Sunday, May 31, 2026

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC...

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊...

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ...

G-2 မှ G-12 အထိ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက...

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြမ်းဖက်မှုများကြောင့် လူရာနှင့်ချီ၍ အဖမ်းခံရ

စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို...
HomeCelebrities' Newsတစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်ကပါရမီဖြည့်ရင်း...

တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်ကပါရမီဖြည့်ရင်း R ဇာနည်နဲ့ ဝမ်း မင်္ဂလာသက်တမ်း ၁၄နှစ် ပြည့်ပြီ

အဆိုတော် R ဇာနည်နဲ့ ဝမ်း တို့ရဲ့ မင်္ဂလာသက်တမ်းက အောက်တိုဘာလ ၂၇ ရက်နေ့က ၁၄နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါ တယ်။ မင်္ဂလာနှစ်ပတ်လည်နေ့မှာလည်း ချမ်းမြေ့ ရိပ်သာ ဘုန်း ကြီးကျောင်းမှာပဲ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်မှာ မြစ်ကြီးနားမှာ ဖျော်ဖြေဖို့ ခရီးသွားရမယ့် အတွက် Anniversary ကို အထွေ ထွေ အစီအစဉ်တွေနဲ့ မရှိပါဘူးလို့ ဆိုပါတယ်။

” မင်္ဂလာသက်တမ်း တစ်နှစ် ပြည့်တိုင်း ပြည့်တိုင်းတော့ အလှူ လေး လုပ်ဖြစ်တယ်။ ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်းမှာပဲ နှစ်တိုင်း နေ့ဆွမ်း ကပ်တယ်။ အလှူလုပ် တယ်ပေါ့။ ဒီနှစ်လည်း ဒီလိုပဲ ဘုန်းကြီး ကျောင်းမှာပဲ နေ့ဆွမ်းကပ်မယ်။ ပြီးရင် တော့ မြစ်ကြီးနားကို သီချင်းဆိုဖို့အတွက် ခရီးထွက်မှာပါ။ အိမ်ထောင်ပြုပြီး တောက် လျှောက်မှာလည်း တစ်ယောက်နဲ့တစ် ယောက် နားလည်မှုနဲ့ပဲ မိသားစုလေးကို တည်ဆောက်ခဲ့တယ်။ များသောအားဖြင့် တော့ အစ်ကိုတို့ ယောက်ျား လေးတွေဘက်က မိန်းကလေးတွေကို ဝေယျာဝစ္စ လိုလေသေး မရှိအောင် လုပ်ပေးတယ်။ ဒီလို ဒီအချိန်ထိ ရောက်လာတယ်ဆိုတာက တစ်ယောက်ရဲ့ လိုအပ်ချက်ကို အပြန်အလှန် ဖြည့်စည်းပြီး ရှေ့ဆက်လာတယ်။ ဒီလိုပဲ ညှိနှိုင်းပြီး နေရတာပေါ့” လို့ ဝမ်း က ပြောပါတယ်။

လက်ရှိမှာ ဝမ်းကလည်း ဒုတိယ သားငယ်လေး ကိုယ်ဝန် ၆ လ ရှိနေပြီဖြစ်တာကြောင့် အစစအရာရာ ဆင်ဆင်ခြင်ခြင်နေတယ်လို့ ဆိုပါတယ်။ တခြားပြင်ဆင်မှုတွေ ထက် မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေး ကို အဓိကထားတယ်လို့ ဆိုတဲ့ဝမ်း က…

“ဒုတိယကိုယ်ဝန်ဆိုတော့ ဘာ ပဲပြောပြော ပထမကိုယ်ဝန်ထက် တော့ သိသင့် တာတွေ ပိုပြီးသိလာရတာပေါ့။ အတတ်နိုင် ဆုံးတော့ မိခင်ကျန်းမာအောင် ဂရုစိုက်ပြီးနေ တယ်။ မိခင်ကျန်းမာမှ ဗိုက်ထဲက က လေးလည်း ကျန်းမာမယ်။ အစား အသောက်ကိုလည်း ကလေး အတွက် လိုအပ်တာကို အဓိကထား စားတယ်။ ဘာကိုမှဘယ်လောက် ကြိုက်ကြိုက် အလွန်အကျွံ မစား ဘဲနဲ့ ဆင်ခြင်နေတယ်။ မွေးဖွား မှာကလည်း ပန်းလှိုင်ဆေးရုံမှာ။ ဒေါက်တာ မေသူမျိုးညွှန့်က မွေး ပေးမှာပါ။ ပထမ ကလေးတုန်းက လည်း ရိုးရိုးပဲမွေးဖွားတာဆိုတော့ ဒုတိယကိုယ်ဝန်ကိုလည်း လိုအပ် တဲ့ပစ္စည်းလေးတွေဝယ်ထားတယ်။ တခြားကိစ္စတွေတော့ မစီစဉ်ရ သေးဘူး” လို့ ပြောပါတယ်။

R ဇာနည်က တန် ဆောင် တိုင်လပြည့်နေ့ ဆေးပေါင်းခ တဲ့ည ဖျော်ဖြေမှုကို ဇော်ဝင်း ထွဋ်၊ ဝေလတို့နဲ့ အတူပါဝင် သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071