြၽန္ေတာ့္သခင္ကို ျမတ္ႏိုးခ်စ္ခင္ခဲ့တယ္။ကြၽန္ေတာ္ ဘဝရဲ႕သက္တမ္းမွာ သားတစ္ေယာက္ရဲ႕ခ်စ္ျခင္းေမတၱာကို ထုံကူးၿပီး အေမတစ္ေယာက္ကို အေဖာ္ျပဳရွင္သန္ခဲ့တာပါ။ဒါဟာ ကြၽန္ေတာ့္ဘဝရဲ႕ အႀကီးမားဆုံးတာဝန္ျဖစ္သလို အေက်နပ္ရဆုံးေပ်ာ္႐ႊင္မႈပါပဲ။

ခင္ဗ်ားအ႐ိုက္ခံဖူးသလား။ကြၽန္ေတာ္ထင္သလာက္ေျပာၾကည့္ရရင္ ခင္ဗ်ားက်ိမ္းေသအ႐ိုက္ခံဖူးလာက္တယ္။ခင္ဗ်ားငယ္ငယ္က အေမကေသာ္လည္းေကာင္း ။ အေဖကေသာ္လည္းေကာင္းခင္ဗ်ားကို ေျပာစကားနားမေထာင္တဲ့အခါ ။ အေဆာ့လြန္တဲ့အခါ ။ခင္ဗ်ားကို စတိသေဘာေလာက္ေတာ့ ႐ိုက္ခဲ့မွာပါ။ဒါေပမယ့္ ကြၽန္ေတာ္ဆိုတဲ့ေကာင္က အေမ့ရင္ခြင္ေအာက္ေရာက္ကတည္းက အ႐ိုက္မခံခဲ့ရဖူးဘူး။

ကဲ နိဒါန္းလည္းရွည္သြားၿပီ။လိုတိုရွင္းေျပာရရင္ တိုက္ခ်ီဒိုဆိုတာ ကြၽန္ေတာ္ပဲ။တစ္ေနကုန္ ခင္ဗ်ားတို႔အားလုံးကို အေဖာ္ျပဳေနတဲ့အေမအိုကို ျပန္အေဖာ္ျပဳေပးေနတာ ကြၽန္ေတာ္ေပါ့။
တစ္ေနကုန္ သူေတာ္ေကာင္းေတြနဲ႔သူယုတ္မာေတြၾကား ခဏခဏ ဗ်ာမ်ားေနရတဲ့အေမအိုကို အေျပးႀကိဳဖို႔ တစ္ေနကုန္ေစာင့္ေနရတာကိုက ကြၽန္ေတာ့္ေမတၱာတရားပါပဲ။

အေမက ကြၽန္ေတာ့္နာမည္နဲ႔ေရကစားမ႑ပ္ဖြင့္ေပးဖူးတယ္။တိုက္ခ်ီဒိုမ႑ပ္တဲ့။ခင္ဗ်ားတို႔ၾကားဖူးမွာေပါ့။နာမည္ႀကီးပဲဗ်။အဲဒီမ႑ပ္ႀကီးေဆာက္ၿပီးေတာ့ ခင္ဗ်ားတို႔စကားနဲ႔ေျပာရရင္ ကြၽန္ေတာ္ဆယ္လီျဖစ္ၿပီဗ်ာ။ကြၽန္ေတာ္လိုေကာင္ကိုေတာင္ ဒီလိုတေရးတယူခ်စ္တဲ့အေမ သူ႔ႏႈတ္ဖ်ားက တဖြဖြေျပာေနတဲ့ျပည္သူေတြဆိုတဲ့ဟာေတြအေပၚေတာ့ ဘယ္ေလာက္ေစတနာႀကီးမလည္း ခင္ဗ်ားေတြးၾကည့္ေပါ့ေလ။

ဒီလိုက်ဳပ္အေပၚစိတ္ရွည္ခဲ့တဲ့အေမ။ျမတ္ႏိုးခဲ့တဲ့အေမကို က်ဳပ္ဟာအဆုံးစြန္သစၥာမရွိႏိုင္ခဲ့ဘူး။ အေမ့ကိုအျပည့္အဝ က်ဳပ္ကာကြယ္မေပးႏိုင္ခဲ့ဘူး။က်ဳပ္ ရင္နာရတယ္ဗ်ာ။ေခြးမွာလည္း အသဲနဲ႔ပဲမို႔လား။ေခြးတစ္ေကာင္ရဲ႕ ခံစားခ်က္ေတြေပါ့ဗ်ာ။လူေတြေတာ့ ဘယ္လိုေတြးလည္းက်ဳပ္မသိဘူး။

အခုေတာ့ က်ဳပ္သြားရေတာ့မယ္။မၿမဲတဲ့သခၤါရေလာကမွာ ခ်စ္ျခင္းေတြသစၥာရွိျခင္းေတြကို စြန႔္ခြါရေတာ့မယ္။ေက်းဇူးကန္းျခင္း၊ ယုတ္မာျခင္းဆိုတာေတြကိုလည္း စြန႔္ခြါရတာ အျမတ္ေပါ့။ထားပါေတာ့ သြားရမယ့္ခရီးဆီသြားၿပီအေမေရ။အေမ့ကို ကြၽန္ေတာ္ဆက္အေဖာ္ျပဳမေပးႏိုင္ေတာ့ဘူးေပါ့။ဒါေပမယ့္ အေမအားမငယ္ပါနဲ႔ ။ဝမ္းမနည္းပါနဲ႔။အေမကို အေဖာ္ျပဳေပးမယ့္ အေမ့ႏႈတ္ဖ်ားက တသသေျပာခဲ့တဲ့သူေတြက်န္ေသးတယ္ေလ။ကြၽန္ေတာ္ကေတာ့ ႏႈတ္ဆက္ခဲ့ၿပီအေမေရ။

တကယ္လို႔မ်ား သံသရာဟာလူေတြေျပာသလိုရွည္လ်ားတယ္ဆိုရင္ အေမ့အနားမွာအေဖာ္ျပဳဖို႔တစ္ခ်ိန္ျပန္လာခဲ့ပါဦးမယ္။အဲဒီအခါက် အေမကြၽန္ေတာ့္အနားမွာပဲေနေနာ္။

​​ေဆာင္းပါးရွင္ _ မင္းဝႆန္

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား ရာထူးက နုတ်ထွက်

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) ဟာ တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ စက်တင်ဘာလမှာ လွှတ်တော်ပြန်လည်စတင်တဲ့အချိန် ခေါင်းဆောင်သစ်တစ်ယောက် ရောက်လာတော့မှာဖြစ်လို့၊ ဒါဟာ ၁၀ နှစ်အတွင်း ဗြိတိန်နိုင်ငံအတွက် ၇ ယောက်မြောက် နိုင်ငံ့ခေါင်းဆောင်ကို ရရှိတော့မယ့်သဘောပါပဲ။ ဗြိတိန်နိုင်ငံရေးက ရှုပ်ထွေးမှုတွေကို အဆုံးသတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာ ၂ နှစ်တောင် မပြည့်သေးပေမယ့်၊ ပါတီဝင်တွေက သူ့ကို ဆင်းပေးစေချင်နေတာ သေချာသွားပြီလို့...

​အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်း အမှတ် ကျွမ်းဘားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ​​

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်း ညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ (၂၁) ရက်နေ့ နံ နက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် လေ့ကျင့်ရေးအား ကစားရုံ၌ ကျင်းပခဲ့သည်။ ​အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူးများ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင်...

​MFF-Royal-D U-15 League မန္တလေးဇုန် ခြေစစ်ပွဲပြီးဆုံး၊

ဒုတိယအဆင့်ကို အသင်း (၈)သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည် ​MFF-Royal-D U-15 League 2026 ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ (၁၉) ရက်မှ (၂၁ )ရက်အထိ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ရာ၊ ​ဒုတိယအဆင့်ပြိုင်ပွဲကို လာမည့် ဩဂုတ်လ ပထမပတ်မှ ဒီဇင်ဘာလအထိ နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။ ဒုတိယအဆင့်ပြိုင်ပွဲတွင် ပါဝင်မည့်မန္တလေးဇုန်မှ (၈)အသင်းမှာ STNM FC၊ Shwe Pay Leik FC၊ Sparrow FC၊ Anis akhan FC၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071