Wednesday, May 20, 2026

မြစ်ဝကျွန်းပေါ်ဒေသများသို့ နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ လာမည့် နှစ်ရက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မုတ်သုံလေ ဝင်ရောက်လာမည့်အခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင်...

ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအား...

ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအားရိုသေစွာဆက်ဆံခြင်းဖြင့် ပုံစံပြောင်းစစ်ဆေးနေ​ကြောင်း အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ယာဥ်မောင်းကို ရိုသေစွာအလေးပြု၍ မင်္ဂလာပါ ဟုပြောဆိုဆက်ဆံ၍ ယာဥ်ကိုဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ " အရင်တုန်းကတည်းက...

ခေတ်နှင့်လျော်ညီသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေသစ် ရေးဆွဲနေ

ပင်လယ်ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ “တည်ဆဲ ငါးလုပ်ငန်းဆိုင်ရာဥပဒေများသည် ပြောင်းလဲလာသော အခြေအနေများနှင့်...

ဧရာဝတီနှင့် မန္တလေးတိုင်းတွင် တစ်ချိန်တည်း နေအိမ်မီးလောင်မှုများ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တို့တွင် မေ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က တစ်ချိန်တည်း နေအိမ်မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း...
HomeNewsLocal Newsစစ်ဆင်ရေး(၁၅)ရက်အတွင်း KNU/KNLA နှင့်...

စစ်ဆင်ရေး(၁၅)ရက်အတွင်း KNU/KNLA နှင့် PDF အဖွဲ့များ ယာယီထိန်းချုပ်ထားသည့် မောတောင်မြို့ကို တပ်မတော် ပြန်လည်သိမ်းပိုက်

KNU/KNLA နှင့် PDF အဖွဲ့များ ယာယီထိန်းချုပ်ထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ မောတောင်မြို့ကို တပ်မတော်က မေ ၁၉ ရက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် မောတောင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် တနင်္သာရီ-ရေဖြူ-သိန်းခွန်-သဲဖြူ-မောတောင် လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မေ ၅ ရက်မှစတင်ကာ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မေ ၉ ရက်တွင် ပွိုင့်(၂၇၁) တောင်ကုန်းမှ စတင်၍ နေရာအချို့ကို အဆင့်ဆင့်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မေ ၁၉ ရက်တွင် မောတောင်မြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆုတ်ခွာသွားသည့် အဖွဲ့များက အမှတ်(၉)ကျေးရွာတံတားနှင့် အမှတ်(၈)တံတားတို့အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်းလည်း သိရသည်။

စစ်ဆင်ရေးကာလ (၁၅)ရက်အတွင်း တိုက်ပွဲကြီးနှင့် တိုက်ပွဲငယ် စုစုပေါင်း (၂၀၇)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း (၂၄)လောင်း၊ လက်နက်မျိုးစုံ (၂၅)လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းများက ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံများ မောတောင်မြို့သို့ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြေမြှုပ်မိုင်းများကို ဦးစားပေးရှင်းလင်းဖော်ထုတ်လျက်ရှိပြီး ပျက်စီးသွားသည့် စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဆေးခန်းများ၊ ရုံးနှင့်ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များကို ဒေသခံများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ဝကျွန်းပေါ်ဒေသများသို့ နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ လာမည့် နှစ်ရက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မုတ်သုံလေ ဝင်ရောက်လာမည့်အခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌...

ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအား ရိုသေစွာဆက်ဆံခြင်းဖြင့် ပုံစံပြောင်းစစ်ဆေးနေ

ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအားရိုသေစွာဆက်ဆံခြင်းဖြင့် ပုံစံပြောင်းစစ်ဆေးနေ​ကြောင်း အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ယာဥ်မောင်းကို ရိုသေစွာအလေးပြု၍ မင်္ဂလာပါ ဟုပြောဆိုဆက်ဆံ၍ ယာဥ်ကိုဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ " အရင်တုန်းကတည်းက အဲဒီစနစ်ကရှိပါတယ်။ အခုမှပြန်စဖြစ်တာပါ။ ကားတစ်စီးကစည်းကမ်းမဲ့မောင်းလာပြီဆိုရင် အဲဒီကားကိုတားတယ်။ ပြီးရင်ယာဥ်မောင်းကို အလေးပြုပြီးတော့ မင်္ဂလာပါ ခင်ဗျာလို့ပြောပြီးနှုတ်ဆက်ရတာပေါ့။ စီမံချက်နဲ့လုပ်တာမဟုတ်ပါဘူး"ဟု အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ အဆိုပါစနစ်ကို ပညာပေးပုံစံဖြင့် မြို့နယ်ပေါင်းစုံတွင် ယာဥ်ထိန်းတာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ယခင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေများနှင့်အညီ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လေ့ရှိသည်။ လက်ရှိတွင်လည်း စက်သုံးဆီချွေတာသုံးစွဲရေးစီမံချက်ကြောင့်...

ခေတ်နှင့်လျော်ညီသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေသစ် ရေးဆွဲနေ

ပင်လယ်ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ “တည်ဆဲ ငါးလုပ်ငန်းဆိုင်ရာဥပဒေများသည် ပြောင်းလဲလာသော အခြေအနေများနှင့် ခေတ်ကာလအရ လျော်ညီမှုမရှိတော့ခြင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်နှင့် ကွာဟလာခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လိုက်လျောညီထွေမှု အားနည်းလာခြင်းတို့ကြောင့် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ကြောင်း” စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို ယမန်နေ့က ကျင်းပသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသော ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071