Monday, August 17, 2026

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal Newsဆုကြေးငွေများတိုးမြှင့်ရရှိတော့မည့် မြန်မာအမျိုးသမီးလိဂ်

ဆုကြေးငွေများတိုးမြှင့်ရရှိတော့မည့် မြန်မာအမျိုးသမီးလိဂ်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကချုပ်ဆိုခဲ့သည့် မြန်မာအမျိုးသမီးလိဂ်နှင့် ကုမ္ပဏီများ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့သဖြင့် ယခု ကျင်းပမည့် ၂၀၂၆-၂၀၂၇ ရာသီ အမျိုးသမီးလိဂ်တွင် ဆုကြေးငွေများတိုးမြှင့်ရရှိလာတော့မည်ဖြစ်သည်။

ပြိုင်ပွဲတွင် အမှတ်ပေးချန်ပီယံအသင်းကို ငွေကျပ်သိန်း (၁,၀၀၀)၊ ဒုတိယအသင်းကို ငွေကျပ်သိန်း (၇၀၀)၊ တတိယအသင်းကို ငွေကျပ်သိန်း (၅၀၀)၊ စတုတ္ထအသင်းကို ငွေကျပ်သိန်း (၃၀၀)၊ ပဉ္စမအသင်းကို ငွေကျပ်သိန်း (၂၀၀)၊ ဆဋ္ဌမအသင်းကို ငွေကျပ် (၁၇၅) သိန်း၊ သတ္တမအသင်းကို ငွေကျပ်သိန်း (၁၅၀)၊ အဋ္ဌမအသင်းကို ငွေကျပ် (၁၂၅) သိန်း၊ နဝမအသင်းကို ငွေကျပ်သိန်း (၁၀၀) နှင့် အဆင့် (၁၀) အသင်းကို ငွေကျပ် (၇၅) သိန်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

ထို့ပြင် ကစားသမားများ ပွဲစဉ်တစ်ပွဲချင်းစီတွင် အကောင်းဆုံးစွမ်းဆောင်ရည်များပြသနိုင်စေရန်နှင့် ပြိုင်ဆိုင်မှုပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ AYA Pay ၏ အဓိကပံ့ပိုးကူညီမှုဖြင့် AYA Pay Player of the Match ဆုအဖြစ် ပွဲစဉ်တစ်ပွဲချင်းစီ၏ အကောင်းဆုံးကစားသမားရွေးချယ်ခံရသူအား AYA Pay Player of the Match ဆုတံဆိပ်နှင့် AYA Pay ငွေသားဆုငွေကျပ် (၅) သိန်း ချီးမြှင့်မည်ဖြစ်သည်။

ထို့အတူ ဝင်ရောက်ယှဥ်ပြိုင်သည့်အသင်းများအား ကလပ်အသင်းတစ်သင်းလျှင် အခြေခံထောက်ပံ့ငွေကျပ်သိန်း (၅၀၀) ထောက်ပံ့ပေးမည့်အပြင် အိမ်ကွင်းပွဲစဉ်များလက်ခံကျင်းပခြင်းနှင့် ဆက်စပ်ကုန်ကျစရိတ်များအတွက် သီးခြားထောက်ပံ့ပေးမည်ဖြစ်ကာ Myanmar Women’s League မှသတ်မှတ်ထားသော Development Criteria များကို ပြည့်မီအောင် ဆောင်ရွက်နိုင်သော ကလပ်အသင်းများကို Club Development Subsidy အဖြစ် အများဆုံးငွေကျပ်သိန်း (၂၀၀) အထိ ထပ်မံထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ယင်း ထောက်ပံ့ကြေးများကို ကလပ်အသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပရော်ဖက်ရှင်နယ်စံနှုန်းများ မြှင့်တင်ရေးနှင့် မြန်မာ့အမျိုးသမီးဘောလုံး အဆင့်အတန်းတိုးတက်မြင့်မားလာရေးတို့အတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီကကြီးမှူး၍ ၂၀၂၆-၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို မနက်ဖြန် ဇွန် ၁၅ ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၊ ပဒုမ္မာအားကစားကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁)၊ Yangon United Sports Complex (Y.U.S.C) နှင့် ပုသိမ်မြို့ကိုးသိန်းအားကစားကွင်းတို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ယခုနှစ်ဘောလုံးရာသီ၌ မြန်မာအမျိုးသမီးလိဂ်အား ဘက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ၊ I.S.P.E အက်ဖ်စီ၊ သစ္စာအားမာန် အက်ဖ်စီ၊ ရန်ကုန် ယူနိုက်တက် အက်ဖ်စီ၊ ရှမ်းယူနိုက်တက်အက်ဖ်စီ၊ Young Lionesses အက်ဖ်စီ၊ မြဝတီအက်ဖ်စီ၊ ရန်ကုန်စီးတီး အက်ဖ်စီ၊ ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီတို့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ သြဂုတ် ၁၆ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ဘယ်လာရုစ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်တွင် ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌတို့က ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071