Tuesday, September 15, 2026

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

​အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch)...

AI ကို ထိန်းချုပ်ဖို့အတွက် IQ...

​AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို့ ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI...

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊...

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်းသပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို...
HomeEntertainmentBusinessဆောက်လုပ်ရေး လုပ်ငန်းက အရှုံး...

ဆောက်လုပ်ရေး လုပ်ငန်းက အရှုံး ပေါ်တဲ့အတွက် မလုပ်ဖြစ်တော့ဘူး မေသန်းနု

ထပ်ဆင့်အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင် မေသန်းနုက အခုလတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှုများအနေနဲ့ ရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ ‘၂၅ %’ ရုပ်ရှင်ဇာတ် ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထပ်လည်း ဒါရိုက်တာ အေးစိုးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူက ကလေး ၃ယောက်အမေ နေရာကပါဝင်သရုပ်ဆောင်ရမှာပါ။ အခုချိန်မှာ သူတို့အနေနဲ့ကတော့ အမေခန်းတွေသာ အရိုက် များနေပြီး ဇာတ်ရွေးချယ်ခွင့်တွေလည်း မရှိတော့ဘူးလို့ မေသန်းနုက ပြောပါတယ်။ ဒီအပေါ်မှာ မေသန်းနုက…

“ခံစားမှုကတော့ အထွေအထူးမရှိပါဘူး။ အခုဒီအခြေအနေမှာ သိပ်လည်း ရွေးချယ်ခွင့် မရှိတော့ ကိုယ့်ဆီလာတဲ့ ဇာတ်ရုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးပေး သွားရမှာပေါ့နော်။ကိုယ်ပါဝင်တဲ့ ဇာတ်ကားဘယ်လိုအကောင်းဆုံး ဖြစ်အောင် လုပ်ပေးသွားနိုင်မလဲဆို တာကိုပဲ ဦးစား ပေးသွားတာ” လို့ ပြောပြပါတယ်။ ဒီအချိန်မှာ သူရိုက်ကူးချင်ဆုံး ဇာတ်ကောင်စရိုက်နဲ့ ဇာတ်လမ်းပုံစံကို တော့ မေသန်းနုက…

“မဆင့်ကတော့ ဒရာမာ ဇာတ်ကားတွေရိုက်ကူးချင်တယ်။ ကိုယ့်အတွက် အနုပညာကျန်ရစ်မယ့် ဇာတ်ကားတွေကိုတော့ ပိုပြီးမျှော်လင့်ရတာပေါ့။ ‘ထာဝရ အမေ’လို ဇာတ်ကားမျိုးပေါ့။ ဒီလိုဇာတ်ကား ကတအားရှားတယ်လေ။ အဲဒီလိုဇာတ်ကားမျိုးတွေ မျှော်လင့်တာပါ”လို့ ပြောပြပါတယ်။ ‘ထာဝရ အမေ’ ရုပ်ရှင်ဇာတ်ကားက မြန်မာနိုင်ငံ မှာတင် အောင်မြင်မှုရရှိတာမဟုတ် ဘဲ ပြည်ပနိုင်ငံတွေမှာ သွားရောက် ပြသတဲ့အခါမှာလည်းကြည့်ရှုတဲ့ ပရိသတ်တိုင်းက ကြိုက်နှစ်သက်တဲ့ အတွက် ဝမ်းသာပျော်ရွှင်ရကြောင်း မေသန်းနုက ပြောပြပါတယ်။ မေသန်းနုက အနုပညာ အလုပ် တစ်ဖက်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ကိုလည်း လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။ သူလုပ်ခဲ့တဲ့စီးပွားရေးလုပ်ငန်း ကတော့ ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်ပြီး အခုအချိန်မှာတော့ ဒီလုပ်ငန်းကို မလုပ်ကိုင်တော့ဘူးလို့ ပြောပါတယ်။ဒီလုပ်ငန်းကို ဘာကြောင့် ရပ်ဆိုင်းပစ်လိုက်ရသလဲဆိုတဲ့ မေးမြန်းမှုအပေါ်ပြန်ပြောရာ မှာတော့…

“မဆင့်လောဘတကြီးနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်လိုက်တဲ့အခါမှာ အများကြီး အရှုံး ပေါ်တယ်။ လူတွေအများကြီး၊ ပွဲစားတွေအများကြီးနဲ့ ဆက်ဆံရတဲ့အခါ ကျတော့ ကိုယ့်အတွက် နစ်နာမှု တွေအများကြီးပဲ။ ငွေရေးကြေးရေး ရော၊ သိက္ခာတွေရော ရင်းရတာ ။ အခုတော့ ဒီအလုပ်ကိုမလုပ်တော့ပါဘူး။ ကိုယ်နဲ့လည်း မအပ်စပ်တော့လေ။အခြားအလုပ် တစ်ခုတော့ လုပ်ဖို့စဉ်းစားတယ်။သေချာရင်ပြောပါ့မယ်” လို့ မေသန်းနုကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071