Wednesday, September 9, 2026

ဗီယက်နမ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး အာဆီယံတန်ဖိုးကွင်းဆက်သစ်များ...

ဟနွိုင်း၊ စက်တင်ဘာ ၉ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ကာ အာဆီယံတန်ဖိုးကွင်းဆက်သစ်များ (New ASEAN Value Chain...

IIMM ယန္တရားနှင့် အစီရင်ခံစာများကို မြန်မာနိုင်ငံ...

နေပြည်တော်၊ စက်တင်ဘာ ၉ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အဋ္ဌမအကြိမ် နှစ်ပတ်လည်အစီရင်ခံစာအပါအဝင် ယင်းယန္တရား၏...

ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်လိုသူများ နိုင်ငံတော်ထုတ်ချေးငွေများ ရယူနိုင်

တွန်းဇံ၊ စက်တင်ဘာ ၉ ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးပေးသည့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...

တရုတ်ဆေးပညာရှင်အဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး ပူးပေါင်း၍ နှလုံးသွေးကြောပိတ်လူနာ...

မန္တလေး၊ စက်တင်ဘာ ၉ တရုတ်နိုင်ငံ Shanghai University Medical School မှ နှလုံးနှင့်သွေးကြောခွဲစိတ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတို့ ပူးပေါင်း၍...
HomeInternationalတရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

တရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းချက်အဖြစ် လက်ထပ်ထိမ်းမြားခြင်း၊ ချစ်ချင်းမေတ္တာ၊ မျိုးပွားခြင်း နှင့် မိသားစု တို့နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များကို အလေးပေးစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များတွင် ချစ်မှုရေးရာသင်ခန်းစာများ ကို ထည့်သွင်းသင်ကြားပေးရန် တရုတ်က တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၂ နှစ်ဆက်တိုက် လူဦးရေကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ရင်သွေးယူကြရေးအတွက် လူငယ်ဇနီးမောင်နှံများကို ပိုမိုဆွဲဆောင်နိုင်ရန် ပေကျင်းက အစီအမံအမျိုးမျိုးကို ချမှတ်ဖော်ဆောင်နေခဲ့သည်။

တရုတ်နိုင်ငံသည် လူဦးရေ ၁ ဒဿမ ၄ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်သော်လည်း သက်ကြီးရွယ်အိုဦးရေ အလျင်မြန်တိုးပွားနေမှုသည် အနာဂတ်တွင် အစိုးရအသုံးစရိတ်လိုအပ်ချက်တိုးမြင့်လာကာ စီးပွားရေးအပေါ် ဖိအားဖြစ်လာစေနိုင်သည်။

ကောလိပ်ကျောင်းသားများသည် ကလေ-းမွေးဖွားမှုအတွက် အကြီးမားဆုံး မောင်းနှင်အားဖြစ်လာနိုင်သော်လည်း အိမ်ထောင်ရေးနှင့် အချစ်ရေးတို့အပေါ် ၎င်းတို့၏ အမြင်များသည် သိသိသာသာ ပြောင်းလဲလာသည်ဟု ကျင်းစုနှင့် ရှင်းဟွာသတင်းစာအုပ်စုက လူဦးရေဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်တစ်ခုဖြစ်သည့် China Population News ကို ကိုးကား၍ ဖော်ပြခဲ့သည်။

တက္ကသိုလ်နှင့် ကောလိပ်များသည် အိမ်ထောင်ရေးနှင့် ချစ်မှုရေးရာ သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးခြင်းဖြင့် ကောလိပ်ကျောင်းသားများကို အိမ်ထောင်ရေး၊ အချစ်ရေးဆိုင်ရာ ပညာပေးမှုများလုပ်ဆောင်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါအစီအစဉ်သည် ကျန်းမာပြီး၊ အပြုသ‌ေဘာဆောင်သော အိမ်ထောင်ရေးနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ ဝန်းကျင်အခြေအနေတစ်ရပ်ကို ဖန်တီးရန် အထောက်အကူဖြစ်လိမ့်မည်ဟု ဆိုသည်။

နိုင်ငံတော်ကောင်စီသည် နိုဝင်ဘာလတွင် ဒေသဆိုင်ရာ အစိုးရများကို ဆင့်ခေါ်၍ တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းမှုကို ထိန်းညှိရန်နှင့် အရွယ်ကောင်းအခါကောင်းတွင် အိမ်ထောင်သားမွေးပြုမှုကို အလေးထားကြစေရန်အတွက် အရင်းအမြစ်များကို အသုံးပြုရန် ညွှန်ကြားခဲ့သည်။ သို့သော်လည်း အဆိုပါ လှုပ်ရှားမှုသည် တရုတ်လူငယ်များအတွင်း စိတ်ဝင်စားဖွယ်မရှိဟု လူဦးရေစာရင်းအင်း ပညာရှင်များက သုံးသပ်သည်။

China Population News က စစ်တမ်းကောက်ယူခဲ့သော ကောလိပ်ကျောင်းသားများ၏ ၅၇ ရာခိုင်နှုန်းက သူတို့အနေဖြင့် အချစ်ရေးကိစ္စကို မလိုလားကြောင်း ဖြေကြားခဲ့ကြပြီး အဓိကအားဖြင့် အချစ်ရေးနှင့် ပညာရေးအကြား ဟန်ချက်ညီစေရန် မည်သို့အချိန်ခွဲဝေသုံးစွဲရမည်ကို မသိ၍ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး အာဆီယံတန်ဖိုးကွင်းဆက်သစ်များ ဖော်ဆောင်ရန် UMFCCI ဥက္ကဋ္ဌ တိုက်တွန်း

ဟနွိုင်း၊ စက်တင်ဘာ ၉ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ကာ အာဆီယံတန်ဖိုးကွင်းဆက်သစ်များ (New ASEAN Value Chain Linkages) ဖော်ဆောင်သွားရန် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက တိုက်တွန်းပြောကြားသည်။ အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင် ဟနွိုင်းမြို့ Melia Hotel ၌ ကျင်းပသည့် “ဗီယက်နမ်-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆” တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ...

IIMM ယန္တရားနှင့် အစီရင်ခံစာများကို မြန်မာနိုင်ငံ ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

နေပြည်တော်၊ စက်တင်ဘာ ၉ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အဋ္ဌမအကြိမ် နှစ်ပတ်လည်အစီရင်ခံစာအပါအဝင် ယင်းယန္တရား၏ ထုတ်ပြန်ချက်များအားလုံးကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။ ဂျီနီဗာမြို့၌ စက်တင်ဘာ ၇ ရက်က ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် IIMM ၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက်...

ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်လိုသူများ နိုင်ငံတော်ထုတ်ချေးငွေများ ရယူနိုင်

တွန်းဇံ၊ စက်တင်ဘာ ၉ ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးပေးသည့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။ ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တွန်းဇံမြို့ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် ချင်းပြည်နယ် တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်စိတ်တစ်ပိုင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071