Home Movies ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

0
94

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေသည်။

လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း (အရှည် ၆၀၀၀ ပေ × အကျယ် ၁၅၀ ပေ) မှ (အရှည် ၈၀၀၀ ပေ × အကျယ် ၁၅၀ ပေ) အထိ တိုးချဲ့ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်နေမှုကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ကော့သောင်းလေဆိပ် ကုန်စည်အဆောက်အဦ တည်ဆောက်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here