Thursday, September 3, 2026

မန္တလေးငလျင်ကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိရှိ သင်တန်းကျောင်းနှင့်...

နေပြည်တော်၊ စက်တင်ဘာ ၃ မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) တို့ကို အကြီးစား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ...

ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့်...

ကလေး၊ စက်တင်ဘာ ၃ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နည်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ...

တိုင်းနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းအသင်းတို့...

နေပြည်တော်၊စက်တင်ဘာ ၃ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက အမျိုးသမီးပြိုင်ပွဲ၌ ရွှေတံ ဆိပ် ၂ ခုရရှိကာ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးခဲ့ပြီး၊...

မြန်မာ-ရုရှား စွမ်းအင်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု...

ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၃ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-အာဆီယံ...
HomePopular Academy2016 Academyနှလုံးသားဖြင့် ပေးသော အကယ်ဒမီ

နှလုံးသားဖြင့် ပေးသော အကယ်ဒမီ

mgbaydarမျက်နှာတိုင်းသည် လူသား များအတွက် တန်ဖိုးရှိနေသည်။ လူသားများသည် ကမ္ဘာကြီးအတွက် အကျိုးပြုနေလိမ့်မည်။ အနုပညာရပ် အားလုံးသည် ပြည်သူကို အကျိုးပြု နေသည်။ နှလုံးသားများဖြင့် ပေးဆပ်ကြသည်။ အနုပညာရှင် များသည် ပေးဆပ်မှု အားလုံးအတွက် တန်ဖိုးကြီးသော ဂုဏ်သိက္ခာမြင့်မား စေသောဆုလာဘ်ကို ရယူချင်ကြ သည်။

ထိုအရာကား အကယ်ဒမီ ထူးချွန်ဆု ဖြစ်ပေသည်။ ၂ဝ၁၆ခုနှစ် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲသည် ရက်ပိုင်းမျှသာ လိုတော့သည်။ ရင်ခုန်သူများ ရှိသလို၊ တချို့က မေ့လျော့ထားကြသည်။ အဘယ်နည်း ဆိုလျှင် ရင်ထဲကနေ အဖုအကြိတ် များက ရေကြည်နောက် သလို ဖြစ်နေသည်။

အမှားတိုင်းကို ပြင်လာခဲ့သည် ဆိုသော်ငြား ဒီနှစ် အမှားနည်းမည် ဟု ထင်မြင်မိသည်။ အကယ်ဒမီဆု ရွေးချယ်ရေး နောက်ဆုံးအဆင့် တာဝန်ခံ ၅ဦးကို လျှို့ဝှက်ထားသော်လည်း ဖေ့စ်ဘုတ် စာမျက်နှာ ပေါ်တွင် အတိအလင်း ထွက်ရှိလာခဲ့သဖြင့် ဖုန်းဖိထား၍ မရတော့ပေ။

ရုပ်ရှင်မှ ဦးနှင်းမိုး၊ ဒေါ်ဝါဝါ ဝင်းရွှေ၊ ဂီတမှ ဦးမောင်မောင်လတ်၊ စာပေမှ စာရေးဆရာ လယ်တွင်းသား စောချစ်၊ ဆရာ ဦးဝင်းငြိမ်း။ ဖော်ပြပါ ပုဂ္ဂိုလ်ကြီး ၅ဦးသည် လေးစားခံရ သူများဖြစ်သည်။ လူကြီး အရာယူထားကြသည်။ စွယ်စုံပညာရှင် တစ်ဦးတော့ ပါဝင်သင့်သည်ဟု ထင်ပါသည်။

ယခုနှစ် အကယ်ဒမီ ထူးချွန်ဆု အတွက်ရွေးချယ်မှုကို တာဝန်ယူ ထားသည်ဟု ရိုးသားစွာ နားလည်ပါသည်။ ရင်ဖွင့် တုံ့ပြန်မှုရှိလာသည့် အခါ ထိုဆရာကြီး၅ဦး၏ နှလုံးသား တံခါးကိုပဲ ခေါက်ကြည့်ပါ။ ထို၅ ဦးထဲမှ တာဝန်အယူဆုံး ဘယ်သူ ဆိုတာလဲ မသိရှိပါ။

ရုပ်ရှင် အတတ်ပညာသည် အလွန်ခက်ခဲ၊ နက်နဲပါ၏။ Digital နည်းပညာက ပို၍ လေးနက်ပါသည်။ ယခုတိုင် အသံဖမ်းသူ ကို ပေးနေ သော အသံပညာရှင်ဆုဟု ဆိုလျှင် ယခု Digital  ခေတ်နှင့် အလွန်လွဲ နေသည်။ Tape Recorder နှင့် အသံဖမ်းခဲ့ ရသော ခေတ် က အသံဆု ဆိုသည်မှာ မှန်ခဲ့သော်လည်း ယခု Digital ခေတ်တွင် Sound mixing ဆုသာ ရှိသင့်ပေသည်။

ဆုရွေးချယ် ပေးသော ဆရာကြီး ၅ဦးတွင် ကြီးမားသည့် ဂုဏ်သိက္ခာ ရှိသလို၊ အနုပညာရှင် များမှာလည်း သိက္ခာနှင့် လက်ခံစေချင်သည်။ အမှားအမှန်သည် ဆုံးဖြတ်သူ၏ ဂုဏ်သိက္ခာဖြစ်သည့် အတွက် ကျွန်တော်တို့ မုဒိတာပွားရမည် ဖြစ်သည်။

ယခုနှစ် ဆန်ခါတင်ဇာတ်ကား ၁ဝကားကို အားလုံး သိရှိပြီး ဖြစ်သည်။ ယခု တစ်ပတ်အတွက် ကျွန်တော့်အတွေး၊ ကျွန်တော့် အထင်မြင်အရ ကြိုတင်ခန့် မှန်းဖို့ ဇာတ်ကား တစ်ကားကို ရွေးချယ်မည်။ ထိုဇာတ်ကားမှာ “အုတ်ကြားမြက်ပေါက်” ဖြစ်သည်။

ရွှေစင်ဦး ရုပ်ရှင် ထုတ်လုပ်ရေး အတွက်၊ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးသော “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှာ စာရေးဆရာ မောင်ရွှေစွန်၏ ဝတ္ထုဖြစ်ပြီး ဇာတ်ညွှန်းမှာ ဆဲဗင်းဒေးဖြစ်သည်။ ဇာတ်ကားပေ အရှည်မှာ ၁၂ဝ၇၈ပေဖြစ်သည်။

သရုပ်ဆောင်များမှာ နေတိုး၊ ထွန်းထွန်း၊ နေမင်း၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ စိုးမြတ်သူဇာ၊ ဘုန်းသျှန်၊ ကြက်ဖ၊ ရသ၊ ထူးမွန်၊ စန္ဒီမြင့်လွင်၊ မြတ်ကေသီအောင်၊ ဒေါ်နွဲ့နွဲ့စန်း၊ စိုးမိုးကြည်တို့ ပါဝင်ကြပြီး ဓာတ်ပုံပညာရှင်မှာ ဇော်မြင့်၊ အသံကိုအေး၊ တည်းဖြတ် ငြိမ်းချမ်း၊ တေးဂီတ Studio Image တို့ ဖြစ်သည်။

ဇာတ်လမ်းဖော်ကျူးရာတွင် “အုတ်ကြားမြက် ပေါက်” ဆိုသည့်အတိုင်း ပတ်ဝန်းကျင် အထင်သေးခံရ သော လူငယ် တစ်စု၏ ကြိုးပန်း အားထုတ် မှုပင်ဖြစ် သည်။ လူငယ်ပညာပေး ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင် ဇာတ်ကား အတွက် အကယ်ဒမီ ကြိုတင် ခန့်မှန်းရပါမူ…

၁။ အဓိက အမျိုးသား ဇာတ်ဆောင် – ထွန်းထွန်း
၂။ ဇာတ်ညွှန်း – ဆဲဗင်းဒေး
၃။ ဒါရိုက်တာ – ညွှန့်မြန်မာညီညီအောင်
၎။ အမျိးသမီးဇာတ်ပို့- ထူးမွန်

ဖော်ပြပါဆု ၄ဆုကိုသာ ကြိုတင် ခန့်မှန်းပါသည်။ ဒါကျွန်တော့် အတွေး၊ ကျွန်တော့် အမြင်ဖြစ်ပါသည်။ ပရိသတ်နှင့် လည်း တစ်ထပ်တည်း ကျချင်ပါသည်။ ကျွန်တော် ၏ ၂ဝ၁၆ ခုနှစ်အကယ်ဒမီ ဆန်ခါတင် ဇာတ်ကား၁ဝကား ကြိုတင်ခန့်မှန်းမှု ဤတွင် အဆုံးသတ် ပါမည်။

Hollywood  အကယ်ဒမီ oscar လည်း ချီးမြှင့်ခဲ့ပြီဖြစ်သည်။ ထို့အတူ Bollywood အကယ်ဒမီပွဲ သည်လည်း ချီးမြှင့်ပြီး ဖြစ်ပါသည်။ ယခု ကျွန်တော်တို့ မြန်မာရုပ်ရှင် အကယ်ဒမီ ပေးပွဲကြီးလည်း ကျင်းပရန် ရက်ပိုင်းမျှသာ လိုပါ သည်။ အာရုံစိုက်သူလည်း များပြားလာ သည်။ ပရိသတ်ကလည်း သူ့အထင်၊ သူ့ အမြင်ကို ပြောကြ၊ တင်နေကြပြီ ဖြစ်သည်။

သည်နှစ် အကယ်ဒမီအမြင် တချို့လွဲပြီး၊ အထင်အမြင် တချို့ မှန်နိုင် သည်။ အကယ်ဒမီသည် အိပ်မက် မဟုတ်ပါ။ ကြိုးစား အားထုတ် မှုများကို အသိ အမှတ်ပြုပေးသော ဂုဏ်သိက္ခာ ပွဲဖြစ်သည်။ ယခုနှစ်သည် မနှစ်ကလို မဖြစ် တန်ရာ၊ disaffection  မကျေနပ်သော၊ စိတ်ပျက်စေသော အရာများ မဖြစ် စေနိုင်ပါ။ တရားမျှမှုကို ပေးနိုင်မည်ဟု ထင်ပါသည်။ အကယ်ဒမီ အိတ်ဖွင့်၊ ဆုံးဖြတ်ပေးမည့် စိတ် သဘောထား များ မှန်ကန်တိကျဖို့ပဲ လိုပါသည်။ အရာ အားလုံးဖြူစင် ဝင်းပစေချင်သည်။

ဒါရိုက်တာ မောင်ဗေဒါ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071