Thursday, July 10, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeCelebrities' Newsကိုယ့်ကံက ဘယ်လိုဖူးစာဖက် မျိုးနဲ့...

ကိုယ့်ကံက ဘယ်လိုဖူးစာဖက် မျိုးနဲ့ လက်တွဲဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ဟိန်းဝေယံ

လတ်တလောမှာ ဟိန်းဝေယံက ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးနေသလို နယ်မှာလည်း သီချင်းတွေ သွားရောက်ဆိုဖြစ်နေပြီး သီချင်းခွေတွေ ထွက်ရှိ ဖို့လည်း သီချင်းတွေ ဝယ်စုနေတယ်လို့ သိရပါတယ်။

“သီချင်းကို ကျွန်တော် ဟိုးအရင်ကတည်းက တအားဝါသနာပါ ပါတယ်။ အခုအချိန်မှာလည်း ရှုတင်ရှိတဲ့ အချိန်မှာ ရှုင်တင်ရိုက် တယ်။ ရှုတင်နားတဲ့ အချိန်မှာ သီချင်းဘက်ကို လုပ်ဖြစ်တဲ့ သဘောပါပဲ။ တေးရေးဆရာတွေ ကတော့ အစုံပါပဲ။ လောလောဆယ်တော့ ကျွန်တော် တစ်ယောက်တည်း ဆိုဖို့ပဲ စဉ်းစားထားသေးတယ်။ တွဲဖက်ဆိုမယ့်သူတွေ ဘာတွေ မစဉ်းစားရသေးပါဘူး။ သီချင်းတွေက R&Bပုံစံမျိုးတွေ ဖြစ်မယ် Pop သီချင်းတွေပါမယ်။ ထွက်ဖို့ကတော့ လိုပါသေးတယ်။ ကျွန်တော်တို့က စပြီးကြိုးစားတုန်းပဲ ရှိသေးတယ်” လို့ ပြောပါတယ်။ ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ဖန်တီးပုံဖော်မယ့် ဇာတ်ကားတွေလည်းရှိပြီး သူကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွေဆိုရင် ဒါရိုက်တာအနေနဲ့ ရိုက်ကူး သွားမှာဖြစ်ကြောင်းပြောပါတယ်။ အခု လောလောဆယ်မှာ ချစ်သူမရှိဘဲ  တစ်ယောက်တည်းပါပဲလို့ ဆိုတဲ့ ဟိန်းဝေယံက သူ့ရဲ့ မင်္ဂလာသတင်းကတော့ အဝေးကြီး လိုပါသေးတယ်လို့ ဆိုပါတယ်။  “ကျွန်တော်အခုအချိန်မှာ တစ်ယောက်တည်းပါပဲ။

ချစ်သူမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ဘယ်လို ချစ်သူမျိုး ရွေးချယ်မယ်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ ဘယ်အရွယ်မှာ အိမ်ထောင်ပြုမလဲဆိုတာလည်း ကျွန်တော် သတ်မှတ်ထားတာမရှိဘူး။ တချို့ကြတော့လည်း ထားပါတော့ အသက် ၂၅ နှစ် ၂၆ နှစ်လောက်မှ အိမ်ထောင်ပြုမယ်လို့ ပြောပြီးမှ လူပျိုဖြစ်ကြီး ဖြစ်သွားတဲ့ လူတွေလည်း ရှိတယ်။ အသက်၃ဝကျော်မှ အိမ်ထောင်ကျတဲ့ လူတွေလည်းရှိတယ် လေ။ ကိုယ့်ကံပဲပေါ့။ လူပျိုကြီးဖြစ်ဖို့ ကံပါလာရင်လည်း လူပျိုကြီး ဖြစ်မယ်။ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ကံပါလာရင်တော့ အိမ်ထောင်တစ်ကို ထူထောင်ဖြစ်မယ်ပေါ့။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ အိမ်ထောင်ပြုမယ်မပြုဘူး၊ ဘယ်တော့ အိမ်ထောင်ပြုမလဲဆိုတာ သတ်မှတ်ထားတာ မရှိပါဘူး လို့ ပြောပါတယ်။

 ခိုင်ဝေလွင်

ဓာတ်ပုံ- ရဲလင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071