Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeDhammaထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး...

ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ တော်တော်လေး ပီတိဖြစ်ပြီး ဂုဏ်ယူ တတ်လာတယ် စိုးသူ

တရားဓမ္မတွေကို နာကြားပြီး ဘာသာရေးတွေ အမြဲမပြတ်လုပ် ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် စိုးသူက ပြင်ဦးလွင်မြို့မှာ ရှိတဲ့ ပါမောက္ခချုပ် ဆရာတော်ထံမှာ လည်း အဘိဓမ္မာသင်တန်းကို တက်ရောက်သင်ယူခဲ့ပါတယ်။ အဘိ ဓမ္မာကို သေချာသင်ကြားရတဲ့အခါ မှာတော့ ဘာသာရေးနဲ့ပတ်သက်ပြီး မသိတာတွေ များစွာရှိနေကြောင်း သိလာရတယ်လို့ ဆိုတဲ့ စိုးသူက….

“ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ တော်တော်လေးလည်း ပီတိဖြစ်ပြီး ဂုဏ် ယူတတ်လာတယ်။ အရင်တုန်း က ထိခြင်းငါးပါးနဲ့ ကန်တော့ရတယ် လို့ သိထားတာ နဖူးရဲ့ထိခြင်း၊ လက်ဖျား နှစ်ဖက်ထိခြင်း၊ တံတောင် နှစ် ဘက်ထိခြင်း၊ ဒူးနှစ်ဖက်ထိခြင်း၊ ခြေဖျားနှစ်ဖက်ထိခြင်း၊ အခုတစ် ခေါက် ကျေးဇူးတော်ရှင် ပါမောက္ခ ချုပ်ဆရာတော်ကြီးဆီမှာ သွား ရောက်သင် တော့မှ ထိခြင်း ငါးပါး မဟုတ်ဘူး။ တိခြင်းငါးပါးနဲ့ ကန်တော့ရတယ်တဲ့။ မသိသေးတာ တွေ အများကြီးပဲ။ အဲဒီတော့မှ ဘာသာရေးနဲ့ပတ်သက် ပြီးငါ မသိသေးတာတွေ အများကြီးပဲဆို တာကို အခုမှသိတယ်။ နောက်ပြီး အယူအဆတွေမှာ ကိုယ်က ရေး တေးတေးလေး သိတာကို ပြန်ပြီး မျှဝေတယ်ဆိုရင် နာဦးထက်မှန် ငါသိသလို သိပြီးသားသူတွေလဲ ပြန်ပြီးနာဦးထက်မှန်ဖြစ်ပါစေ။ မသိသေးတဲ့သူတွေလည်း အကျိုးများ ပါစေဆိုတဲ့ စိတ်နဲ့ထားလိုက်ရင် ကုသိုလ်စိတ်ပေါ့။ မဟုတ်ရင် သူတို့မသိဘူး ငါသိတယ်ဆိုတဲ့ စိတ်နဲ့ ဆိုရင် အချိန်လည်း ကုန်သေးတယ်။ လေလည်းကုန်သေးတယ်။ ပြီးတော့ ကိုယ်က အကုသိုလ်ဖြစ်သွားတယ်။ မနှစ်ကမှ ဒါတွေကို ရေးတေးတေးသိ တယ်။ ဘာမှမသိသေးပါလား။

အဲဒါကြောင့် ဆရာတော်ဘုရားကြီးကို ကျေးဇူးတော်ရှင်လို့ခေါ်တယ်။ ဆရာမကြီးတွေ ဆရာတွေကျေးဇူး ကြီးတယ်။ မြတ်စွာဘုရားဆိုရင် ဘယ်လောက်ကြည်ညိုဖို့ ကောင်းလဲ” လို့ ဘာသာရေးကို သေချာစွာ သင်ကြားပေးတဲ့ ဆရာတော်နဲ့ ဆရာ ဆရာမကြီးတွေ ရဲ့ ကျေးဇူးကြီး မား ကြောင်း စိုးသူက ပြောပါတယ်။  အဘိဓမ္မာ သင်ကြားပြီးနောက်မှာ ခံစားရတဲ့စိတ်ခံစားချက်နဲ့ ပတ်သက် ပြီးတော့လည်း စိုးသူက “အရင်တုန်းက အဘိဓမ္မာ ဆို ရင် ဒီစာတွေက တကယ်လေးနက် တယ်။ တကယ်လည်း လေးနက်ပြီး အင်မတန်တန်ဖိုးရှိတယ်။ ဒါပေမဲ့ ဘာတွေလဲမသိဘူးလို့ထင်တာ။ တကယ့်တကယ်တမ်းကျ သတ္တဝါတွေ အကြောင်း၊ လူတွေအကြောင်း ဖြစ်နေတယ်။ နောက်တစ်ခု ဘာ ခံစားရလဲဆိုတော့ အခုအစ်ကို ရေး တေးတေးလေး သိတာကို စကားပြော တယ်။ ဘာနဲ့အလားသဏ္ဌာန်တူ လဲဆိုတော့ စပါးနှံတွေမှာ အဆန်ပြည့် ဝတဲ့ စပါးနှံတွေက  ညွှတ်နေတယ်။ အစ်ကို့လို ဘာမှအဆံမရှိဘဲနဲ့ အခွံပဲ ရှိတဲ့ ဘာမှမသိတဲ့လူက ထောင် ထောင် ထောင်ထောင်ဖြစ်ပြီးစကားတွေပြောနေတယ်။ တကယ်သိတဲ့ လူက မပြောတော့ဘူး” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071