နေပြည်တော်၊ စက်တင်ဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆) ကို စက်တင်ဘာ ၁၈ ရက်က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
