Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsမောင်အရင်ထိုး' သီချင်းရဲ့ ဆိုလိုရင်းကို...

မောင်အရင်ထိုး’ သီချင်းရဲ့ ဆိုလိုရင်းကို လူငယ် တေးရေးဆရာ ဝေကြီး ရှင်းပြ

ဖြိုးပြည့်စုံနဲ့ Jewel တို့ သီဆို ထားတဲ့’ မောင်အရင်ထိုး’ သီချင်းက မထွက်သေးခင်မှာပဲ ခေါင်းစဉ် ကြောင့် အွန်လိုင်းမှာ ဟော့ဖြစ်ခဲ့ ပါတယ်။ ‘မောင်အရင်ထိုး’ သီချင်းကို ဖန်တီးသူကတော့ လူငယ်တေးရေး ဆရာ ဝေကြီးပဲ ဖြစ်ပါတယ်။ သူနဲ့ ဆုံတွေ့တုန်း သီချင်းခေါင်းစဉ်ဆန်းဆန်းပေးထားတဲ့ ‘ မောင်အရင် ထိုး’ သီချင်းအကြောင်းကို မေးဖြစ်တဲ့ အခါ…

“သီချင်းခေါင်းစဉ်ကြောင့် ပရိသတ်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန် ပါတယ်။ အမှန်တကယ်တော့ ကျွန်တော် အဲဒီသီချင်းလေးကို အခွေအတွက် ရေးဖြစ်တာမဟုတ်သလို ပရိသတ်ကိုချပြမယ်ဆို တဲ့အတွေးနဲ့ ရေးဖြစ်တာ လည်း မဟုတ်ပါဘူး။ သတို့သားကို Supriseလုပ်ချင်တဲ့ အတွက် ရေးဖြစ်တာပါ။ မင်္ဂလာသတို့သားနဲ့ သတို့သမီးမင်္ဂ လာ လက်မှတ် ထိုးတဲ့အကြောင်းလေးကို ကျွန်တော် ရေးထားတာပါ။ မင်္ဂလာ ဆောင်မှာ ၂ယောက်အတူတူဆိုလို့ရအောင်ဆို ပြီးတော့ရေးထားတာပါ။ တစ်ပုဒ်လုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ” လို့ ဝေကြီးကပြောပါတယ်။

အခုနောက်ပိုင်းမှာ နာမည် ကြီးအဆိုတော်တွေရဲ့ အခွေတော် တော်များများမှာ ဝေကြီးရဲ့ လက်ရာ သီချင်းတွေကို တွေ့ရနားဆင်ရမှာဖြစ်ပြီး သီချင်းတော်တော် များများကလည်းပေါက်သီချင်းတွေဖြစ်လို့ နေပါတယ်။ တေးရေးဆရာ အသစ်တစ်ယောက်ဖြစ်နေတဲ့အတွက်အမှားအယွင်းတွေပါခဲ့ရင် ထောက်ပြဝေဖန်ပေးကြပါလို့ဆိုတဲ့ ဝေကြီးကို သူ့ဂီတဘဝအစက အဆိုတော်ဖြိုးပြည့်စုံနဲ့ စခဲ့တယ် လို့ဆိုနိုင်မလားဆိုတဲ့ အမေးကိုလည်း မေးဖြစ်ခဲ့ပါတယ်။ “ကိုဖြိုးက ကျွန်တော့်ရဲ့ ဆရာ လည်းဖြစ်တယ်။ အစ်ကိုလည်းဖြစ် တယ်။

အဲဒီလိုဖြစ်နေတဲ့အတွက် ကြောင့်မို့လို့ ကိုဖြိုးနဲ့ပဲ ကျွန်တော် ဒီလောကကို စတင်ဝင်ရောက်ဖြစ်တယ်။ ပြီးတော့ ကိုဖြိုးနဲ့လှုပ်ရှားဖြစ် တယ်။ သွားလာဖြစ်တယ်။ အလုပ်တွေ အတူတူလုပ်ဖြစ်တယ်။ သီချင်း တစ်ပုဒ် ဆိုရင်သူနဲ့တိုင်ပင်တော့ သီချင်းတွေတော်တော်များများက သူယူတာများတယ်ပေါ့။ သူ့အခွေထဲမှာ တော်တော်များများကို ကျွန်တော် ရေးပေးထားတယ်။ တစ်ပုဒ်ချင်းစီလည်း ထွက်ဖို့ရှိ ပါတယ်” လို့ ဝေကြီးက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071