Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsရှေ့နေနဲ့တိုင်ပင်ပြီး ဗေဒင်ဆရာ အောင်ချစ်ပိုကို...

ရှေ့နေနဲ့တိုင်ပင်ပြီး ဗေဒင်ဆရာ အောင်ချစ်ပိုကို တရားစွဲဆိုသွားမယ့် ဒိန်းပိုပိုဒေါင်

ကိုးထပ်ကြီး ဘုရားဝင်းအတွင်း ဗေဒင်ဟောနေတဲ့ဗေဒင်ဆရာ အောင် ချစ်ပိုဟာ လတ်တလော အွန်လိုင်းစာမျက်နှာထက်မှာ အမျိုးသမီးများနဲ့ ပတ်သက်ပြီး ကာယိနြေ္ဒပျက်ပြားအောင် လုပ်ဆောင်နေကြောင်းသတင်း တွေထွက်ပေါ်လျက်ရှိပါတယ်။ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကလည်း အဆိုပါဗေဒင်ဆရာထံမှာ ဗေဒင်မေးဖူးခဲ့တယ်လို့ သိရ ပါတယ်။

“ညီမလွန်ခဲ့တဲ့ ၆နှစ်၊ ၇ နှစ် လောက်က သူငယ်ချင်းနဲ့ ဗေဒင်သွား မေးဖြစ်တယ်။ အဲဒီအချိန်တုန်းကတော့ ကိုယ်ကကလေးဖြစ်တော့ အချစ် ရေးတွေလည်း စိတ်ဝင်စားတာပေါ့။ အဲဒီတော့ ဗေဒင်သွားမေးခဲ့တယ်။ သွား တာတော့ နှစ်ယောက်သွားတာ။ ဟိုရောက်တော့ ဗေဒင်ဆရာက အချစ် ရေးအကြောင်းမေးရင် နှစ်ယောက်လာရင် တစ်ယောက်အပြင်ထွက်ပေး ရ မယ်တဲ့။ သူကသမီးကို ဗေဒင်တွက်တော့ အချစ်ရေးမှာ အညံ့တွေပျောက် အောင်ယတြာဆောင်ရမယ်တဲ့။ ယတြာက ရွှေရုပ်ကောင်လေးနဲ့ ကောင်မ လေးတွဲနေပုံကို ရင်ဘတ်ကြားထဲထည့်ရမယ်တဲ့။ ဒါဆိုလည်းပေးပေါ့။ ကိုယ့်ဘာ သာကိုယ်ထည့်မယ်ဆိုတော့ မဟုတ်ဘူး။ သူထည့်ပေးမှ အညံ့ တွေ ပျောက်သွား မှာဆိုပြီး ညီမကိုပြောတယ်။ ညီမလည်း ကြောက်တော့ မျက်နှာ ကနည်း နည်းပျက်သွားတော့ သူက ကြောက်စရာမလိုဘူးတဲ့။ နင်က ငါ မွေးမှ ငါ့မြေး အရွယ်လောက်ရှိတယ် ဆိုပြီးပြောတော့ အေးပေါ့ ဟုတ်ပါတယ်လေဆိုပြီး ငြိမ်ခံ လိုက်ရတယ်။ ပြောရရင်တော့အများကြီးပဲ”လို့ ပြောပါတယ်။

ဒီအကြောင်းတွေကို အခုမှ အင်တာဗျူးတွေဖြေတော့ ဖေဖေက တအားစိတ်ပူနေပါတယ်ဆိုတဲ့ ဒိန်းပိုပိုဒေါင်က …

“ညီမ စဖြစ်တုန်းကတော့ သူငယ်ချင်းပဲ ပြောပြခဲ့တယ်။ အမေ့ ကိုလည်းမပြောရဲဘူး။ အမေက ဗေဒင် တွေဘာတွေလည်း မယုံဘူး ဆိုတော့ ညီမသွားမေးရင် ညီမကို ဆူမှာ စိုးတဲ့ အတွက်မပြောဖြစ်ဘူး။ အခု အဲဒီဗေဒင်ဆရာရဲ့ နာမည်ကထပ်ထွက် လာတော့ ညီမလည်း အင်တာဗျူးတွေဖြေတော့ ဖေဖေကစိတ်ပူပြီးအချိန်တိုင်းဖုန်း တွေဆက်နေတယ်။အဲဒီတော့ ဖေဖေလည်း အလုပ်ထဲမှာ စိတ်မရောက်ဘဲ ဖြစ်နေတယ်”လို့ ပြောပါတယ်။ ကိုယ်တိုင်ခံခဲ့ရတဲ့ ဖြစ်ရပ်အတွက် တရားစွဲ ဆိုမှုတွေ လုပ်သွားဖို့ ရှိလားလို့ မေးမြန်းကြည့်တဲ့အခါမှာတော့ ဒိန်းပိုပိုဒေါင်က “ညီမလည်း မိန်းကလေးတစ်ယောက်ပါ။ ဒီလိုမျိုး မိန်းကလေးတွေ စိတ် မကောင်းဖြစ်စရာတွေ ဖြစ်နေတာကို သဘောမကျဘူး။ ညီမ ၆ ရက်နေ့ စစ်ကိုင်းက ပြန်ရောက်ရင် ညီမရဲ့ရှေ့နေနဲ့ တိုင်ပင်ပြီး ဒီကိစ္စကို ဖြေရှင်းသွား မှာပါ။ သူ့ဘက်က တောင်းပန်တယ်ဆိုရင်တော့ ကျေအေးပေးမှာပါ။ ဒီလိုမျိုး လုပ် တဲ့ သူကိုပြစ်ဒဏ်ပေးစေချင်တယ်။ သူဘက်ကမတောင်းပန်ဘူး။ မကျေအေး ဘူးဆိုရင်တော့ တရားဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071