Tuesday, September 15, 2026

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်း သပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်း သပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်...

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr....

မြန်မာနိုင်ငံတွင်အေးချမ်းသာယာနေ ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့်ကွာခြားဟု ဂျပန်နိုင်ငံအောက်...

မြန်မာနိုင်ငံတွင်အေးချမ်းသာယာလျက်ရှိပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့်ကွာခြားနေသည်ဟု ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့် စက်တင်ဘာ ၁၄ ရက်တွင်တွေ့ဆုံချိန်၌ပြောကြားခဲ့ခြင်းဖြစ်သည်။ "...

မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လွှတ်တော်ကဏ္ဍမှစတင်ဆောင်ရွက် ၍ရဟု...

မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လွှတ်တော်ကဏ္ဍမှစတင်ဆောင်ရွက်၍ရသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke နှင့် စက်တင်ဘာ ၁၄ ရက်က...
HomeNewsLocal News၂ နှစ်မပြည့်မီ တတိယမြောက်...

၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ခန့်အပ်

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး ပူရ်ဘာယာ ယူဒီ ဆာဒီဝါကို ရာထူးမှဖယ်ရှားကာ ဒုတိယဘဏ္ဍာရေးဝန်ကြီး ဆူဟာဆီလ် နာဇာရာကို အစားထိုးခန့်အပ်လိုက်သည်။

အသက် ၅၅ နှစ်အရွယ် စီးပွားရေးပညာရှင် ဆူဟာဆီလ်သည် ၂၀၁၉ ခုနှစ်ကတည်းက ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတပရာဘိုဝို ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် အာဏာရလာပြီးနောက် ဘဏ္ဍာရေးဝန်ကြီးရာထူးကို ရယူသည့် တတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာသည်။

ဆူဟာဆီလ်သည် စက်တင်ဘာ ၁၄ ရက်က ဂျကာတာမြို့ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျမ်းသစ္စာကျိန်ဆို၍ ရာထူးလက်ခံခဲ့သည်။

ရာထူးလက်ခံပြီးနောက် နိုင်ငံတော်ဘတ်ဂျက်၏ ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းရေးသည် အဓိကဦးစားပေးဖြစ်ကြောင်း ဆူဟာဆီလ်က ပြောကြားခဲ့ပြီး ဘဏ္ဍာရေးလိုငွေပြမှုကို ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းအောက်တွင် ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

ပူရ်ဘာယာသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်က ဝါရင့်ဘဏ္ဍာရေးဝန်ကြီး သီရိ မူလျာနီ အင်ဒရာဝါတီ၏နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရပြီး တာဝန်ထမ်းဆောင်မှု တစ်နှစ်ကျော်အကြာတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။

ပရာဘိုဝိုအစိုးရ၏ ဘဏ္ဍာရေးမူဝါဒ၊ အသုံးစရိတ်တိုးမြှင့်မှုနှင့် လောင်စာဆီထောက်ပံ့ကြေးများအပေါ် စိုးရိမ်မှုများရှိနေသလို အခမဲ့ကျောင်းအစားအစာအစီအစဉ်ကဲ့သို့ ကုန်ကျစရိတ်ကြီးမားသည့် အစိုးရ၏ ဦးစားပေးအစီအစဉ်များအတွက် ရန်ပုံငွေရှာဖွေမှုအပေါ်လည်း မေးခွန်းထုတ်မှုများ ရှိနေသည်။

ဆူဟာဆီလ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်မှုသည် ဘဏ္ဍာရေးစည်းကမ်းနှင့် မူဝါဒတည်ငြိမ်မှုအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် လေ့လာသုံးသပ်သူများက ရှုမြင်ထားကြသည်။

Ref: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်း သပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်း သပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေးကြပ်မတ်ဆောင် ရွက်လျက်ရှိပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။ ထို့ကြောင့် ရေနံချက်စက်ရုံများ လျင်မြန်စွာပေါ် ထွက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ ယခုလည်ပတ်မည့်စက်ရုံသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုများကို Control Room အတွင်းမှဆောင်ရွက်နိုင်သည့် ပထမဆုံး ရေနံချက်စက်ရုံဖြစ်၍ ဝန်ထမ်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးထားရမည်ဟု မှာကြားခဲ့သည်။ ထို့ပြင်ပြည်ထောင်စုဝန်ကြီးသည် သာကေတနှင့် အလုံသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုကြည့်ရှုစစ်ဆေးခြင်း၊...

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တို့သည် စက်တင်ဘာ ၁၄ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့်အတူ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင်အေးချမ်းသာယာနေ ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့်ကွာခြားဟု ဂျပန်နိုင်ငံအောက် လွှတ်တော်အမတ်ပြော

မြန်မာနိုင်ငံတွင်အေးချမ်းသာယာလျက်ရှိပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့်ကွာခြားနေသည်ဟု ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့် စက်တင်ဘာ ၁၄ ရက်တွင်တွေ့ဆုံချိန်၌ပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာနိုင်ငံကိုရောက်လာတဲ့အခါမှာ အေးချမ်းသာ ယာတဲ့ အခြေအနေတွေကိုတွေ့မြင်ရပါတယ်။ ပြင်ပမှာဖြစ်ပေါ်နေ​တဲ့ သတင်းတွေနဲ့ကွာခြားနေပါတယ်။ ဒါ့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်​ဖို့ အဓိကကျတဲ့ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ မြန်မာနိုင်ငံရဲ့ သာယာလှပတဲ့ သဘာဝ၊ ယဉ်ကျေးမှုတွေလေ့လာနိုင်ဖို့အတွက် ခရီးသွားလုပ်ငန်းတွေကိုပြန်လည်စတင်နိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားပါမယ်"ဟု ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်က ပြောသည်။ ထို့ပြင် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင် ရွက်နိုင်ရေးကိုလည်းကြိုးပမ်းသွားမည်ဖြစ်ကာ ဂျပန်နိုင်ငံအနေဖြင့် Specified Skilled Worker(SSW)ကျွမ်း ကျင်သည့်လုပ်သားစနစ်သစ်ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071