Monday, August 31, 2026

အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက်...

ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ နာတာရှည်ကျောက်ကပ်ရောဂါအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်)...

တရုတ်နှင့် ကိုရီးယား ခရီးသွားများက မြန်မာ့ရိုးရာ...

ရန်ကုန်၊ ဩဂုတ် ၃၁ ပုဂံ၊ မန္တလေးနှင့် ပဲခူးဒေသများမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို ရန်ကုန်မြို့တွင် တစ်နေရာတည်း လေ့လာဝယ်ယူနိုင်ရန် ပြသရောင်းချလျက်ရှိရာ တရုတ်နှင့်...

စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင်...

ရန်ကုန်၊ ဩဂုတ် ၃၁ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့်...

စစ်ကိုင်းတိုင်း အထက်ပိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆...

နေပြည်တော်၊ ဩဂုတ် ၃၁ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...
HomeNewsLocal Newsစွမ်းအင်ကဏ္ဍသည် မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏...

စွမ်းအင်ကဏ္ဍသည် မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကအစိတ်အပိုင်းဖြစ်နေဆဲဟု နိုင်ငံတော်သမ္မတ ပြော

မော်စကို၊ ဩဂုတ် ၁၉ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ-ရုရှား နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ ဩဂုတ် ၁၉ ရက်တွင် ကျင်းပသည့် မြန်မာ-ရုရှား နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲ၌ ပြောကြားရာတွင် ရေနံတူးဖော်ထုတ်လုပ်ခြင်း၊ ရေနံသန့်စင်ထုတ်လုပ်ခြင်း၊ ရေနံထွက်ပစ္စည်းနှင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းလုပ်ငန်းများသည် နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် အထောက်အပံ့ကောင်းများဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် အဓိကမြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ်တို့အပါအဝင် မြစ်ချောင်း ၁,၀၀၀ ကျော်ရှိပြီး နှစ်စဉ် မုတ်သုံမိုးရွာသွန်းမှုမှာ ၂,၀၀၀ မီလီမီတာမှ ၅,၀၀၀ မီလီမီတာအကြားရှိသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် အလားအလာကောင်းများရှိကြောင်းလည်း ဆိုသည်။ သုတေသနပြုချက်များအရ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်ယူနိုင်မှု အလားအလာမှာ ၁၀၀ ဂစ်ဂါဝပ်ခန့်ရှိပြီး စီးပွားဖြစ်ထုတ်ယူနိုင်မှုအလားအလာမှာ ၄၀ မှ ၅၀ ဂစ်ဂါဝပ်အထိရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ထို့အပြင် မြန်မာနိုင်ငံသည် မြောက်လတ္တီကျု ၉ ဒီဂရီမှ ၂၈ ဒီဂရီအကြား တည်ရှိသည့်အတွက် နေရောင်ခြည်လုံလောက်စွာရရှိသော “အပူပိုင်းဒေသ နေရောင်ခြည်ခါးပတ်ကွင်း” အတွင်း ကျရောက်နေပြီး နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးအတွက် အလားအလာကောင်းမွန်သည့် ပထဝီအနေအထားရှိကြောင်းလည်း ပြောကြားခဲ့သည်။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၅၁,၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ (TWh/year) အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများသည် တစ်နှစ်ပတ်လုံး ဆိုလာစွမ်းအင်ထုတ်လုပ်နိုင်မှု မြင့်မားသည့်ဒေသများဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံး တပ်ဆင်မည်

ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ နာတာရှည်ကျောက်ကပ်ရောဂါအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံးနှင့် ရေသန့်စက်များ တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောက်ကပ်သွေးသန့်စင်စက်များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယမန်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သည်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးအပ်လျက်ရှိသည်။ လက်ရှိတွင်...

တရုတ်နှင့် ကိုရီးယား ခရီးသွားများက မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ စိတ်ဝင်စားစွာ ဝယ်ယူနေကြ

ရန်ကုန်၊ ဩဂုတ် ၃၁ ပုဂံ၊ မန္တလေးနှင့် ပဲခူးဒေသများမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို ရန်ကုန်မြို့တွင် တစ်နေရာတည်း လေ့လာဝယ်ယူနိုင်ရန် ပြသရောင်းချလျက်ရှိရာ တရုတ်နှင့် ကိုရီးယား ခရီးသွားများ အထူးစိတ်ဝင်စားစွာ လာရောက်ဝယ်ယူနေကြသည်။ အဆိုပါ အရောင်းဆိုင်ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပုဂံဒေသ မြင်းကပါရွာထွက် ယွန်းထည်ပစ္စည်း အမျိုးပေါင်း ၃၀ ကျော်၊ မန္တလေးနှင့် ပဲခူးဒေသထွက် သစ်သားပစ္စည်း ၅၀ ကျော်အပြင် သဲပန်းချီ၊ ယွန်းပန်းချီ၊ ကျောက်စီပန်းချီနှင့်...

စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင် သံရုံး၏ တရားဝင်ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ရန် အသိပေး

ရန်ကုန်၊ ဩဂုတ် ၃၁ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ကြရန် မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။ လက်ရှိတွင် PT၊ PE၊ PS အမျိုးအစားများသို့ ပြောင်းလဲလျှောက်ထားသူများသည် သံရုံး၏ တရားဝင် အီးမေးလ်သို့ လိုအပ်သည့် အချက်အလက်များ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး PV မှ PJ သို့ ပြောင်းလဲလျှောက်ထားသူများအနေဖြင့် ရယူထားသည့် ရက်ချိန်းအတိုင်း ခေတ္တစောင့်ဆိုင်းပေးရန် သံရုံးက အသိပေးထားသည်။ လျှောက်ထားမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071