မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
မြန်မာအသင်းဟာ ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် အကောင်းဆုံး အုပ်စုတတိယ နေရာကို ရယူနိုင်မယ့် အခွင့်အရေး ရှိနေပေမယ့် အုပ်စုအတွင်း (၃)ပွဲကစား (၃)ပွဲလုံး ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်မှာဘဲ ကျေနပ်ခဲ့ရပြီဖြစ်ပါတယ်။
ဒီကနေ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဗီယက်နမ်ဟာ အာရှအဆင့်မှာ ခြေစွမ်းတက်နေတဲ့ အသင်းဖြစ်လို့ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အစွမ်းကုန် ကြိုးစားကစားခဲ့ရကြတာကိုလည်း တွေ့မြင်ရပါတယ်။
