Thursday, September 10, 2026

ငွေကြေးလိုအပ်ချက်အရ အိမ်ရှင်အမျိုးသမီးကြီးကိုသတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် ဖုန်းတို့ကိုလု...

ငွေကြေးလိုအပ်ချက်ကြောင့် အိမ်အကူသားအမိက အိမ်ရှင်အမျိုးသမီးကြီးကိုသတ်ဖြတ်၍ လက်ဝတ်ရတ နာများနှင့် ဖုန်းတို့ကိုလုယက်ယူဆောင်ခဲ့မှု စက်တင်ဘာ ၇ ရက်ည ၉ နာရီ ၄၅ မိနစ်ခန့်က...

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ ကစား...

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘော လုံးအသင်း၏ ကစားသမား(၂၃)ဦးအမည်စာရင်းကို အမျိုးသမီးအသင်းနည်းပြချုပ် ကောလင်းဘဲလ်က ထုတ်ပြန်ခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲတွင် အုပ်စု(B)၌ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူကျရောက်လျက်ရှိကာ...

ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် ဩစတြေးလျက ဒေါ်လာ...

ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးရေလျှံမှုဒဏ်ခံစားနေရသူများအတွက် ဩစတြေးလျဒေါ်လာ ၄၀၀,၀၀၀ ထပ်တိုးကူညီပံ့ပိုးမည်ဖြစ်ကြောင်း ယမန်နေ့ က ဩစတြေးလျသံရုံး(မြန်မာ) က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအကူအညီများကို ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း...

ဓာတ်ရောင်ခြည်ကာကွယ်ရေး အရာရှိသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်

နေပြည်တော်၊စက်တင်ဘာ ၉ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနက ဖွင့်လှစ်မည့် ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ (Radiation Protection Officer - RPO) သင်တန်း အပတ်စဉ် (၃)...
HomeNewsLocal Newsဂျပန်မှာစံချိန်တင် မိုးရွာ၊ အာရှအားကစားပြိုင်ပွဲဝင်များကို...

ဂျပန်မှာစံချိန်တင် မိုးရွာ၊ အာရှအားကစားပြိုင်ပွဲဝင်များကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ

ကြာသပတေးနေ့တွင် အားကစားပွဲများကို စတင်လက်ခံကျင်းပနေသည့် နာဂိုယာမြို့တွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံရှိ အာရှအားကစားပြိုင်ပွဲဝင် ကစားသမားရာပေါင်းများစွာကို ၎င်းတို့တည်းခိုရာနေရာများမှ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
      
မိုးရေများသည် ပြိုင်ပွဲကျင်းပရာနေရာအချို့သို့လည်း စိမ့်ဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး လာမည့်ရက်များတွင် မိုးရွာသွန်းမှုများ ပိုများလာနိုင်ကြောင်း ခန့်မှန်းထားသည်။
     
အင်္ဂါနေ့က နာဂိုယာတွင် တစ်နာရီအတွင် မိုးရေချိန် လေးလက်မခန့်အထိ ရွာသွန်းခဲ့သောကြောင့် မြို့၏ အစိတ်အပိုင်းများတွင် ဘေးလွတ်ရာရွှေ့ပြောင်းရန် မြူနီစီပယ်အရာရှိများ က အမိန့်ထုတ်ခဲ့ရသည်။
      
လူသားများ၏ ပ‌ယောဂကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုသည် ဂျပန်နိုင်ငံနှင့် ကမ္ဘာ့အခြားနေရာများတွင်ပါ ရာသီဥတုဖြစ်ရပ်များ၏ ကြိမ်နှုန်းနှင့် ပြင်းထန်မှုကို တိုးမြင့်စေသည်ဟု သိပ္ပံပညာရှင်များက ပြောဆိုကြသည်။
      
ယခုနှစ် အာရှအားကစားပြိုင်ပွဲတွင် အားကစားရွာ ကို မထားရှိဘဲ စီစဉ်သူများက အပျော်စီးသင်္ဘော၊ ယာယီသစ်သားအခန်းများနှင့် ဟိုတယ်များကို စီစဉ်ပေးထားသည်။
      
မြို့၏ ဂါးဒင်းဆိပ်ခံဧရိယာရှိ သစ်သားအခန်းများတွင် နေထိုင်သော အားကစားသမား ရာပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အကြောင်းကြားခဲ့ကြောင်း နာဂိုယာဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
     
အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်ပွဲအခမ်းအနားဖြင့် တရားဝင်စတင်မည်ဖြစ်သော်လည်း အချို့အားကစားပွဲများကို စတင်ကျင်းပနေပြီဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေကြေးလိုအပ်ချက်အရ အိမ်ရှင်အမျိုးသမီးကြီးကိုသတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် ဖုန်းတို့ကိုလု ယက်ယူဆောင်ခဲ့သည့် အိမ်အကူသားအမိကို ဖမ်းဆီးရမိ

ငွေကြေးလိုအပ်ချက်ကြောင့် အိမ်အကူသားအမိက အိမ်ရှင်အမျိုးသမီးကြီးကိုသတ်ဖြတ်၍ လက်ဝတ်ရတ နာများနှင့် ဖုန်းတို့ကိုလုယက်ယူဆောင်ခဲ့မှု စက်တင်ဘာ ၇ ရက်ည ၉ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၌ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၈)ရပ် ကွက်နေ ဒေါ်သိန်းမြင့်(၇၄)နှစ်အား အိမ်အကူဖြစ်သူ တင်နွယ်(၅၈)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ အေးမြတ်မွန်(ခ)သူသူ(၁၇)နှစ်တို့က နေအိမ်ရှေ့ဧည့်ခန်း၌မျက်နှာပေါ်ခေါင်းအုံးနှင့်စောင်အုပ်၍သတ်ဖြတ်ကာ ၎င်းဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများနှင့် ဖုန်းတို့ကိုလုယက်ယူဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဗိုလ်တထောင်မြို့မရဲစခန်းက (ပ)၅၈၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့်အမှုဖွင့်ကာဖမ်းဆီးရမိရေးအတွက်စုံ စမ်းစစ်ဆေးခဲ့ကြသဖြင့် ၎င်းတို့အား စက်တင်ဘာ ၈...

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ ကစား သမား(၂၃)ဦးအမည်စာရင်းကို နည်းပြချုပ်ထုတ်ပြန်

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘော လုံးအသင်း၏ ကစားသမား(၂၃)ဦးအမည်စာရင်းကို အမျိုးသမီးအသင်းနည်းပြချုပ် ကောလင်းဘဲလ်က ထုတ်ပြန်ခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲတွင် အုပ်စု(B)၌ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူကျရောက်လျက်ရှိကာ စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်အားလုံးကို ဂျပန်နိုင်ငံ Osaka မြို့ရှိ Nagai Stadium ၌ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် စက်တင်ဘာ ၁၀ ရက်တွင်ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ အာရှအားကစားပြိုင်ပွဲ၏...

ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် ဩစတြေးလျက ဒေါ်လာ ၄ သိန်း ကူညီမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးရေလျှံမှုဒဏ်ခံစားနေရသူများအတွက် ဩစတြေးလျဒေါ်လာ ၄၀၀,၀၀၀ ထပ်တိုးကူညီပံ့ပိုးမည်ဖြစ်ကြောင်း ယမန်နေ့ က ဩစတြေးလျသံရုံး(မြန်မာ) က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအကူအညီများကို ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။ ဩစတြေးလျအနေဖြင့် မြန်မာနိုင်ငံ၏နေရာအများအပြားတွင်ဖြစ်ပွားခဲ့သော ဆိုးရွားသည့်ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသူများနှင့်ထပ်တူ ဝမ်းနည်းမိကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။ မိမိတို့၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ထိခိုက်မှုအပြင်းထန်ဆုံးဒေသအများအပြားအပါအဝင် မြေပြင်တွင် အကူအညီများပေးအပ်လျက်ရှိကြောင်းလည်း သိရသည်။ အဆိုပါ ပံ့ပိုးမှုများမှ  ဘေးကင်းလုံခြုံသော သောက်သုံးရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ဆီ ပိုမိုလက်လှမ်းမီနိုင်ကြစေရန်၊ အရေးပေါ်အမိုးအကာနှင့် အိမ်ထောင်စုအသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန်၊ အစားအစာနှင့် တစ်ဦးချင်းကာကွယ်စောင့်ရှောက်မှုဆိုင်ရာအကူအညီများပေးအပ်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071