Saturday, September 19, 2026

ပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆)...

နေပြည်တော်၊ စက်တင်ဘာ ၁၈ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆) ကို စက်တင်ဘာ ၁၈ ရက်က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း...

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅...

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့...
HomeCelebrities' Newsတေးရေးဝေကြီးဆီကအဆိုတော်ဖြိုးပြည့်စုံ ပြန်ပြီး အတုယူနေရတဲ့...

တေးရေးဝေကြီးဆီကအဆိုတော်ဖြိုးပြည့်စုံ ပြန်ပြီး အတုယူနေရတဲ့ အချက်က ဘာလဲ

ဝေကြီးဆိုတာက လက်ရှိ Current မှာ Hit ဖြစ်နေတဲ့ တေးရေးဆရာတစ်ယောက်။ လက်ရှိထွက်ထားတဲ့ တေးစီးရီး တိုင်းလိုလိုမှာ ဝေကြီးရဲ့ တေးသီချင်းအနုပညာ လက်ရာတစ်ပုဒ်လောက်ပါပြီးသား။ ဝေကြီးမှ သီချင်း မရေးပေးရင် အဲဒီအခွေမပေါက်တော့လောက်အောင် နာမည်လည်းကြီး၊ ထူးလည်း ထူးချွန်တဲ့ တေးရေးဝေကြီးရဲ့ ဂီတခရီးလမ်းအစပိုင်းမှာ လက်တွဲခဲ့သူက အဆိုတော်ဖြိုးပြည့်စုံပါ။ ဖြိုးပြည့်စုံက သူ့ဆရာပါလို့ အင်တာဗျူးတစ်ခုမှာလည်း ဝေကြီးက ဖြေထားဖူးပါတယ်။ ဒါကြောင့် ဝေကြီးနဲ့ပတ်သက်လို့ ရင်းနှီး တဲ့ ညီအစ်ကို၊ သူငယ်ချင်း၊ စီနီယာတစ်ယောက်ဖြစ်တဲ့ ဖြိုးပြည့်စုံကို တေးရေးဝေကြီးအကြောင်း မေးဖြစ်တဲ့အခါ …

“ဝေကြီးရဲ့ အဓိကအားသာချက်က ဝမ်းစာပြည့်တာပေါ့နော်။ များသောအားဖြင့် လူငယ်တွေက ကြိုးစားချင်စိတ်ကတော့ ရှိကြတာပဲ။ သူသူကိုယ်ကိုယ်လေ။ ဒါပေမဲ့ ကိုယ် ဖြည့်တင်းရမယ့် ဝမ်းစာလိုအပ်နေတာပေါ့။ ဖြစ်ချင်တာပဲ သိတယ်။ ကိုယ့်မှာရှိတာကို မသိတာမျိုးတွေ များတယ်။ ဝေကြီးကတော့ သူဖြစ်လည်း ဖြစ်ချင်တယ်။ သူ့မှာရှိတဲ့ ဝမ်းစာကိုလည်း သိတယ်။ နောက်တစ်ခုက ကျွန်တော်တို့တွေ အောင်မြင်လာပြီဆိုရင်လေ အပျော်အပါးတွေများလာတယ်။ ကိုယ်ကိုယ်တိုင်က အစပါ။ ပျက်စီးချင်လာတာပေါ့နော်။

ဥပမာ- အလုပ်ကို အာရုံစိုက်ပြီး တိတိကျကျ မလုပ်ချင်ဘူး။ ဘော်ဒါတွေနဲ့ကဲချင်တယ်။ Night Out တွေထွက်ချင်တယ်။ အလုပ်လုပ်ရမှာနဲ့ အပျော်သွားရမှာဆိုရင် အပျော်ကိုပဲ ဦးစားပေးချင်တယ်။ ဝေကြီးမှာ အဲဒီလိုမျိုးလုံးဝမရှိဘူး။ တည်ငြိမ်တဲ့မိသားစုလေးနဲ့ အတူတူ သူက အလုပ်ကို ကြိုးစားတယ်။ ပြီးတော့ အရက်သေစာ သောက်စားတာတွေ၊ လောင်းကစား လုပ်တာတွေ၊ တခြား သူ့ကို ဂုဏ်ဒြပ်ကျစေမယ့်အရာတွေကို အဝေးမှာပဲ ထားတယ်။ အဲဒီအချက်တွေ က အစ်ကိုတို့ကိုယ်တိုင် ပြန်ပြီး အတုယူနေရတဲ့ အချက်တွေပေါ့။ ဒီအချက်တွေကြောင့်လည်း အောင်မြင် လာတယ်။ နောင်လည်း အောင်မြင်လိမ့်ဦးမယ်လို့ ယုံကြည်ပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071