Wednesday, June 10, 2026

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးလုပ်ငန်းများကို MOFA အမြဲတမ်းအတွင်းဝန်...

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASEAN SOM) နှင့် ဆက်စပ်အစည်းအဝေးများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း...

အီရန်အပေါ် တုံ့ပြန်တို-က်ခိုက်မှုများ ပြုလုပ်ပြီးစီးဟု အမေရိကန်...

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ ရေဒါများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် မြေပြင်ကွပ်ကဲရေးစခန်းများသည် အမေရိကန်စစ်တပ်၏ တို-က်ခိုက်မှုပ-စ်မှတ်များ ဖြစ်လာခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ပြောကြားခဲ့သည်။ "အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM)...

ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ဦးလှဆွေမေးမြန်း

သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဆက်သွယ်ပေးထားသည့် ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့သည်။ ယနေ့ ဇွန်လ ၁၀ ရက်တွင်...

မိုးဦးကာလ မြစ်ရေမြင့်တက်မှုကြောင့် ရေယာဉ်များ သတိပြုခုတ်မောင်းရန်...

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းတို့ကြောင့် မြစ်ရေများ မြင့်တက်လာနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးသတိပြုခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက...
HomeInternationalတရုတ်က အာကာသတွင် ၉...

တရုတ်က အာကာသတွင် ၉ နာရီကြာလမ်းလျှောက်ပြီး ကမ္ဘာ့စံချိန်ချိုး

Tiangong အာကာသစခန်းမှ တရုတ်အာကာသယာဉ်မှူးနှစ်ဦးသည် အာကာသတွင် တစ်ကြိမ်တည်း အချိန်အကြာဆုံးလမ်းလျှောက်ခဲ့ခြင်းဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်က အမေရိကန်အာကာသအစီအစဉ်က တင်ထားခဲ့သော ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့သည်။

ရှန်ကျိူး-၁၉ အာကာသယာဉ် အဖွဲ့ဝင်များဖြစ်သော Cai Xuzhe နှင့် Song Lingdong တို့သည် ပေကျင်းစံတော်ချိန် ည ၉း၅၇ နာရီတွင် ၉ နာရီကြာ အထူးသီးသန့် လှုပ်ရှားမှု(EVA) ကို ပြီးမြောက်ခဲ့သည်ဟု တရုတ်အာကာသအေဂျင်စီ(CMSA) က ပြောဆိုခဲ့သည်။

ယခင်စံချိန်ကို ၂၀၀၁ ခုနှစ် မတ်လ ၁၁ ရက်က တင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူး James Voss နှင့် Susan Helms တို့က နိုင်ငံတကာအာကာသစခန်း ခရီးစဉ်အတွင်း Discovery အာကာသလွန်းပျံယာဉ် အပြင်ဘက်တွင် အချိန် ၈ နာရီ ၅၆ မိနစ်ကြာ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း နာဆာက ဆိုခဲ့သည်။

EVA ၉ နာရီစံချိန်သည် တရုတ်နိုင်ငံ၏ အာကာသလမ်းလျှောက်မှုသမိုင်းတွင် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယခုနှစ်အစောပိုင်းက ရှန်ကျိူး-၁၈ အာကာသယာဉ်မှူးများဖြစ်သော Ye Guangfu နှင့် Li Guangsu တို့သည် Tiangong အပြင်ဘက်တွင် အချိန် ၈ နာရီ ၂၃ မိနစ်နေထိုင်ကာ အလားတူမစ်ရှင်ကို ပြီးမြောက်ထားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးလုပ်ငန်းများကို MOFA အမြဲတမ်းအတွင်းဝန် အာဆီယံအစည်းအဝေးတွင် အကြံပြုဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASEAN SOM) နှင့် ဆက်စပ်အစည်းအဝေးများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ဇွန် ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးအတွင်း သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မူဘောင်အသီးသီးအောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကို အကြံပြုဆွေးနွေးခဲ့ကြသည်။ထို့ပြင် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းအသိပေးတင်ပြခဲ့ကြောင်း သိရသည်။ ယင်းအစည်းအဝေးများသည် မကြာမီကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်...

အီရန်အပေါ် တုံ့ပြန်တို-က်ခိုက်မှုများ ပြုလုပ်ပြီးစီးဟု အမေရိကန် CENTCOM ကြေညာ

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ ရေဒါများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် မြေပြင်ကွပ်ကဲရေးစခန်းများသည် အမေရိကန်စစ်တပ်၏ တို-က်ခိုက်မှုပ-စ်မှတ်များ ဖြစ်လာခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ပြောကြားခဲ့သည်။ "အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) တပ်ဖွဲ့များသည် ဇွန်လ ၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်အရ၊ မနေ့က အမေရိကန်စစ်တပ်၏ Apache ရဟတ်ယာဉ်ကို ပ-စ်ချခဲ့မှုအား တုံ့ပြန်သည့်အနေဖြင့် အီရန်အပေါ် မိမိကိုယ်ကို ခုခံကာကွယ်သည့် တိုက်ခိုက်မှုများကို ပြီးဆုံးခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "CENTCOM တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ မြေပြင်ထိန်းချုပ်ရေးစခန်းများနှင့် စောင့်ကြည့်ထောက်လှမ်းရေး...

ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ဦးလှဆွေမေးမြန်း

သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဆက်သွယ်ပေးထားသည့် ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့သည်။ ယနေ့ ဇွန်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယနေ့ပုံမှန်အစည်းအဝေးတွင် ၎င်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။ "တပ်ကုန်းမြို့မှာ ရပ်ကွက်ပေါင်း ၆ ရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၄၉ စု၊ ကျေးရွာပေါင်း ၁၇၆ ရွာ လူဦးရေ ၂ သိန်း ၇ သောင်းကျော်နေထိုင်ပါတယ်။ သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဖြတ်သန်းဆက်သွယ်ထားတဲ့ ပေ ၄၀၀ ရှိတဲ့ ဆင်‌ေ-သချောင်းကူးတံတားဟာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071