အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ၏ IBEC ဆရာတော်နှင့် Taiwan Nibbâna Society တို့စုပေါင်း၍ စစ်ကိုင်းတိုင်းရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၅၅) ကျောင်းကို သာသနာပြုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်ပြီး ဆန်နှင့် ဆီများကိုလှူဒါန်းပေးခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကြောင့် ဆွမ်း/ခဲဖွယ်အခက်အခဲရှိနေသည့် စစ်ကိုင်းမြို့နှင့် မင်းကွန်းဒေသရှိ ဘုန်းတော်ကြီးကျောင်း (၁၀၁) ကျောင်းနှင့် သီလရှင်စာသင်တိုက် (၅၄) ကျောင်းတို့ကို ကျောင်းတိုက်တစ်တိုက်လျင် ဆန် (၁) အိတ်နှင့် ဆီ (၁) ပုံးစီကို ယနေ့ မေ ၂ ရက်က လှူဒါန်းပေးခဲ့သည်။
