Thursday, July 23, 2026

ဇဗ္ဗူသီရိမြို့နယ်ရှိ နေရာအချို့တွင် ရေနှုတ်မြောင်းရေလျှံမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေ...

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် ယနေ့ ဇူလိုင် ၂၃ ရက်နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ဗေဗေ့မောင်ဆည်မှလာသော ရေနှုတ်မြောင်းရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေလျှံမှုကြောင့်...

ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာများ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း (Diploma in Fisheries and Aquaculture) သို့ တက်ရောက်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများကို...

(၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ...

​အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း (Dr. Kao Kim Hourn) ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီကနေ့ ကျင်းပတဲ့...

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား...

ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀...
HomeNewsLocal Newsခန္တီးမြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုများနှင့်ပတ်သက်၍ လွှတ်တော်တွင်...

ခန္တီးမြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုများနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးမြန်း၊ ဥပဒေကျော်လွန်ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူမည်ဟု ဒုတိယဝန်ကြီးပြော

နေပြည်တော်၊ ဇူလိုင် ၂၃

ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများကို ကျော်လွန်၍ ဆောင်ရွက်နေသည်ဟုဆိုသည့် ကိစ္စများကို မည်သို့ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။

ဦးဂုဏ်ဝမ်းက ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း ခန္တီးမြို့နယ်၌ ဥပဒေနှင့်မညီသည့် အတင်းအဓမ္မဖမ်းဆီးမှုများ ရှိနေကြောင်း တွေ့ရှိရသည်ဟု လွှတ်တော်တွင် တင်ပြခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ၂၀၂၆ ခုနှစ် မေ ၉ ရက်မှ ၁၃ ရက်အတွင်း ပြည်သူ့စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည်ဟု တင်ပြထားသည့် လူ(၉)ဦး၏ အခြေအနေကို စိစစ်ခဲ့ကြောင်း ပြောကြားသည်။

စိစစ်ချက်အရ ဦးဆားပါ၊ ဦးဖိုးချစ်လုံး၊ ဦးနောင်မိုင်နှင့် ဦးဇော်ဝင်းတို့ (၄)ဦးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများအရ စစ်မှုထမ်းရမည့်သူများဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅)တွင် တက်ရောက်လျက်ရှိကြောင်း၊ ကျန် (၅)ဦးအနက် ဦးသီဟစိုးမှာ သတ်မှတ်အသက်ကျော်လွန်နေသူဖြစ်ပြီး ဦးသန်းထွန်းအောင်၊ ဦးရှိန်မင်းအောင်နှင့် ဦးမင်းသန့်တို့မှာ ကျောင်းသားများဖြစ်ကြောင်း၊ ဦးဉာဏ်မြင့်လှိုင်မှာ မိဘအိုများကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်သဖြင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီးက အဆိုပါ (၉)ဦးမှာ ပုံစံ(၁) အမည်စာရင်းတွင် ပါဝင်သူများဖြစ်ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပုံစံ(၂)ဖြင့် ဥပဒေနှင့်အညီ ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်အနေဖြင့် ဥပဒေနှင့်မညီသည့် ဆင့်ခေါ်မှုများ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်၍ ဆောင်ရွက်မှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ လူဦးရေ ၄၃,၀၅၃ ဦးခန့်ရှိသည့် ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ထားသည့် လူဦးရေခွဲတမ်းအရ အပတ်စဉ် (၆) ဦးနှုန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇဗ္ဗူသီရိမြို့နယ်ရှိ နေရာအချို့တွင် ရေနှုတ်မြောင်းရေလျှံမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေ မီးသတ်တပ်ဖွဲ့က ကူညီရွှေ့ပြောင်းပေး

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် ယနေ့ ဇူလိုင် ၂၃ ရက်နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ဗေဗေ့မောင်ဆည်မှလာသော ရေနှုတ်မြောင်းရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေလျှံမှုကြောင့် ရွှေကြာပင်ရပ်ကွက်၊ ငဝန်လမ်း၊ စိန် ပန်းပြာ(၁)လမ်း၊ စိန်ပန်းပြာ(၂)လမ်း၊ ရွှေလီလမ်းနှင့် ပမ္ပဝတီလမ်းတို့ရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဝင်ရောက်နေသည့်နေအိမ်များတွင် နေထိုင်သူများနှင့် ပစ္စည်းများအားကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာမှတိုက်အချို့ ၏ မီတာများရေမြုပ်နေ၍ လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရသည့်အပြင် ကံ့ကော်အိမ်ရာ၊ ပိတောက်အိမ်ရာ၊ ၃ ထောင်ကျော်၊ ၄ ထောင်ကျော်၊ ၅ ထောင်ကျော်နှင့်...

ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း (Diploma in Fisheries and Aquaculture) သို့ တက်ရောက်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများကို ခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ သင်တန်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အသက် ၂၂ နှစ်ထက် မကြီးသူ ဖြစ်ရမည်ဖြစ်သည်။ ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ၌ မွေးမြူရေးအတတ်ပညာဘာသာရပ်တွင် အဆင့် (B) ရရှိထားသူများလည်း ဖြစ်ရမည်ဟု...

(၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်သို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တက်ရောက်

​အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း (Dr. Kao Kim Hourn) ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီကနေ့ ကျင်းပတဲ့ (၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (ARF) ကို တခြား ARF အဖွဲ့ဝင်တွေဆီက နိုင်ငံခြားရေးဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေနဲ့အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဖိုရမ်ကို ဒီထက်ပိုပြီး အားကောင်းလာစေဖို့ ကြိုးပမ်းရမယ့် အပိုင်းတွေကို ဆွေးနွေးခဲ့ကြသလို၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ တိုးတက်ပြောင်းလဲမှု အခြေအနေတွေအပေါ်မှာလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။ ​ဒါ့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071