Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsရွှေရတုပွဲ မလုပ်ဖြစ်လိုက်ပေမယ့် ...

ရွှေရတုပွဲ မလုပ်ဖြစ်လိုက်ပေမယ့် တစ်ကိုယ်တော်အခွေတော့ ထွက်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ကော်နီ

အဆိုတော်ကော်နီက အသက် ၅ဝ ပြည့်အမှတ်တရအနေနဲ့ ရွှေရတုပွဲကို ပြုလုပ်ဖို့ရည်ရွယ်ထားပေမယ့် ကျန်းမာရေးကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။ ပွဲလုပ် ဖို့ရည်ရွယ်ထားပြီးမှ  မလုပ်ဖြစ်ခဲ့တဲ့အတွက် နှမြောစိတ်တော့ဖြစ်မိကြောင်းလည်း သူက ပြောပါတယ်။

“မကော်က ယောက်ျာလေး နည်းနည်းဆန်တယ်။ ကျန်းမာရေးကို ထိန်း သိမ်းတယ်ဆိုတာတော့ သိပ်မရှိဘူး။ ဒါပေမဲ့ အရင်တုန်းက လေ့ကျင့်ခန်းတွေ လုပ်ဖြစ်ခဲ့တယ်။၂ဝဝဝ ပြည့်နှစ်လောက်ကတည်းက လေ့ကျင့်ခန်းလုပ်လာခဲ့တာ က အခုအချိန်အထိ အဆင်ပြေပါတယ်။ အခုက လေ့ကျင့်ခန်းမလုပ်ဖြစ်တာ ၂ နှစ်ကျော်သွားပြီ။ ခါးနာလို့ပါ။ ဒီနှစ်ထဲမှာ အမေရော မကော်ရော ကျန်းမာရေး တော်တော်ချုချာတယ်။ အမေ့ကိုလည်း ငဲ့ရတော့ ကိုယ်ကလည်း ကျန်းမာရေးမကောင်းတော့ မလုပ်ဖြစ်လိုက်ဘူး” လို့ ပွဲနဲ့ပတ်သက်လို့ ကော်နီ ကပြောပါတယ်။

ဒါ့အပြင်ကော်နီက ကိုယ်ပိုင်သံစဉ်တစ်ကိုယ်တော်အခွေကိုလည်း စီစဉ်နေပြီး ဒီအခွေကို  ၂ဝ၁၁ ခုနှစ်ကတည်းက စီစဉ်နေခဲ့တာဖြစ် ခဲ့တယ်လို့ သိရပါတယ်။

“အဲဒီအခွေလေးကလည်း အတီးတွေ အားလုံးပြီးနေပါပြီ။ မကော်က အဲဒီလို စိတ်မပါရင် မလုပ်ချင်တာပေါ့။ မဆိုချင်သေးဘူးပေါ့။ တစ်ခါတလေ ကျတော့လည်း ကိုယ်ဆိုချင်တဲ့အချိန်မှာ စတူဒီယို date မရဘူး။ ဆိုမယ်လို့ အားခဲထားတဲ့အချိန်ကျတော့ အတီးတွေမပြီးသေးလို့ မကော် မဆိုသေးဘူး။ အဲဒီလိုမျိုးအကြောင်းကြောင်းတွေကြောင့် အခွေ မထွက်ဖြစ်ဘူး။ ဒီနှစ်ထဲတော့ ထွက်ဖြစ်အောင်လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေရတုပွဲလည်းပရိသတ် ကို မပေးဆပ်နိုင်ဘူးဆိုတော့ ဒီအခွေလေးတော့ မကော် လုပ်ပါ့မယ်။

သင်္ကြန် ပြီးလောက်ထွက်နိုင်အောင်တော့ ကြိုးစားမယ်” လို့ အခွေနဲ့ပတ်သက်လို့ ကော်နီကပြောပြပါ တယ်။ သူ့အနေနဲ့ သီချင်းနဲ့ပတ်သက်   ရင် ကြေး(ဂျီး)များတဲ့အတွက် အရင် ကတည်းက အများကြီး ရွေးထားပြီး အခွေကလုပ်နေတာ ၇ နှစ်လောက် ကြာသွားပြီဖြစ်တာကြောင့် နည်းနည်း ဟောင်းနိုင်တဲ့ သီချင်းလေးတစ်ပုဒ် နှစ်ပုဒ်လောက်ကိုတော့ ဖြုတ်ဖို့ စဉ်း စားထားတယ်။ ဒါပေမဲ့လည်း သီချင်းတွေက အကုန် ကောင်းတဲ့အတွက် ဖြုတ် ဖို့တောင် တော် တော် ခက်နေတယ်လို့ သီချင်းတွေနဲ့ ပတ် သက်လို့ ပြောပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071