Saturday, May 2, 2026

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့်...

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့...

ရန်ကုန်နှင့် ဧရာဝတီတွင် မီးလေ-ာင်မှုများဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့များ...

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မီးလေ-ာင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်...

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြု...

လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက...

ပဲခူးတိုင်းမှလူရည်ချွန်များကို တိုင်းဝန်ကြီးချုပ်ကထောက်ပံ့ငွေကျပ် (၁၃၂) သိန်း...

၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့သွားရောက်မည့် ပဲခူးတိုင်းမှလူရည်ချွန်ကျောင်းသား/သူများကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေ ၁ ရက်နံနက်ပိုင်းတွင် ထောက်ပံ့ငွေကျပ် (၁၃၂) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း...
HomeNewsLocal Newsရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သွေးလှူဒါန်း

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် စုပေါင်းသွေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ယနေ့ မေ ၂ ရက်နံနက်ပိုင်းက သွေးလှူဒါန်းခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ကြည်ရှု့အားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို ခွန်အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့ပြင် နေပြည်တော်ရှိ မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ သွေးလှူဒါန်းရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်မင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဒေါက်တာအေးထွန်း၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများကကြည်ရှု့အားပေးပြီး ခွန်အားဖြည့်အဟာရအစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အမှတ် (၁၂) တပ်မတော်ဆေးရုံကုတင် (၁၀၀) ၊ ဧရာဝတီတိုင်း၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတို့တွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့် India House တွင် တွေ့ဆုံ​​မြန်မာ့တပ်မတော် (ရေ) ၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း အိန္ဒိယသံရုံးက ယနေ့တွင်ထုတ်ပြန်သည်။​​အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် အဖွဲ့အား...

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူတို့နှင့် တွေ့ဆုံခဲ့ကြသည်။ ​အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ရေတပ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ဒေသတွင်းရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်နှင့် ဧရာဝတီတွင် မီးလေ-ာင်မှုများဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့များ အချိန်မီငြှိမ်းသတ်နိုင်ခဲ့

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မီးလေ-ာင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် နံနက် (၉) နာရီခွဲ ဝန်းကျင်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီးနှင့် အနီးအနားနယ်မြေ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဟင်္သာတမြို့နယ်၊ တလုတ္ထော်တိုက်နယ်၊...

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြု ရွှေမြင်တင်စေတီတော်အားရေသပ္ပါယ်ပြီး ရင်ပြင်တော်သန့်ရှင်းရေးပြုလုပ်

လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ယနေ့ မေ ၂ ရက်နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ရွှေမြင်တင်စေတီတော်မြတ်ကြီးအား ရေသပ္ပါယ်ခြင်း၊ စေတီ‌တော်ရင်ပြင်တော်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူခြင်းများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071