Friday, May 8, 2026

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...
HomeMyanmar Theatrical Traditionပြည်သူတွေကိုကျေးဇူးဆပ်တဲ့အနေနဲ့ လူနာတင်ယာဉ် အခမဲ့...

ပြည်သူတွေကိုကျေးဇူးဆပ်တဲ့အနေနဲ့ လူနာတင်ယာဉ် အခမဲ့ ပိုဆော့င်ပေးနေတဲ့ အောင်သော် (Five Star)

Five Star အဖွဲ့မှ လူရွှင်တော် အောင်သော်က မဇ္ဈိမလူမှု ကယ်ဆယ်ရေးအသင်းကို တည်ထောင်ထားပါတယ်။ ဒီအသင်း အနေနဲ့ကတော့ အခြေခံလူတန်းစားတွေအတွက် အခမဲ့စနစ် အနေနဲ့၂၄နာရီ လူနာတင်ယာဉ်ပြေးဆွဲပေးနေပါတယ်။ လက်ရှိ မှာတော့ လူနာတင်ယာဉ် တစ်စီးတည်းနဲ့ကူညီပို့ဆောင်ပေး လျက်ရှိပြီး လှိုင်သာယာမှာ အခြေစိုက်ထားတယ်လို့ သိပါတယ်။ Five star အဖွဲ့မှ လူရွှင်တော် အောင်သော်က မဇ္ဈိမလူမှု ကယ်ဆယ်ရေးအသင်းကို တည်ထောင်ထားပါတယ်။ ဒီအသင်း အနေနဲ့ကတော့ အခြေခံလူတန်းစားတွေအတွက် အခမဲ့စနစ် အနေနဲ့၂၄နာရီ လူနာတင်ယာဉ်ပြေးဆွဲပေးနေပါတယ်။ လက်ရှိ မှာတော့ လူနာတင်ယာဉ် တစ်စီးတည်းနဲ့ကူညီပို့ဆောင်ပေး လျက်ရှိပြီး လှိုင်သာယာမှာ အခြေစိုက်ထားတယ်လို့ သိပါတယ်။

“လူနာတင်ယဉ်တွေထပ်မံတိုးပွားလာအောင်တော့ လုပ်ဖို့ရှိ ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကတော့လည်း ကျွန်တော့်မှာ ရှိတဲ့ ငွေကြေးလေးရယ်၊ လှူတန်းကြတဲ့ငွေ ကြေးလေးရယ် အား လုံးပေါင်းစပ်ပြီး တော့လုပ်ကြရတာပါ။ ဘတ်ဂျက်ကလည်း တောင့်တင်းတဲ့အသင်း မဟုတ်ပါဘူး။ အလှူရှင်များရဲ့အလှူ ငွေများနဲ့ပဲ လည်ပတ်နေရတဲ့ အသင်းဆိုတော့ ကြိုးစားရမှာပါ။ အသင်းရဲ့ရေရှည် Plan ကတော့ ကျွန်တော်တို့နဲ့အတူ လက်တွဲ နေတဲ့ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုဖြစ် အောင်တော့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်”လို့ အသင်းနဲ့ ပတ်သက်လို့ ကိုအောင်သော်က ပြောပါတယ်။ အခုလို မျိုးပြည် သူတွေအတွက် ကူညီပေးရတာကို လည်း သူ့အနေနဲ့ ပီတိဖြစ်ရပြီး ဒီအလုပ်က သူလုပ် ချင်တဲ့အလုပ်ပဲ ဖြစ်တယ်လို့ သူကပြောပါတယ်။ “ကျွန်တော်ကလှိုင်သာယာမှာ နေခဲ့တာကိုး။

ကျွန်တော့်အမေကလည်း လှိုင်သာယာမှာ ဆုံးပါး သွားတာဗျ။ အဲဒီအချိန်တုန်းက ဒီလို အသင်းတွေ မပေါ်သေးဘူး။ မပေါ် သေးတော့ ကျွန်တော့်အမေ က ဆေးရုံတက်ဖို့အခက်အခဲရှိတော့ ဆေးရုံကား ခေါ်တဲ့အခါမှာ လွန်ခဲ့တဲ့၁ဝနှစ်ကျော်တုန်းကပေါ့ လူနာတင်ယာဉ်ငှားရမ်းခ ၆သောင်းကျပ် တောင်း တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ မိသားစု ၆သောင်းကျပ်မပြောနဲ့ ၆ထောင်ကျပ်တောင် မရှိခဲ့ဘူး။ မနက်မိုးလင်းကျမှ အမေ့ကိုဆေးရုံတင် တော့ အမေ့အသက်မမီတော့ဘူး။ အားလုံး ကျွန်တော့်အမေလိုမဖြစ်ရအောင် အချိန်နဲ့တစ် ပြေးညီဆောင်ရွက်နိုင်အောင် ကျွန်တော်နေခဲ့တဲ့ နေရာလေးကို ကျေးဇူးပြန်ဆပ်တာပါ။ နောက် ပိုင်းမှာလည်း ကျွန်တော့်အနေနဲ့တတ်နိုင်တဲ့ ဘက်ကနေ ကျွန်တော်တို့ကို အားပေးတဲ့ပရိသတ် တွေ၊ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီပံ့ပိုးပေးသွားပါ့မယ်။ ကျေးဇူး ပြန်ဆပ်သွားပါမယ်”လို့ လူနာတင်ယာဉ်အခမဲ့လုပ် ဆောင်ပေးဖြစ်ရခြင်းအကြောင်းကို အောင်သော် က ပြောပြပါတယ်။ ကိုအောင်သော်က လူရွှင်တော်အသင်း (ရန်ကုန်)မှာလည်း အတွင်းရေးမှူးတစ်ဦးအဖြစ် ဆောင် ရွက်လျက်ရှိနေပြီး သူ့အနေနဲ့လူရွှင် တော်အသင်းရဲ့လုပ်ဆောင်မှုတွေမှာ တစ်တပ် တစ်အား လုပ်ဆောင်ပေးနေလျက်ရှိပါ တယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071