Home News Local News စစ်ကိုင်းမြို့ပေါ် ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေ ကျပ်သိန်း ၁၁၄ ကျော်...

စစ်ကိုင်းမြို့ပေါ် ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေ ကျပ်သိန်း ၁၁၄ ကျော် ပေးအပ်

0
87

စစ်ကိုင်း၊ ဩဂုတ် ၁၅

စစ်ကိုင်းမြို့ပေါ် ရပ်ကွက် (၉) ခုရှိ ရေဘေးသင့်အိမ်ထောင်စု ၄၁၂ စုမှ လူဦးရေ ၁,၅၆၉ ဦးအတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်ရိက္ခာ၊ ကြက်ဥ၊ ငါးသေတ္တာဘူးများနှင့် ထိခိုက်လွယ်အုပ်စုဝင်များအတွက် ထောက်ပံ့ငွေကျပ် ၁၁၄ သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ရာတွင် စစ်ကိုင်းမြို့နယ် ထုံးဘိုရပ်ကွက် ရေဘေးရှောင်စခန်းရှိ ထုံးဘိုနှင့် တကောင်းရပ်ကွက်တို့မှ ရေဘေးသင့်အိမ်ထောင်စု ၅၀ စု၊ လူဦးရေ ၂၀၄ ဦး၊ သောတာပန်ရပ်ကွက် လေးကျွန်းမာရ်အောင်ဘုရားဝင်းအတွင်းရှိ သောတာပန်နှင့် စိန်ကုန်းရပ်ကွက်တို့မှ ရေဘေးသင့်အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၅၀ နှင့် ဧမြဝတီရပ်ကွက် ရှစ်မျက်နှာဘုရားဝင်းအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၁၇၅ စု၊ လူဦးရေ ၆၅၀ တို့အတွက် ဆန်ရိက္ခာဖိုး၊ ကြက်ဥနှင့် ငါးသေတ္တာဘူးများကို ဩဂုတ် ၁၄ ရက်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအနက် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်ငါးနှစ်အောက် ကလေးငယ်များ၊ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များနှင့် မသန်စွမ်းသူများကို တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here