Tuesday, August 18, 2026

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇...

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့်သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက်...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးနေဇာကျော်သည် ဇူလိုင် ၁၅ ရက်က လုပ် ငန်းခွင်၌မတော်တဆမှုဖြစ်ပွားကာသေ...
HomeNewsLocal Newsကားလမ်းမကြီးများပေါ်ရှိ တရားမဝင်ငွေကြေးကောက်ခံမှုများ တိုင်ကြားလာပါက...

ကားလမ်းမကြီးများပေါ်ရှိ တရားမဝင်ငွေကြေးကောက်ခံမှုများ တိုင်ကြားလာပါက ဥပဒေအရ အရေးယူလျက်ရှိဟု ဒုတိယဝန်ကြီး ပြော

နေပြည်တော်၊ ဇူလိုင် ၂၅

တစ်နိုင်ငံလုံးရှိ ကားလမ်းမကြီးများပေါ်တွင် တရားဝင်လုံခြုံရေးဂိတ်အချို့၏ တရားမဝင်ငွေကြေးကောက်ခံမှုများ ပပျောက်စေရေးနှင့်ပတ်သက်၍ တိုင်ကြားချက်များ ရရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် မိုးကောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းအောင်က ကချင်ပြည်နယ်နှင့် တစ်နိုင်ငံလုံးရှိ ကားလမ်းမကြီးများပေါ်၌ တရားမဝင်ငွေကြေးကောက်ခံမှုများ လျော့နည်းပပျောက်စေရေးအတွက် အစီအမံများရှိ၊ မရှိ မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်မဖြစ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် စောင့်ဆိုင်းချိန်ကြာမြင့်မှုများ မဖြစ်ပေါ်စေရေး၊ တရားမဝင်ငွေကြေးကောက်ခံမှုများ မရှိစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် မော်တော်ယာဉ်များထံမှ ငွေကြေးမတရားတောင်းခံခြင်း မပြုရန် အသိပေးစာနှင့် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များပါဝင်သော ဗီနိုင်းဆိုင်းဘုတ်များကို စိုက်ထူထားပြီး တိုင်ကြားချက်များ ရရှိပါက စုံစမ်းစစ်ဆေး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မန္တလေး-မြစ်ကြီးနား ကားလမ်းကြောင်းရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင်လည်း တာဝန်ရှိသူအဆင့်ဆင့်၏ ကြပ်မတ်စစ်ဆေးမှုများ၊ CCTV ကင်မရာများဖြင့် စောင့်ကြည့်ခြင်း၊ ငွေကြေးတောင်းခံမှုမပြုရန် အသိပညာပေးတားမြစ်ခြင်းနှင့် တိုင်ကြားချက်များအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင် စစ်ကိုင်းမြို့ နယ်အတွင်း ရေကြီးရေလျှံစဥ် အိမ်ခြေ(၁၈၄)အိမ်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်း(၄၈)တွင်းအား ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးနှင့် သောက်သုံးရေသန့်ရှင်းစိတ်ချရမှုရှိစေရေးအတွက် ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြားများဝေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါနှင့် မြွေအန္တရာယ်အကြောင်းတို့ကိုလည်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇ ရက်ကပြုလုပ်စဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်/မြို့နယ်များရှိ ကျေးရွာများ၌ စိုက်ပျိုးလျက်ရှိသည့် စပါး၊ ပဲစဉ်းငုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုးနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ခင်းများထိခို-က်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးသီးနှံများအချိန်မီပြန်လည်အစားထိုးစိုက်ပျိုးရေး၊ စိုက်ပျိုးမြေများ ပြန်လည်သမန်းနိုးခြင်းများဆောင်ရွက်ရေးနှင့် ဒေသခံတောင်သူများလိုအပ်သည့် မျိုးများ၊ လယ်ယာသုံးစက် မောင်းဆီများ၊ သွင်းအားစုဓါတ်မြဩဇာများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071