Home News Local News (၃)ကြိမ်မြောက် တရုတ်ဘာသာစကားသင်တန်း ဖွင့်လှစ်၊ Tourist Police အပါအဝင် သင်တန်းသား ၉၅ ဦး တက်ရောက်

(၃)ကြိမ်မြောက် တရုတ်ဘာသာစကားသင်တန်း ဖွင့်လှစ်၊ Tourist Police အပါအဝင် သင်တန်းသား ၉၅ ဦး တက်ရောက်

0
82

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ဖွင့်လှစ်သည့် တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-3 သင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်ဘာသာစကားသင်တန်းများသည် ယခုအကြိမ်နှင့်ဆိုလျှင် (၃)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး အွန်လိုင်းစနစ်နှင့် လူကိုယ်တိုင်တက်ရောက်သင်ကြားသည့်စနစ် နှစ်မျိုးဖြင့် ထိရောက်စွာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။

ထို့ပြင် ယခင်သင်တန်းများထက် ထူးခြားချက်အနေဖြင့် ယခုသင်တန်းတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါ တက်ရောက်ကြခြင်းကြောင့် သင်တန်းဖွင့်လှစ်ရခြင်းသည် ပိုမိုအနှစ်သာရရှိပြီး အကျိုးဖြစ်ထွန်းမှုများ ပိုမိုရရှိစေမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သည့် တရုတ်ဘာသာစကားသင်တန်းများတွင် HSK-1 သင်တန်းအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင် ငါးဦးအပါအဝင် သင်တန်းသား ၇၃ ဦးနှင့် HSK-3 သင်တန်းအတွက် သင်တန်းသား ၂၂ ဦး စုစုပေါင်း သင်တန်းသား ၉၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများ၏ သင်တန်းကာလမှာ ရက်သတ္တပတ် ရှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here