Thursday, June 25, 2026

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ...

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...
HomeNewsLocal News၂၀၂၂ ခုနှစ် AFF...

၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင် ပွဲ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တတိယဆုရရှိ

၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင် ပွဲ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တတိယဆုရရှိ

ဖီလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက်နမ်အမျိုးသမီးအသင်းအား အနိုင်ယူ၍ တတိယဆုရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ သည် ဇူလိုင် ၁၇ ရက်(ယနေ့)တွင် ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ၄ ဂိုး ၃ ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ၌ ပွဲထွက်ကစားသမားများအဖြစ် မေဇင်နွယ်၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ချစ်ချစ်၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မာ လာထွန်း၊ ဇူလိုင်ကျော်၊ နန့်ဇူဇူထက်နှင့်ပုံ့ပုံ့ပြည့်မောင်တို့ဝင်ရောက်ကစားခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ကစား၍ မြန်မာ့လက် ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက် နမ်အမျိုးသမီးဘောလုံးအသင်းနှင့်ပွဲပြီးဆုံးသည်အထိ အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် စန်းသော်သော်မှပွဲကစားချိန် ၁၀ မိနစ်၊ ၅၈ မိနစ်၊ ၈၈ မိနစ်နှင့် လင်းမြင့်မိုရ်မှ ၈၄ မိနစ်တို့တွင် ဂိုးများသွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

တတိယနေရာလုပွဲအဖြစ်ယှဥ်ပြိုင်ကစားခဲ့ရခြင်းမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဆီးမီးဖိုင်နယ်ပွဲစဥ်၌ ထိုင်းအမျိုးသမီးဘောလုံးအသင်းဖြင့်ယှဥ်ပြိုင်ကစားရာတွင် ၂ ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ခြင်းကြောင့်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်ဗီ ယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့သည် အုပ်စုတစ်အုပ်ထဲ၌ကျရောက်ခဲ့ပြီး အုပ်စုတွင်းပြိုင်ပွဲတွင် ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့်မြန်မာ့လက်ရွေး စင်အမျိုးသမီးဘောလုံးအသင်းမှရှုံးနိမ့်ထားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ဥရုချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်မှုသည် အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနှင့် မရှီကထောင် စသည့် မြို့ပေါ်ရပ်ကွက်များအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “ညပိုင်းကနေ မိုးကထပ်ရွာပြန်တော့ ဒီကနေ့အထိ ရွာနေတုန်းပါပဲ။ ရေက အများကြီးမကျနိုင်ဘူးဖြစ်နေတယ်” ဟုလည်း မြို့ခံတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ရေကြီးမှုသည် ဇွန်လ ၂၁ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည်။ ယမန်နေ့ နံနက် ၉ နာရီခွဲမှ ယနေ့ နံနက် ၉ နာရီခွဲအထိ ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပြီး နေပြည်တော်တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။ မှတ်သားဖွယ် မိုးရေချိန်များအနေဖြင့် ကျိုက်မရောမြို့တွင် ၃ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071