Saturday, May 2, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန်...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...
HomeArticlesမြစ်ကမ်းဘေးကကျောက်တုံးကလေး

မြစ်ကမ်းဘေးကကျောက်တုံးကလေး

 

mmm

 ကျွန်တော့် စားပွဲပေါ်မှာ မြစ်ကမ်းဘေး က ကျောက်တုံး ကလေးရှိသည်။ ကျွန်တော်သည် မိတ် ဆွေ တချို့နှင့် မြစ်ကမ်းဘေးသို့ ရောက်ခဲ့စဉ် ထိုကျောက်တုံးကလေး ကို ကောက်ယူခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် သေချာစွာ ချိန်း ဆိုထားကြသူများလို တွေ့ဆုံခဲ့ကြ သည်။ ကျွန်တော်သည် မြစ်ကမ်း ဘေးမှ ကျောက်တုံးကလေးကို တွေ့ လျှင်တွေ့ချင်း ကောက်ယူကာ ဂျာကင် အင်္ကျီအိတ်ထဲသို့ ထည့်ထားလိုက် သည်။ မိမိနှစ်သက်သော အရာတစ်ခု ကို ပိုင်ဆိုင်ထားရသော လူ တစ် ယောက်၏ ကျေနပ်သော ခံစားမှုဖြင့် ကမ်းခြေမှာ ကျွန်တော် လမ်းသလား သည်။ ကျွန်တော်သည် ကမ်းခြေမှ ကျောက်တုံးကလေးများကို စိတ်ဝင် စားသည်။ သို့ရာတွင် တစ်ခုမျှနှင့် လုံလောက်ပြီဖြစ်သည်။

ထိုနေ့က ကမ်းခြေမှပြန်လာပြီး ကျွန်တော်အခန်းသို့ ပြန်ရောက် လာသောအခါ ကျောက်တုံးကလေး ကို စားပွဲပေါ်သို့ တင်ထားလိုက်သည်။ ကျွန်တော့်စားပွဲပေါ်မှာ မြစ်ရေစီးနေ သည်သို့ ကျောက်တုံးကလေးသည် သူမူလပုံသဏ္ဌာန်အတိုင်းတည်ရှိနေ သည်။ ထိုနေ့က ကျွန်တော် ခပ်စော စောပင် အိပ်ပျော်သွားသည်။ ကျောက်တုံးကလေးက အိပ်စက်နေ သည်လား၊ သို့မဟုတ် နိုးနေသည် လား။

ကျောက်တုံးကလေးသည် သူ၏ ဇာတိဌာနေရင်းကို အောက်မေ့နေ မည်လား။ စင်စစ်ကျောက်တုံးက လေးသည် ဒြပ်ထုတစ်ခုမျှသာ။ သို့ရာတွင် သူ့ကိုထိတွေ့ ကိုင်တွယ် လိုက်သောအခါ အေးစက်သော အထိအတွေ့ကို ရသည်။ ကျောက်တုံး ကလေးသည် ကျွန်တော်နေထိုင်သော အခန်း၏ အပူချိန်တွင် ပို၍အေးစက် နေပေသည်။ နေ့လယ်ခင်းချိန်တွင် အခန်း ကလေးသည် ပူနွေးလာသည်။ ကျွန်တော်သည် ထိုအချိန်တွင် ကျောက်တုံးလေးကို ကောက်ယူ ကိုင် တွယ် မိပြန်ရာ အေးစက်သော အထိ အတွေ့ကို ရပေသည်။ ကျွန်တော်သည် ကျောက်တုံးကလေးကို စားပွဲထက်သို့ ပြန်ချထားလိုက်သည်။ ကျောက်တုံး ကလေးမှာ သိပ်မကြီးပါ။ လက်ဖဝါး၏ သုံးပုံတစ်ပုံခန့်သာ ရှိပါသည်။ ကျောက်တုံး ကလေးသည် ထုသွင်မှာ အနည်းငယ်ထူထဲပြီး လှိုင်းရစ်ကလေး များ ပါရှိပါသည်။ နှစ်ကာလများစွာ သည် သူ့ကိုတိုက်စားခဲ့သဖြင့် ချောမွေ့ နေပေပြီ။ ကျောက်တုံးကလေးသည် ကျွန်တော်နှင့် တွေ့ဆုံရန် နှစ်ပေါင်း မည်မျှ ကြာမြင့်အောင် ကမ်းခြေ၌ ရှိနေခဲ့ပါသနည်း။ ဤသည်မှာ ကျွန်တော်၏ လူနှင့်အရာဝတ္တု တစ်ခုတို့ ဆက်စပ်ပုံကို ရည်ညွှန်း လိုခြင်း ဖြစ်သည်။

ကျွန်တော်သည် နေ့မှာဖြစ်စေ ညမှာဖြစ်စေ သတိရတိုင်း ကျောက် တုံးကလေးကို ကိုင်တွယ် ကြည့်မိ မြဲဖြစ်သည်။ ထိုသို့သော အခါများ၌ ကျောက်တုံး ကလေးသည် အေးစက် နေလျက်ပင်။

ရက်သတ္တတစ်ပါတ်ကျော် ကြာမြင့်ခဲ့သည်အထိ ကျောက်တုံး ကလေးသည် အေးစက်နေခဲ့ပါသည်။ ဒီကနေ့ နေ့ခင်းတွင် ကျောက်တုံး ကလေးကို ကိုင်တွယ်ကြည့်မိတော့ အခန်းတွင်း အပူချိန်နှင့် အညီအမျှ နွေးနေသည် ကို တွေ့ရလေသည်။ ကျွန်တော်သည် မြစ်ကမ်းဘေးမှ ကောက်ယူခဲ့သော ကျောက်တုံး ကလေးကို စားပွဲပေါ်မှာပင် ထားရှိခဲ့ သည်။ သူသည် မြစ်ကမ်းဘေးမှ ကျောက်တုံးကလေး မဟုတ်တော့ပြီ။ သူသည် စားပွဲပေါ်မှ ကျောက်တုံး ကလေး ဖြစ်နေချပြီ။ ကျွန်တော် သိချင်ပါသေးသည်။ ကျောက်တုံး ကလေး မည်သည့်အချိန်တွင် ပြန် လည်အေးစက်လာမည်ဆိုသည်ကို ဖြစ်ပါသည်။ မြစ်ကမ်းဘေးကို ရောက်လျှင် ချောမွေ့နေသော ကျောက်တုံးကလေးကို ကြည့်ပါ။ ကျွန်တော်တို့အား ဘဝနေထိုင်နည်း တစ်ခုကို ပြောပြနေသလို သင့်ကို စဉ်းစားစေလိမ့်မည် ဖြစ်သည်။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071