ရန်ကုန်၊စက်တင်ဘာ ၆
AFC U-20 Asian Cup China 2027 (Qualifiers)ပွဲစဉ်၌ မြန်မာလက်ရွေးစင် ယူ-၂၀အသင်းက ၃ ပွဲကစားပြီးရာတွင် ၃ ပွဲစလုံး ဂိုးပြတ်များဖြင့်အနိုင်ရရှိထားပြီဖြစ်သည်။
မြန်မာလက်ရွေးစင် ယူ-၂၀ အသင်းသည် အုပ်စု ပထမပွဲစဉ်တွင် သီရိလင်္ကာအသင်းကို ၄ ဂိုးပြတ်၊ ဒုတိယပွဲစဉ်တွင် ဘရူးနိုင်အသင်းကို ၇ ဂိုးပြတ် ၊ ယနေ့ တတိယပွဲစဥတွင် မော်ဒိုက်အသင်းကို ၆ ဂိုးပြတ်ဖြင့် အ သီးသီးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်အတွင်း မြန်မာအသင်းက မော်ဒိုက်( MALDIVES) အသင်းကို ပထမပိုင်းပွဲချိန်တွင် ၂ ဂိုး၊ ဒုတိယပိုင်းပွဲချိန်တွင် ၄ ဂိုး စုစုပေါင်းသွင်းဂိုး ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
