Monday, August 31, 2026

အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက်...

ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ နာတာရှည်ကျောက်ကပ်ရောဂါအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်)...

စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင်...

ရန်ကုန်၊ ဩဂုတ် ၃၁ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့်...

စစ်ကိုင်းတိုင်း အထက်ပိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆...

နေပြည်တော်၊ ဩဂုတ် ၃၁ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...

၂၀၂၇ ခုနှစ် မတ်လကုန်၌ အလုံးစုံပြီးစီးမည့်...

မန္တလေး-နေပြည်တော် ရထားလမ်းပိုင်း၏ တံတားအ မှတ်(၆၉၁)စမုံချောင်းတံတားသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံရာမှပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် အရှည်(၃၆၄ ဒသမ ၁၇)ပေရှိ ကြိုတင်အားဖြည့်...
HomeNewsLocal Newsတရုတ်နှင့် ကိုရီးယား ခရီးသွားများက...

တရုတ်နှင့် ကိုရီးယား ခရီးသွားများက မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ စိတ်ဝင်စားစွာ ဝယ်ယူနေကြ

ရန်ကုန်၊ ဩဂုတ် ၃၁

ပုဂံ၊ မန္တလေးနှင့် ပဲခူးဒေသများမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို ရန်ကုန်မြို့တွင် တစ်နေရာတည်း လေ့လာဝယ်ယူနိုင်ရန် ပြသရောင်းချလျက်ရှိရာ တရုတ်နှင့် ကိုရီးယား ခရီးသွားများ အထူးစိတ်ဝင်စားစွာ လာရောက်ဝယ်ယူနေကြသည်။

အဆိုပါ အရောင်းဆိုင်ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပုဂံဒေသ မြင်းကပါရွာထွက် ယွန်းထည်ပစ္စည်း အမျိုးပေါင်း ၃၀ ကျော်၊ မန္တလေးနှင့် ပဲခူးဒေသထွက် သစ်သားပစ္စည်း ၅၀ ကျော်အပြင် သဲပန်းချီ၊ ယွန်းပန်းချီ၊ ကျောက်စီပန်းချီနှင့် ရွှေချည်ငွေချည်ထိုး ပန်းချီကားများကို ပြသရောင်းချထားသည်။

ဆိုင်တွင် ဟိုတယ်၊ ကုမ္ပဏီ၊ စားသောက်ဆိုင်နှင့် နေအိမ်များ၌ အလှဆင်နိုင်သည့် ယွန်းမြန်မာ့စောင်း၊ ပတ္တလား၊ ဆွမ်းအုပ်၊ ရေနွေးအိုး၊ ဝိုင်ခွက်နှင့် လက်ဝတ်ရတနာ အသုံးအဆောင်များ ပါဝင်သည်။

ထို့ပြင် သစ်သားဖြင့် ပြုလုပ်ထားသော ကရဝိက်ဖောင်တော်၊ မြန်မာ့ဆိုင်းဝိုင်း၊ အရုပ်များနှင့် မန္တလေးတောင်၊ ဦးပိန်တံတား၊ ပုဂံနန်းတွင်းသူ ပုံရိပ်များ ရို-က်နှိပ်ထားသည့် အင်္ကျီများကိုပါ စုံလင်စွာ ခင်းကျင်းထားသည်။

ယခုကဲ့သို့ တစ်နေရာတည်းတွင် စုစည်းပြသရောင်းချခြင်းသည် မြန်မာ့ရိုးရာ လက်မှုပညာများကို ထိန်းသိမ်းမြှင့်တင်နိုင်သည့်အပြင် ဒေသထွက်လက်မှုပစ္စည်းများကို ပြည်တွင်းပြည်ပဈေးကွက်သို့ ပိုမိုရောက်ရှိစေရေးနှင့် လက်မှုပညာရှင်များအတွက် များစွာ အထောက်အကူဖြစ်စေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံး တပ်ဆင်မည်

ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ နာတာရှည်ကျောက်ကပ်ရောဂါအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံးနှင့် ရေသန့်စက်များ တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောက်ကပ်သွေးသန့်စင်စက်များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယမန်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သည်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးအပ်လျက်ရှိသည်။ လက်ရှိတွင်...

စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင် သံရုံး၏ တရားဝင်ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ရန် အသိပေး

ရန်ကုန်၊ ဩဂုတ် ၃၁ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ကြရန် မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။ လက်ရှိတွင် PT၊ PE၊ PS အမျိုးအစားများသို့ ပြောင်းလဲလျှောက်ထားသူများသည် သံရုံး၏ တရားဝင် အီးမေးလ်သို့ လိုအပ်သည့် အချက်အလက်များ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး PV မှ PJ သို့ ပြောင်းလဲလျှောက်ထားသူများအနေဖြင့် ရယူထားသည့် ရက်ချိန်းအတိုင်း ခေတ္တစောင့်ဆိုင်းပေးရန် သံရုံးက အသိပေးထားသည်။ လျှောက်ထားမှု...

စစ်ကိုင်းတိုင်း အထက်ပိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော်၊ ဩဂုတ် ၃၁ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် မိုးကြီးမည့် သတိပေးချက် အမှတ်စဉ် (၆၂/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်များ အားကောင်းနေခြင်းတို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071