Thursday, July 23, 2026

ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာများ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း (Diploma in Fisheries and Aquaculture) သို့ တက်ရောက်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများကို...

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား...

ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀...

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ...

နေပြည်တော်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက...

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့်...

နေပြည်တော်၊ ဇူလိုင် ၂၃ လက်ရှိကြုံတွေ့နေရသည့် စားသောက်ကုန်နှင့် အခြေခံစားသုံးကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကဏ္ဍအလိုက်...
HomeNewsLocal News(၃၃) ကြိမ်မြောက် အာဆီယံ...

(၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်သို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တက်ရောက်

​အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း (Dr. Kao Kim Hourn) ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီကနေ့ ကျင်းပတဲ့ (၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (ARF) ကို တခြား ARF အဖွဲ့ဝင်တွေဆီက နိုင်ငံခြားရေးဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေနဲ့အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဖိုရမ်ကို ဒီထက်ပိုပြီး အားကောင်းလာစေဖို့ ကြိုးပမ်းရမယ့် အပိုင်းတွေကို ဆွေးနွေးခဲ့ကြသလို၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ တိုးတက်ပြောင်းလဲမှု အခြေအနေတွေအပေါ်မှာလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

​ဒါ့အပြင် အာဆီယံကို ဗဟိုပြုတဲ့စနစ်အပေါ် ARF အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကို ဒီအစည်းအဝေးမှာ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။ ARF ဟာ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ဆွေးနွေးတိုင်ပင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အားလုံးပါဝင်နိုင်တဲ့၊ အခြေအနေနဲ့ ဆီလျော်ပြီး လက်တွေ့ကျကျ တုံ့ပြန်ဖြေရှင်းနိုင်တဲ့ စင်မြင့်တစ်ခုအဖြစ် ဆက်ရှိနေစေဖို့ သူတို့ရဲ့ ကတိကဝတ်တွေကိုလည်း ပြသခဲ့ကြပါတယ်။

​ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာ၊ ပေဆေး (Pasay) မြို့မှာ ဒီနေ့(ဇူလိုင်လ ၂၃ ရက်) ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်ကျင်းပတဲ့ ဒီအာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (ARF) ကို ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းလည်း တက်ရောက်ခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း (Diploma in Fisheries and Aquaculture) သို့ တက်ရောက်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများကို ခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ သင်တန်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အသက် ၂၂ နှစ်ထက် မကြီးသူ ဖြစ်ရမည်ဖြစ်သည်။ ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ၌ မွေးမြူရေးအတတ်ပညာဘာသာရပ်တွင် အဆင့် (B) ရရှိထားသူများလည်း ဖြစ်ရမည်ဟု...

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား ထောက်ပံ့ကြေး ပေးအပ်

ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀ ကို ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၂ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ကြေးပေးအပ်မှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ ကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အမှာစကားပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်...

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ ၇၆ လုံး ဖြိုချဖျ-က်ဆီးပြီး၊ တစ်လုံးသာ ကျန်ရှိ

နေပြည်တော်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စနစ်တကျ ဖြိုချဖျ-က်ဆီးလျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖျ-က်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ တစ်လုံးသာ ရှိတော့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျ ဖောက်ခွဲဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံစုစုပေါင်း (၇၇) လုံးအနက် (၅၇) လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးရန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071